Saturday, August 25, 2012

ဧရာဝတီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အဖွဲ့ကွဲ ပြဿနာ ဖြစ်ဟုဆို

ဧရာဝတီတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အတွင်း အုပ်စုဖွဲ့၊ ဂိုဏ်းဂဏ အစွဲ များကြောင့် ပြသနာများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းပါတီဝင်များက The Voice Weekly သို့ ပြောကြားသည်။

ယင်းကဲ့သို့ ပြဿနာဖြစ်ရခြင်းနှင့် ပတ်သက်၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးတွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်မည် ဖြစ်သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီတိုင်း ဒေသကြီး အတွင်း တိုင်းခရိုင် ကော်မရှင်များကို ပြန်လည် စိစစ်ပေးရန်နှင့် လက်ရှိ တိုင်းဒေသကြီးအဆင့် တာဝန် ယူထားသူများက အုပ်စုဖွဲ့ ချုပ်ကိုင်ရန် ကြိုးစား နေမှုများကို သက်သေ အထောက်အထားဖြင့် ရှင်းလင်းရန် ဖြစ်ကြောင်း ပုသိမ် NLD အဖွဲ့ဝင် ဒေါက်တာ သန်းထိုက်က The Voice Weekly သို့ ပြောကြားသည်။

“နေရာ လုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံတွေ ပါတီထဲမှာ လွဲသွားမှာစိုးလို့ လုပ်ရတာပါ ဟု ၄င်းက ရှင်းပြသည်။

ယင်းကိစ္စရပ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်မည်ကို The Voice Weekly က ဆက်သွယ် မေးမြန်းသော်လည်း ပါတီ၏ လပတ် အစည်းအဝေးနှင့် တိုက်ဆိုင် နေသောကြောင့် ဖြေကြားနိုင်သူနှင့် ပြောကြားခွင့် မရခဲ့ပေ။

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြောင်းမြ ၊ ပုသိမ် ၊ ဟသာင်္တ ၊ဓနုဖြူ နှင့် မအူပင်တို့တွင်လည်း ယင်းသို့သော ကိစ္စရပ်များ ဖြစ်ပွားလျက်ရှိသည့် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် လည်း အုပ်စုဖွဲ့ ၊ ဂိုဏ်းဂဏစွဲ ပြဿနာများ ဖြစ်ပေါ်လျက် ရှိကြောင်း ယင်းပါတီ အသိုင်းအ၀ိုင်းမှ စုံစမ်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြ မြို့နယ်နှင့် တနသာင်္ရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ်တို့တွင် ပါတီဝင်များက ဆန္ဒ ထုတ်ဖော်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။

Ref:The Voice