Showing posts with label နည်းပညာဆိုင်ရာသတင်းများ. Show all posts
Showing posts with label နည်းပညာဆိုင်ရာသတင်းများ. Show all posts
Thursday, August 30, 2012
ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် IFA လူသုံးကုန်အီလက်ထရွန်နစ်ထုတ်ကုန်ပြပွဲတွင် Samsung ကုမ္ပဏီက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် လူစိတ်ဝင်စားမှုအများဆုံး အီလက်ထရွန်နစ်ပစ္စည်းများအကြောင်း ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ခြင်း
ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် IFA လူသုံးကုန်အီလက်ထရွန်နစ်ထုတ်ကုန်ပြပွဲတွင် Samsung ကုမ္ပဏီက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် လူစိတ်ဝင်စားမှုအများဆုံး အီလက်ထရွန်နစ်ပစ္စည်းများအကြောင်း ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ Android Jelly Bean နှင့် အရွယ်အစားကြီးမားသည့် screen ပါဝင်သည့် Galaxy Note II Phablet ကို Samsung ပွဲထုတ်မိတ်ဆက်   Galaxy Note II တွင် ၅.၅ လက်မ HD Super AMOLED screen ကိုအသုံးပြုထားပြီး ဘက်ထရီမှာလည်း...
Tuesday, August 28, 2012
Adroid Application တွေကို ဖုန်းကတစ်ဆင့် ခပ်လွယ်လွယ် Download လုပ်မယ်
Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ
ဒီသတင်းကို GSMArena မှ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းကတော့ Samsung Galaxy S ကင်မရာ ထုတ်လုပ်ဖြန့်ချိမယ်ဆိုတာပဲ ဖြစ်ပါတယ်။ Rumor အဆင့်ပဲ ရှိသေးသာဆိုတယ်။ ပါဝင်တဲ့ Specification ကိုတောင် အတိအကျ ဖော်ပြထားကြပါတယ်။ Android 4.0 ခေါ်တဲ့ Ice Cream Sandwich ကိုအသုံးပြုပြီး 16 Megapixel အထိ sensor အားကောင်း တယ်လို့ ဆိုပါတယ်။ စာရင်းအရဆိုရင် OS : Android 4.0 (Ice Cream Sandwich) Screen (ဖန်သားမျက်နှာပြင်) : ၃လက်မ Optical Zoom : ၁၀ဆ Thickness (အထူ) : 16...
Monday, August 27, 2012
ဆက်သွယ်ရေးလုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်တော့မည်
ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ထိုသို့ပြောင်းလဲဖွဲ့စည်းခြင်းနှင့်အတူ မြန်မာတယ်လီကွန်းကုမ္ပဏီကိုပါ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာတယ်လီကွန်းကုမ္ပဏီအား ဆက်သွယ်ရေးကော်ပိုရေးရှင်းမှ နိုင်ငံတကာရန်ပုံငွေနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေနှင့်အထောက်အပံ့များ၊ နည်းပညာများ ဆက်သွယ်ရယူလျက် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ကြောင်း...
မိုးဘိုင်းတာဝါတိုင်မှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်မှာ ကျန်းမာရေး ထိခိုက်စေသည်ဟု လူထုက ယူဆသည့်အတွက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါများ တိုးချဲ့ရန် အခက်တွေ့
မိုဘိုင်း တာဝါတိုင်များမှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်သည် ကျန်းမာရေးကို ထိခိုက်သည်ဟု လူထုအနေဖြင့် ယူဆလာသည့်နောက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါတိုင်များ ဆက်လက်တိုးချဲ့တပ်ဆင်ရန် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် အခက်တွေ့လာခဲ့သည်ဟု အဆိုပါလုပ်ငန်းဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။ ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ တာဝါတိုင်ပြန်ဖြုတ်ခိုင်းတာမျိုးများလည်း ရှိကြောင်း ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းကွန်ရက်များ ချဲ့ထွင်ရန် စက်ပစ္စည်း အလုံအလောက်ကို လက်ဝယ်၌ ပိုင်ဆိုင်ထားရှိသော်လည်း မြေနေရာ အခက်အခဲကြောင့် တာဝါတိုင်များ တိုးချဲ့တပ်ဆင်ရန်...
Sunday, August 26, 2012
Samsungက Appleထံမှ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် Samsungက အယူခံဝင်မည်
စမတ်ဖုန်းများနှင့် Tabletကွန်ပျူတာများ ထုတ်လုပ်ရောင်းချမှုတွင် Samsungက Appleထံမှ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် Samsungက အယူခံဝင်မည် ဖြစ်သည်။ ကယ်လီဖိုးနီးယားရှိ ဆန်းဂျို့စ် တရားရုံးက နည်းပညာ ဘီလူးကြီးများဖြစ်သော ကုမ္ပဏီနှစ်ခု၏ အားပြိုင်ပွဲတွင် Appleကို အနိုင်ပေးခဲ့ပြီး တောင်ကိုရီးယား ကုမ္ပဏီအား ဒေါ်လာ (၁.၀၅)ဘီလျံ လျော်ကြေးပေးရန် သောကြာနေ့က စီရင်ချက် ချခဲ့သည်။ ယခုအခါ Samsungက တရားရုံး ဆုံးဖြတ်ချက်ကို...
iPad အသေးစား (iPad mini) စက်တင်ဘာလတွင် ဖြန့်ချိမည်
iPad mini ကို စက်တင်ဘာလမှာ ဖြန့်ချိမယ်လို့ အမေရိကန် အခြေဆိုက် Wall Street ဂျာနယ် ရဲ့  Blog မှာ ကြေညာခဲ့ပါတယ်။ iPhone 5 နဲ့ အတူတူထွက်ရှိမယ်လို့ ထင်ထားကြပေမယ့် သီးခြား ထွက်ရှိ မှာ ဖြစ်တယ်လို့ Wall Street ဂျာနယ်မှ ဆိုထားပါတယ်။ Screen အကျယ် ၇ လက်မရှိပြီး iPod အကြီးစားလို့ တင်စားခေါ်ဝေါ်နေတယ့် iPad mini မှာ ဘယ်လို Specification တွေပါမယ်ဆိုတာကတော့ တရားဝင် မကြေညာ သေးပါဘူး။ သို့ပေမယ့် ခရစ်စမတ် အမှီ စက်တင်ဘာလမှ ထွက်ရှိမယ်ဆိုတာကိုတော့ Wall Street တင်မဟုတ်ပဲ...
Saturday, August 25, 2012
iPay ကတ် သုံးစွဲသူ နှစ်သောင်းခွဲကျော်ရှိ
ရန်ကုန်မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ရေပန်းစား လာသည့် iPay Card ကို ၂၀၁၁ ဧပြီလမှ စ၍ ယခု သြဂုတ်လအထိ သုံးစွဲသူ အရေအတွက် နှစ်သောင်းခွဲကျော် ထိရှိကြောင်း iPay Card စီမံကိန်း မန်နေဂျာ ဦးအောင်ကျော်က ပြောကြားသည်။ခရီးသည် တင်ယာဉ်များမှာ အသုံးပြုမှု အနေနှင့် စုစုပေါင်း iPay Card အရေအတွက် တစ်သောင်း ရှစ်ထောင်ကျော် ရောင်းချခဲ့ပြီး iPay Card စနစ် အသုံးပြုမှုကို အဓိပတိ အပြာ ၆၃ စီး၊ အဓိပတိ အနီ ၄၈ စီး၊ မထသ ယာဉ်လိုင်း ဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း ခရိုင် ယာဉ်လိုင်းမှာ ၃၆ စီး၊ ရွှေအင်းဝ ၁၉၇ ယာဉ်လိုင်း ၆ စီး စသည်တို့တွင် တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင်း ၄င်းက...
နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးများတွင် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိ၊ အနာဂတ်ပို့ဆောင်ရေး အစီအမံများချမှတ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည်
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကုန်းလမ်းအခြေခံ အဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာ ရေးဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ အသုံးချရေး အလုပ်ရုံ ဆွေးနွေးပွဲ (Transport Technology Seminar) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ဒေသတွင်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းနှင့် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေး၊ ဘေးကင်းလုံခြုံရေး၊ ပတ်ဝန်းကျင်ရေးရာနှင့် အခြေခံ အဆောက် အအုံဟူ၍ မူဝါဒပိုင်းဆိုင်ရာပင်မ...
ကိုရီးယား ရေကြောင်းပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ဘွဲ့သင်တန်း သစ်များလာမည့် ပညာသင်နှစ်တွင် ပူးပေါင်း ဖွင့်လှစ် ရန်ရှိ
မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ ကိုရီးယား ရေကြောင်း ပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဘွဲ့သင်တန်း ပေးအပ်မယ့် သင်တန်း တွေကို လာမယ့် ပညာသင်နှစ်က စတင်ကာ ပူးပေါင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ဖွင့်လှစ်တဲ့ အခါ သင်ကြား ပေးမယ့် ဘာသာရပ်မှာ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ်နဲ့ ရေကြောင်း သိပ္ပံပညာရပ် နှစ်ခုအတွက် ဖွင့်လှစ်မှာ...
အိမ်ကွင်းအဝေးကွင်း ကစားခဲ့ရတဲ့ Apple နှင့် Samsung မူပိုင်ခွင့် တိုက်ပွဲ အဆုံးသတ်
အမေရိကန်တွင် Apple တို့အနိုင်ရ၊ ကိုရီးယားတွင် Samsung တို့အနိုင်ရခဲ့တဲ့ နှစ်လရှည်ကြာ မူပိုင်ခွင့် တိုက်ပွဲ အဆုံးသတ်သွားပြီဖြစ်ပါတယ်။  ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက တရားရုံးဆုံးဖြတ်ချက်ကတော့ Apple ရဲ့  မူပိုင်ခွင့် နည်းပညာ ၆ခုကို Samsung မှကူးချတယ် ဆိုခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် အမေရိကန် ဒေါ်လာ ၁ ဘီလျံလျော်ကြေးပေး ဖို့ တရားရုံးမှ ဆုံးဖြတ်လိုက်ပါတယ်။ တရားစီစစ်ရေးအဖွဲ့ဝင် ၉ဦးလုံးမှ အတည်ပြုပေးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊...
Developer Conference 2012-Yangonကို စက်တင်ဘာ လလယ်တွင် ကျင်းပမည်
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူးပြီး Developer Conference 2012-Yangon ကို စက်တင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မြန်မာ အင်ဖိုတက်ခ်မှာ ပြုလုပ် သွားမယ်လို့ အဆိုပါပွဲ ကျင်းပမှုနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၃ ရက်နေ့ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ ရှင်းလင်းပွဲမှာ ပြောကြားချက်အရ ကွန်ဖရန့်စ်ကို တက်ရောက် လိုသူတွေဟာ သြဂုတ်လ ၂၂ ရက်နေ့က စတင်ကာ ငွေကျပ် ငါးထောင် ပေးသွင်းပြီး စာရင်းပေး နိုင်တာ ဖြစ်ပါတယ်။ ဒီလို စာရင်း ပေးသွင်းမှုကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း ရုံးခန်းမှာ စာရင်းသွင်း နိုင်သလို အွန်လိုင်း ကလည်း စာရင်းပေးသွင်း...
စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရ
စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။     MPU ကဒ်များကို အသုံးပြုကာ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်ခြင်း၊ MPU ကဒ် လက်ခံသော ဆိုင်များတွင် ဈေးဝယ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ် (AGD)က သိရှိရသည်။ “အရင်က ဘဏ်တွေမှ ထုတ်ပေးထားတယ်၊ ATM ကဒ်တွေနဲ့ ယခု MPU ကတ်တွေကိုတော့ဘဏ်တွေမှ သူတို့အစီအစဉ်  နဲ့   လဲလှယ်ပေးမှာ ဖြစ်တယ်” ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်...
ပထမဦးဆုံး BarCamp အဖြစ် BarCamp Pyay 2012 ကို အ.ထ.က (၁) ပြည်တွင် စတင်ကျင်းပ
  ပြည်မြို့၏ ပထမဦးဆုံး BarCamp အဖြစ် BarCamp Pyay 2012 ကို အ.ထ.က (၁) ပြည်တွင် စတင်ကျင်းပလျှက်ရှိသည်။ အခြား BarCamp ပွဲများထက် ထူးခြားချက်အဖြစ် Organic စိုက်ပျိုးရေး၊ သရေခေတ္တရာမြို့ဟောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးအသိပညာဝေမျှ လျှက်ရှိပြီး ယခု BarCamp သို့ ဒေသခံ BarCamper များအပြင် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများမှ BarCamper ၁၀ ဦးကျော်ခန့် တက်ရောက်ကာ အသိပညာဝမျှလျှက်ရှိသည်။ သတင်း-Internet Journal ဓာတ်ပုံ-CJ...
Wednesday, August 22, 2012
မန္တလေးမြို့တွင် MMUG Tea Shop Forum တစ်ခုပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိ
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် သုံးစွဲသူအများဆုံးဖြစ်သည့် မိုဘိုင်းWebsite (Myanmar Mobile App Website) ၏ Myanmar Mobile Users Group ရဲ့ member များအချင်းချင်း ရင်းနှီးစေရန်နှင့် မိုဘိုင်းနည်းပညာဆိုင်ရာမျှ ဝေမှုများပြုလုပ်ရန်အတွက် ၂.၉.၂၀၁၂ ရက်နေ့တွင်မန္တလေးမြို့တွင် MMUG Tea Shop Forum တစ်ခုပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ အဆိုပါ Tea Shop Forum တွင် -iOS နှင့်ပတ်သက်၍ဆွေးနွေးကြခြင်း ၊ iOS application များမျှဝေခြင်း -Android OS ဆိုင်ရာများဆွေးနွေးကြခြင်း ...
Tuesday, August 21, 2012
Apple Inc.၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့
Apple Inc. ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ Apple သည် ဈေးကွက်တန်ဖိုး ၆၂၃ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာခဲ့သည်။ Apple ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ၆၆၅ ဒသမ ၁၅ ဒေါ်လာဖြစ်သည်။ Apple ၏ ထုတ်ကုန်သစ်များဖြစ်သော iPhone 5, iPad Mini တို့ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်မိတ်ဆက်မည့် သတင်းများကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများက...
မကြာမီ ထွက်ရှိတော့မည့် Samsung Galaxy Note 2
၂၀၁၁ အောက်တိုဘာလက Samsung Galaxy Note ဖြန့်ချိပြီးနောက် နောက်ထပ် Galaxy Note မျိုးဆက် မကြာမီ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အနီးဆုံးကတော့ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ Galaxy Note 2 ကို တစ်ပါတည်း မိတ်ဆက်ဖို့ မျော်လင့်ထား ကြပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Note ကို Samsung Galaxy Note 2 ဖြစ်ပါ တယ်လို့ နိုင်ငံတကာ နည်းပညာ ဝဘ်ဆိုဒ်တွေ မှာ ဖော်ပြနေကြ ပါတယ်။ rumour အနေနဲ့ ထွက်ရှိလာတဲ့ ယင်း ဓာတ်ပုံထဲက Galaxy Note ကို တကယ်အစစ်ပါလို့ ယုံကြည်နေသူများ...