Showing posts with label မှုခင်းသတင်းများ. Show all posts
Showing posts with label မှုခင်းသတင်းများ. Show all posts

Saturday, March 16, 2013

အမျိုးသမီး ၁ ဦး ရထားတိုက်မိ သေဆုံး

နေပြည်တော်၊ မတ် ၁၆၁၅-၃-၂၀၁၃ရက်နေ့ ၀၇၂၅ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာတော်ဘူတာနှင့် ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်(၂၂၆/၁-၂)ကြားတွင် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် ရထားသည် ရထားလမ်းဖြတ်ကူးသူအမျိုးသမီး ၁ ဦးအား ရထားစက်ခေါင်းဖြင့်တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် ရထားလုံခြုံရေးလိုက်ပါလာသော ပြည်ရထားရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ရထားတိုက်ခံရသူမှာ အသက်(၇၅)နှစ်ခန့် အမျိုးသမီး ၁ ဦးဖြစ်ပြီး ရထားတိုက်မိမှုကြောင့် ၀ဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့...

Saturday, February 23, 2013

မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု

မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု --------------------------------------------------------------------------------------- ၂၀ရက် ၊ ၂လ ၊ ၂၀၁၃ ရက်နေ့တွင် ရန်ကုန်မှကွင်းကောက်သို့ ခရီးသည်များတင်ဆောင်သွားသည့်မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ သည် ဟသာင်္တ နှင့် တလုတ်ထော်ကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့် လမ်းဘေးသို့ထိုးကျပက်လက်လန် တိမ်းမှောက်ခဲ့ပါ၍ ခရီးသည် (၁၇) ဦးဒါဏ်ရာရခဲ့ပါသည်။ မကြာသေးခင်ကာကလည်း...

Friday, February 22, 2013

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄နာရီ ၄၅မိနစ်အချိန်က မန္တလေးမှ တောင်ကြီးမြို့သို့ ခရီးသည် ၂၅ ဦးလိုက်ပါလာသော ရန်ကြီးအောင်ခရီးသည်တင်ယာဉ်အမှတ် ၂ ဃ /------သည် ဟဲဟိုး-အောင်ပန်းပြည်ထောင်စုလမ်းမကြီး သီခေါင်တောင်အဆင်းမိုင်တိုင်အမှတ် (၈၇/၄)နှင့် (၈၇/၅)အကြားတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ အကွာခန့်ရှိချောက်တွင်းသို့ ထိုးကျသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ သေဆုံးမှုမဖြစ်ခဲ့သော်လည်း ယာဉ်မောင်းနှင့်နောက်လိုက် အပါအ၀င် ခရီးသည် ၂၅ဦးအနက်...

Tuesday, August 28, 2012

ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား

ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု...

Saturday, August 25, 2012

မန္တလေးမြို့တွင် ကားပစ္စည်းခိုးယူသူများအား သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြင်းလုံးဝမရှိ

 မန္တလေးမြို့တွင် ကားပစ္စည်းခိုးယူသူများ များပြားလျှက်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာ မရှိကြောင်းသိရသည်။ ကားပစ္စည်းခိုးယူသူများမှာ ကား Back မှန်၊ကားဘီး alloy အဖုံး၊ကားတံဆိပ် စသည်တို့ကို အများဆုံးခိုးယူနေကြောင်းသိရသည်။ ကားပစ္စည်းသူခိုးများမှာ မြို့တွင်း လှည့်လည်ခိုးယူပြီးနောက် မန္တလေးမြို့ ၂၅×၈၁ အနီးအနားတွင် အုပ်စုဖွဲ့ ပြန်လည်ရောင်းချနေကြောင်းသိရသည်။ ကားပစ္စည်းအခိုးခံရသူ ကားပိုင်ရှင်တို့မှာ ကားပစ္စည်းဆိုင်များတွင်...

လတ်တလောပေါ်ပေါက်နေသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဥပဒေဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်းသိရ

ဖိတ်ကြားလွှာ (၂၅-၈-၂၀၁၂) ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးများ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ ဆွေးနွေးမည့် နေရာ -- Orchid Hotel ဆွေးနွေးမည့် အချိန် -- ညနေ (၃) နာရီတိတိ ဆွေးနွေးမည့် နေ့ရက် -- ၂၅-၈-၂၀၁၂ (စနေနေ့) ဆွေးနွေးမည့်သူများ ၁။ ဦးကျော်ဇေယျ (တရားလွှတ်တော်ရှေ့နေ) ၂။ ဦးကျော်စိန် (တရားလွှတ်တော် ရှေ့နေ) ၃။ ဦးဗိုလ်မင်းဖြူ(တရားလွှတ်တော် ရှေ့နေ) ၄။ ဦးသန်းစိုး(ထွန်း) (တရားလွှတ်တော် ရှေ့နေ) ၅။ ဦးလှစိန် (ခ) ဦးရီစိန် (တရားလွှတ်တော် ရှေ့...

Friday, August 24, 2012

လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၄မီးရထား တိုက်မိ၍ မတော်တဆ လူသေဆုံးမှုများ ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ် အင်းစိန်ဘူတာ၌ ဆဒ္ဒန် ( ၅ ) အမည်ရှိ လှော်ကား- အင်းစိန် လော်ကယ် ရထား တစ်စီး ဝင်ရောက်လာစဉ် ရထားလမ်း ဖြတ်ကူးခဲ့သူ တစ်ဦး ပွဲချင်းပြီး သေဆုံးမှု သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း အင်းစိန် ဘူတာရုံပိုင်က ပြောကြားသည်။သေဆုံးသွားသူမှာ အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ရထား ဝင်လာစဉ် ရုတ်တရက် ဖြတ်ကူးလိုက်သဖြင့် တိုက်မိခြင်း ဖြစ်ကြောင်း မျက်မြင် ခရီးသည်တစ်ဦးက ဆိုသည်။ယင်းအပြင် ကြည့်မြင်တိုင် ဘူတာလည်း...

မန္တလေးမိုးကုတ်လမ်းပေါ် မရှိခဏတောင်အနီး နှောပင်မောင်နှမ နတ်ကွန်းအနီး ဆိုင်ကယ်နှင့် မတ္တရာမြို့မှ အုတ်ကားတစ်စီးတို့တိုက်မိ

မန္တလေး သြဂုတ်(၂၄)ပုသိမ်ကြီးမြို့နယ်အတွင်း မန္တလေးမိုးကုတ်လမ်းပေါ် မရှိခဏတောင်အနီး နှောပင်မောင်နှမ နတ်ကွန်းအနီး ဆိုင်ကယ်နှင့် မတ္တရာမြို့မှ အုတ်ကားတစ်စီးတို့တိုက်မိရာ ဆိုင်ကယ်စီးသူမှာပေါင်ကျိုးသွားပြီး ဆေးရုံသို့အရေးပေါ်တင်ပို့လိုက်ရကြောင်းသတင်းရရှိသည်။သတင်းနှင့်ဓာတ်ပုံ-CJ Myanmar...

မြစ်မခမှ ထပ်မံရရှိသော မန်း ကြေးကုန်သည် အလုပ်ရှင် အသတ်ခံရမှုသတင်း

မြစ်မခမှ ထပ်မံရရှိသော မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှု နောက်ဆက်တွဲသတင်းများ ၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည ( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်းရပ်ကွက်တွင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၀)ရဲစခန်မှ တာဝန်မှူးကအတည်ပြုပြောကြားသည်။ သေဆုံးသူမှာ အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဦးတင်မောင်မြင့်ဖြစ်ပြီးဇနီးဖြစ်သူဒေါ်ဌေးဌေးဝင်း ကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊၀ဲလက်မောင်း ပျက်ရှဒဏ်ရာတစ်ချက်နှင့်...

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှုဖြစ်ပွားခဲ့

အခင်းဖြစ်ပွားသော နေအိမ် အသတ်ခံရသူ၏ ရုပ်ကလာပ်ထည့်ထားသော အခေါင်း အခင်းဖြစ်ပွားသော နေအိမ် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ ယမန်နေ့(၂၃.၈.၂၀၁၂)ည (၁၀)နာရီခွဲဝန်းကျင်က လူယုံဖြစ်သူ တပည့် မောင်တိ(မှတ်ပုံတင်အမည်မသိရသေး) က ကြေးကုန်သည်  အလုပ်ရှင် ဦးတင်မောင်မြင့် နှင့် ဇနီး (သားတစ်ဦး)(သမီးတစ်ဦး)...

Wednesday, August 22, 2012

အမှုစစ်ဆေးနေစဉ်အတွင်း စစစ ရုံးပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ အမှုအား သေမှုသေခင်းအဖြစ် သက်ဆိုင်ရာတရားရုံးမှ အမှုပိတ်၊ အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစားအမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား အာမခံရရှိရန် ကြိုးပမ်း

အမှုစစ်ဆေးနေစဉ်အတွင်း သေဆုံးသွားခဲ့သည့် မနန်းဝိုးဖန်၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထောက်များကို Mr.Namase Motohiko မှ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံရှင်းလင်းခဲ့စဉ် ၂၀၁၂ ခုနှစ် မတ်လအတွင်းက အမှုစစ်ဆေးနေစဉ်အတွင်း အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မနန်းဝိုးဖန်၏ အမှုအား သက်ဆိုင်ရာ တရားရုံးမှ သေမှုသေခင်းအဖြစ် ဇွန်လအတွင်းက ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ထို့အပြင် အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစား အမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး...