ဒေါက်တာအောင်သန်း (ရွှေဘိုမဲဆန္ဒနယ်)က “နိုင်ငံ့ဝန်ထမ်းဆရာဝန်များ နှင့်
ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ
တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို
မေးမြန်းရာတွင်
လွန်ခဲ့သော နှစ်များစွာမှ ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များသ ည် တိကျသော သတ်မှတ်ချက်မူများနှင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့သောကြောင့် နိုင်ငံ့ဝန်ထမ်း ထမ်းဆောင်ခြင်းအပေါ် စိတ်သောကနှင့်
မရေရာသောလမ်းပေါ် လျှောက်နေရသလို ခံစားနေရတာကို တွေ့မြင်ရပြီး
မိမိကိုယ်တိုင်လည်း ဝန်ထမ်းဘဝကိုဖြတ်သန်း လာခဲ့ရခြင်း အတွေ့အကြုံများကို
အခြေခံပြီး ယခုအချိန်တွင် ပြုပြင် ပြောင်းလဲသင့်ပြီဟု ယူဆပါကြောင်း၊
နိုင်ငံ့ဝန်ထမ်း ဆရာဝန်များဟာ အလုပ်စတင် ဝင်ရောက်စဉ်ကပင် မည်သည့်ဒေသမဆို
သွားရောက်တာဝန် ထမ်းဆောင်ပါမည်ဆိုသော ဝန်ခံကတိလက်မှတ်
ရေးထိုးကြရပြီး ထိုအတိုင်းပင် ဝေးလံသော ဒေသများသို့သွားရောက် သို့ရာတွင် ၄င်းဒေသတွင် မည်မျှကြာကြာတာဝန် ထမ်းဆောင်ရမလဲ ဆိုသော ပြဿနာရှိလာကြောင်း၊ နှုတ်အားဖြင့် ၁ နှစ်၊ ၂ နှစ်ဟု အာမခံချက်မျိုးရှိနေသော်လည်း ရံဖန်ရံခါတွင် ၃ နှစ်၊ ၄ နှစ် ကြာသည်အထိ ပြောင်းရွှေ့ဖို့လျှောက်လွှာတ င်သော်လည်း ပြန်ပြီး မပြောင်းရသော ဆရာဝန်များလည်း ရှိလာပါကြောင်း၊ ဝေးလံ
ခေါင်သီသော ဒေသများသို့ တစ်ကြိမ် ရောက်ပြီး နောက် ဘယ်တော့ ပြန်ရောက်မည် ဆိုသည်များကိုလည်း မသိရကြောင်း၊ ထို့ကြောင့် တချို့ဆရာဝန်များသည် ဝေးလံ ခေါင်သီသော အရပ်ဒေသများသို့ ရောက်ပြီးနောက် ၂ နှစ်ခန့် အကြာတွင်ပင် ထိုနေရာများသို့ တစ်ကြိမ် ပြန်ရောက်သွား သောကြောင့် စိတ်ဓာတ်ကျ အလုပ်ထွက် သွားသည်များ၊ နိုင်ငံခြားသို့ထွက်သွားသည် များ ရှိသောကြောင့် နိုင်ငံ၏ စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးသွားနိုင်ပါကြောင်း ၊ သို့ပါသောကြောင့် အကယ်၍ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ချက်မူ တိတိကျကျ ချထားပေးလျှင်ပင် ဆရာဝန်များအနေနှင့် နိုင်ငံတာဝန်ထမ်းဆောင်ရာတွင် ဝေးလံခေါင်သီအရပ် ဒေသများကို အေးချမ်းစွာ သွားနိုင်မှာဖြစ်ပါကြောင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့်
ပတ်သက်၍ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အုပ်ချုပ်ရေးနှင့်
စီမံခန့်ခွဲရေးနှင့် ပတ်သက်သော ဆရာဝန်များရှိပါကြောင်း၊ သို့သော်လည်း
အချို့ ရာထူးတိုးရာတွင် ပညာအရည်အချင်းတူသော်လည်း လုပ်သက်နုသောသူက အရင်ရာထူး
တိုးသွားခြင်း၊ ရှေ့မှာကိုယ်က ရာထူးတိုးခွင့် ရှိသော်လည်း
ရှေ့တွင်အခွင့်အလမ်း ပိတ်နေခြင်းများ ရှိသောအခါ ပြဿနာများ ရှိပါကြောင်း၊
တိကျသေချာသော မူများရှိစေလိုကြောင်း၊ အခြားတစ်ချက်မှာ ရာထူးတိုးသော
နေရာတွင် ဝဖ ပုံစံဆိုတာရှိကြောင်း၊ ထိုပုံစံမှာ အကြီးအကဲ ဆရာဝန်ကြီးများက
လက်အောက်ရှိ လက်ထောက်ဆရာဝန်များ (သို့) မိမိနှင့်ဆက်စပ်သောဆရာဝန်များ၊
မိမိတာဝန်ယူ အုပ်ချုပ်ရသော ဆရာဝန်များအပေါ် အမှတ်ပေး စနစ်ဖြင့်
ဆောင်ရွက်မှု၊ အရည်အချင်း၊ တာဝန်ကျေမှုအခြေအနေများကို ဝဖ ပုံစုံနှင့်
အသုံးပြုခြင်းများ ရှိပါကြောင်း၊ သို့ရာတွင် ဝဖ ပုံစုံ၏ အရေးပါမှု
မရှိသလိုဖြစ်နေပါကြောင်း၊ ကြီးကြပ်သော ဆရာဝန်ကြီးတွေကလည်း
လျှို့ဝှက်သဘောမျိုး မဟုတ်ဘဲ အားလုံးထောက်ခံပေးပြီး ဝဖ ပုံစံထားရှိရသော
ပုံစံသည်လည်း အကျိုးမသက်ရောက်သကဲ့သို့ ရှိနေ သောကြောင့် အရေးပေး
ဆောင်ရွက်သင့်ကြောင်း၊ အခြားတစ်ချက်မှာ ဘွဲ့လွန်သင်တန်းတက်ရန် ရွေးချယ်သော
နေရာများ၊ နောက် ဘွဲ့လွန်အောင်မြင်ပြီး ဆရာဝန်များကို တာဝန်ချထားရာတွင်လည်း
မူဝါဒ၊ သတ်မှတ်ချက်များ သေသေချာချာ ရှိဖို့လိုအပ်ကြောင်း၊
အချို့ဆရာဝန်များသည် မြို့ကြီးများတွင်သာ တာဝန်ထမ်းဆောင်၍
အထူးကုဆရာဝန်ကြီးတွေဖြစ်သွားကြကြောင်း၊
တချို့ဆရာဝန်များမှာ မြို့ငယ်လေးများတွင် တဝဲလည်လည်နေရင်း တစ်ခါတစ်ရံ
အလွန်ဝေးလံသော နေရာများ၊ မြို့ငယ်လေးများတွင် ရောက်ရှိနေချိန်
ဘွဲ့လွန်သင်တန်းခေါ်တာကို မသိလိုက်ရခြင်း၊ စာကျက်ရန်အခွင့်အလမ်း
နည်းပါးခြင်းများကြောင့် မဖြေလိုက်ရသောဆရာဝန်များ လည်းရှိပါကြောင်း၊
၎င်းတို့အတွက် ဘွဲ့လွန်သင်တန်းဖို့ အခွင့်အလမ်းရစေရန်
မူလေးတွေချထားပေးသင့်ပါကြော င်း၊ အခြားတစ်ချက်မှာ ဘွဲ့လွန်သင်တန်းတက်ခွင့်ပေး ရာတွင်
တချို့ တာဝန်ကျမြို့ငယ်များတွင် ဆရာဝန်၊ လက်ထောက်ဆရာဝန်များ
ဘွဲ့လွန်သင်တန်းတက်နေစဉ် အစားထိုးမှုမရှိသောကြောင့် ပြည်သူလူထုရဲ့ကျန်းမာရေး
စောင့်ရှောက်မှုတွင် အလွန်အားနည်း သွားသည်များ ရှိပါကြောင်း၊
သို့ပါသောကြောင့် ဒီဘွဲ့လွန်သင်တန်း ခေါ်ယူရာတွင်
ထိုက်သင့်တဲ့ပြည်သူတွေဘက်ကေ ရာ၊ ဆရာဝန်တွေဘက်ကရော သင့်တင့်သော မူများချပေး စေလိုကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။
လွန်ခဲ့သော နှစ်များစွာမှ ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များသ
ရေးထိုးကြရပြီး ထိုအတိုင်းပင် ဝေးလံသော ဒေသများသို့သွားရောက် သို့ရာတွင် ၄င်းဒေသတွင် မည်မျှကြာကြာတာဝန် ထမ်းဆောင်ရမလဲ ဆိုသော ပြဿနာရှိလာကြောင်း၊ နှုတ်အားဖြင့် ၁ နှစ်၊ ၂ နှစ်ဟု အာမခံချက်မျိုးရှိနေသော်လည်
ခေါင်သီသော ဒေသများသို့ တစ်ကြိမ် ရောက်ပြီး နောက် ဘယ်တော့ ပြန်ရောက်မည် ဆိုသည်များကိုလည်း မသိရကြောင်း၊ ထို့ကြောင့် တချို့ဆရာဝန်များသည် ဝေးလံ ခေါင်သီသော အရပ်ဒေသများသို့ ရောက်ပြီးနောက် ၂ နှစ်ခန့် အကြာတွင်ပင် ထိုနေရာများသို့ တစ်ကြိမ် ပြန်ရောက်သွား သောကြောင့် စိတ်ဓာတ်ကျ အလုပ်ထွက် သွားသည်များ၊ နိုင်ငံခြားသို့ထွက်သွားသည်