Showing posts with label နယ်သတင်းများ. Show all posts
Showing posts with label နယ်သတင်းများ. Show all posts

Saturday, March 16, 2013

အမျိုးသမီး ၁ ဦး ရထားတိုက်မိ သေဆုံး



နေပြည်တော်၊ မတ် ၁၆

၁၅-၃-၂၀၁၃ရက်နေ့ ၀၇၂၅ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာတော်ဘူတာနှင့် ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်(၂၂၆/၁-၂)ကြားတွင် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် ရထားသည် ရထားလမ်းဖြတ်ကူးသူအမျိုးသမီး ၁ ဦးအား ရထားစက်ခေါင်းဖြင့်တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် ရထားလုံခြုံရေးလိုက်ပါလာသော ပြည်ရထားရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ရထားတိုက်ခံရသူမှာ အသက်(၇၅)နှစ်ခန့် အမျိုးသမီး ၁ ဦးဖြစ်ပြီး ရထားတိုက်မိမှုကြောင့် ၀ဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ရာမှ ၀၈၀၅ အချိန်တွင် သေဆုံးသွားသဖြင့် ပျဉ်းမနားရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၃)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း-မြန်မာနိုင်ငံရဲတပ်ဖွဲ့

____________________________________


ထစ်ခနဲရှိဆန္ဒပြကြ စတမ်းသာဆို ငါတို့ မိုးကုတ် တစ်မြို့လုံး ပြသင့်တာကြာပေါ့

မိုးကုတ်သူ တစ်ယောက် ရေးသည်

=======================


ထစ်ခနဲရှိဆန္ဒပြကြ စတမ်းသာဆို ငါတို့ မိုးကုတ် တစ်မြို့လုံး ပြသင့်တာကြာပေါ့
ဘိုးဘွားစဉ်ဆက် မြေကြီးထဲက ထွက်တဲ့ ကျောက် တစ်မျိုးထဲ နဲ့သာ အသက်မွေးကြတဲ့မြို့က လူတွေ ရဲ့နေရာ ကို အဲ့ဒီ ဦးပိုင်ဆို တဲ့ဟာတွေ ပဲ လာဝင်ကြီးစိုးသွားတော့ ကိုယ့်မြို့က လူတွေ ဘဝ တွေ ဒုက္ခရောက်ကြရော
တစ်သက်လုံး ဘယ် သူ့ လက်အောက်ဝန်ထမ်းမှ မလုပ်ဖူးတဲ့လူတွေ တစ်မြို့ တစ်ရွာ ပြောင်းပြီး အလုပ် လုပ်ရတယ်။ ကိုယ့်မြေက ထွက်တဲ့ကျောက် တောင် ကိုယ်မမြင်လိုက်ရ တဲ့ လူတွေဘဝ ။ လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘာမှကို မရှိတာ။ နိုင်ငံခြားသား လာလည်ခွင့်လဲ ခုထိ မပေးသေးဘူး
နဲနဲ သာဖွင့်ပေးလိုက်ပါ။ လူတွေ အလုပ်အကိုင်ရမယ် စီးပွားရေး လမ်းပွင့်မယ်
ဘယ်လို ဘဝ တွေရောက်ရောက် မိုးကုတ်တစ်မြို့ လုံး ကျွတ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ယုံကြည်တယ်။ စစ်တပ်က သေနတ်တွေ ချိန်ထား တာတောင် တစ်မြို့လုံးက လူတွေ အကြောက်အလန့်မရှိ ဒေါ်စုကို ကြိုကြတယ် ။ ချစ်လည်း တော်တော်ချစ်ကြတယ်။အဲ့ဒါ ခုမှ မဟုတ်
ကိုယ်တွေ ငယ်ငယ် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရင်း ခုထိ မပြောင်းလဲ ပဲ ထောက်ခံယုံကြည်တယ်။
တစ်ခုခုလေး ကူညီပါ အရေးယူပေးပါ
ဘာညာ များ ကျုပ်တို့ မိုးကုတ်သား တွေ အပူကပ် ဆန္ဒပြတာ ကြားဖူးလား ။ ကိုယ့် နည်းကိုယ့်ဟန်နဲ့ရုန်းကန်ကြရင် လောကဓံကို ကျိတ်ခံနေကြဆဲ ပဲ။ တစ်ကယ်တန်း အခု အချိန်ထိ မြို့က လူတွေ အသက်ရှူမချောင်သေးပါဘူး။
လွှတ်တော် အမတ် ဆိုတဲ့ ဦးဘဌေး က လဲ ဘာမှ သုံးစားလို့မရ တဲ့ ပလောင်ငဖား။
အခုထိ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ရှိသေးတယ် ။ အခမဲ့ပညာရေး ဖောင်ဒေးရှင်း တောင် ခုမှ ဝိုင်းထူ ထောင်လို့ ကလေး တွေ စာသင်နိုင်တာ။
ကျိကျိတက် ချမ်းသာတဲ့ မိုးကုတ်သူဌေးတွေ အများကြီးရှိပေမဲ့သူတို့က ဘယ်လိုများ ကူညီနိုင်မှာလဲ ။ ကူညီ နိုင်လောက်အောင် ကမ္ဘာ့သန်းကြွယ်သူဌေးတွေမှ မဟုတ်တာ။
အစိုးရ ကပဲ အလုပ်အကိုင်လမ်းကြောင်းဖွင့်ပေးခြင်း နဲ့ လူတွေဘဝ ကို ဆွဲထူနိုင်မှာ။
ကလေး ငယ်ငယ်လေးတွေ ကျောင်းမတက်နိုင်ပဲ ချောင်းတစ်ကာ လျှောက်သွားပီး ခနဲဆေး တာတောင် မိသားစု တစ်စု စာ မရပ်တည်နိုင်ဘူး။မိုးကုတ်မြို့ အတွက် ဘာများ စကားထဲ ထည့်ပြောကြတာ ကြားဖူးလဲ ။
တောင်တွေ ဖြိုပြီး ကျောက်တွေ ရနေတာ လဲ မိုးကုတ်သား တစ်ယောက်မှ မပါသလောက်ရှားတယ်
မိုးကုတ် ကျောက်မြင်ဖူးချင်ရင် ကမ္ဘာအေးဘုရားလမ်းက ကျောက်မြတ်ပြတိုက်မှာသာ ကြည့် လို့ရမယ်
မိုးကုတ်မှာ ဓာတ်ပုံ ထဲ က ကျောက်တွေပဲ တွေ့ရမယ်

ကဲ ငါတို့ မြို့ကလူတွေ ခု ခန အဆင်မပြေသေးမဲ့
တစ်ခါမှ ကိုယ့်ခေါင်းဆောင်ကို မစော်ကားဘူး
မမိုက်ရိုင်းဘူး
မဖြစ်နိုင်သေးတာတွေကို မတောင်းဆိုဘူး
ဒေါ်စု က တန်ခိုးရှင်မဟုတ်ဘူး
သူ့ လက်ထဲ မှာ အာဏာ မရှိသေးဘူး
သူ့လုပ်နိုင်သလောက် ဘောင်တစ်ခုထဲ က နေ
သူ လုပ်နိုင်တာ ထက်ပို လုပ်ပေးနေတာ
တို့မြို့က နားလည်တယ်
ဧည့်သည် ကို ဖော်ရွေ ချစ်ခင်တယ်
လိုလိုသေး မရှိ ဧည့်ဝတ်ကျေကြတယ်
အဲ့ဒါ ငါတို့ မြို့သူမြို့သားတွေရဲ့ အဆင့်အတန်းပဲ



____________________________________
Reference and Credit to -Pont Pont

လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား by Zeya Thu


ဒီတစ်ပတ်တော့ သမိုင်းဝင် လက်ပံတောင်းတောင် အစီရင်ခံစာထွက်တာနဲ့လည်း တိုက်ဆိုင်နေတာကြောင့် အစီရင်ခံစာအကြောင်းလည်း ရေးဖြစ်သွားတယ်။ အခုအချိန်မှာ လူစိတ်အ၀င်စားဆုံး ကိစ္စရပ် ဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံ အနာဂတ်အတွက်လည်း အရေးကြီးပါတယ်။ အမြင်တွေကတော့ အမျိုးမျိုး ရှိကြမှာပဲ။ ဒီလိုရှိကြတာလည်း ကောင်းပါတယ်။ ကျွန်တော်လည်း ကျွန်တော် မြင်တာလေး ရေးထားပါတယ်။


လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား

မြန်မာ့ ခေတ်သစ်သမိုင်းတွင် မှတ်တိုင် ဖြစ်သော လက်ပံတောင်း အစီရင်ခံစာတွင်  မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ်ကြည့်မိသည်။

စာချုပ်ပြန်ပြင်ချုပ်

စီမံကိန်းကို ရပ်၊ ယခု ပုံစံအတိုင်းဆက်လုပ်နှင့် ပုံစံပြောင်းလဲလုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယနည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေး အရ တွက်ချေကိုက်သည်၊သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးတို့အရ နစ်နာသည်များကို တွက်ချက်မှု အားနည်းသည်။ ထို့ကြောင့် ဒေသခံတို့ နစ်နာဆုံးရှုံးရသည်ကို ဖြည့်ဆည်းပေးရန် အစီရင်ခံစာက ဆုံးဖြတ်သည်။ တိုတိုပြောရလျင် စာချုပ်ကို စိတ်ကြိုက် ပြန်ပြင်ချုပ်။

စည်းမျဉ်းစည်းကမ်း ဘောင်သွင်းခြင်း

မြန်မာနိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝသော နိုင်ငံဖြစ်သလို အခြားသော စီးပွားရေး ကဏများ မဖွံ့ဖြိုးသေးသည့် အဆင်းရဲဆုံး တစ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် သဘာဝအရင်းအမြစ်ကို အခြေခံ စီးပွားရှာကြလိမ့်ဦးမည်။ ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မဆောင်ရွက်နိုင်လျင် အငြင်းအခုန်များ ပေါ်ပေါက်လာနိုင်သည်။ ထိုအငြင်းအခုန်များကို ဖြစ်သောအခါမှ တစ်ခုချင်းစီ ကော်မရှင်ဖွဲ့နေလျင် အချိန်ကုန် လူပန်းလှသည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းဘောင်သွင်းခြင်း institutionalization လုပ်ထားနိုင်မှ အရင်းအမြစ်ပတိပက္ခကို မရှောင်ရှားနိုင်သည့်တိုင် ဖြေလျှော့နိုင်သည်။ ယခုအစီရင်ခံစာ၏ စဉ်းစားပုံမျိုးကို institutionalization ပြုလုပ်လိုက်လျင် သဘာဝရင်းမြစ်နှင့် ပတ်သက်သည်များကို စဉ်းစားရန် ယခင်ထက် ပိုမိုလွယ်ကူမြန်ဆန်သွားမည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

မြန်မာနိုင်ငံဖွံ့ဖြိုးအောင် လုပ်ရန် ပြည်တွင်း အားနှင့် မဖြစ်နိုင်ကြောင်း အားလုံးသိပြီး ဖြစ်သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်နေရသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ညွန်ထဲသို့ မဆင်းမီ ခြေတစ်လှမ်း အရင်ဆင်းရသည် ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင်း ခြေစုံပစ်မ၀င်မီ လေ့လာအကဲခတ်နေကြဆဲ။ အထူးသဖြင့် ပြည်သူပိုင်သိမ်းသည့် ဓလေ့ရှိခဲ့သည့်၊ ဆုံးဖြတ်ချက်များကို ဘွာခတ်လေ့ရှိသည့် နိုင်ငံတွင် ယင်းတို့၏ လုပ်ငန်းများကို လာရောက် တိုးချဲ့သင့်မသင့် စဉ်းစားရာတွင် စီးပွားရေးအကျိုးအမြတ်ရှိမရှိ ( profit) ရော နိုင်ငံရေးအရ ရပ်သွားနိုင်ခြင်းရှိမရှိ (political risk) ကိုပါ အလေးပေး စဉ်းစားနေကြသည်။ လက်ပန်တောင်းတောင် ကိစ္စကို နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မျက်စိဒေါက်ထောက် ကြည့်နေကြချိန်တွင် အစီရင်ခံစာက “ဆိုခဲစေ၊ မြဲစေ” ဟု သက်သေပြလိုက်သည်။

ကြိုတင်စည်းမျဉ်း

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စိတ်ချလက်ချလာပါဟု အစီရင်ခံစာက အချက်ပြလိုက်သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် မသိနားမလည်ဘဲ လာသမျှ ခွင့်ပြု၊ သဘာဝပတ်ဝန်းကျင် အထိခိုက်ခံမည်၊ လူမှုပတ်ဝန်းကျင် အထိခိုက်ခံမည် မဟုတ် (အရပ်စကားဖြင့် အချဉ်မဟုတ်) ဟု ကြေညာလိုက်ရာ ရောက်သည်။ ၀င်လာသမျှသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့သည်  Environmental Impact Assessment ( သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်) Social Impact Assessment ( လူမှုရေး ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်)၊ Corporate Social Responsibility ( စီးပွားရေးလုပ်ငန်းများ၏ လူမှုရေး တာဝန်ရှိမှု) စသည်တို့အတိုင်း ဆောင်ရွက်နိုင်ရမည်။

အသွင်ကူးပြောင်း

ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ဆန္ဒပြသည်မှာ ပထမဆုံးအကြိမ်ဟု ဆိုကြသည့် ဆန္ဒပြပွဲကြောင့် လူအများ အံ့အားသင့်ခဲ့ကြပြီး ယူကြုံးမရ ဖြစ်သူများလည်း အများအပြားရှိသည်။ အမှန်မှာ မည်မျှ ထင်ရှားကျော်ကြား လူချစ်လူခင်များသောသူဖြစ်စေ မူဝါဒချမှတ်သူနေရာသို့ ရောက်လာပါက အားလုံး၏ အချစ်ခံရသောသူ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သူချမှတ်သော မူဝါဒသည် အကောင်းဆုံး မူဝါဒဖြစ်သည့်တိုင် မကျေနပ်သူများ ရှိစမြဲ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သာမန်လူသားသာဖြစ်ရာ လွှတ်တော်တွင်းဝင်ပြီး မူဝါဒချမှတ်သူအဖြစ် သို့ ကူးပြောင်းသည်နှင့် တစ်ကွေ့မဟုတ် တစ်ကွေ့တွင် သူ့အား ပေါ်ပေါ်ထင်ထင် ဆန့်ကျင်မှုများ တွေ့ရမည်မှာ မလွဲဧကန်။ ထိုတစ်ကွေ့သည် လက်ပံတောင်းတောင် အစီရင်ခံစာ ဖြစ်လာခဲ့ခြင်းသာ။

‘If you cannot stand the heat, don’t go into the kitchen’ “အပူမခံချင်ရင် မီးဖိုဆောင်ထဲ မသွားနဲ့”ဟူသော စကားတစ်ရပ်ရှိသည်။ နိုင်ငံ့အရေးလုပ်မှတော့ လူမုန်းခံရ အတိုက်ခိုက်ခံရမှာပဲဟု ဆိုလိုရင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ပန်းတောင်တောင် ခရီးစဉ်တွင်း ဓာတ်ပုံများကို မြင်ရသည်မှာ အထက်ပါ သဘောတရားကို ကောင်းစွာနှလုံးသွင်းထားပုံရပြီး မိမိအား ခါးခါးသီးသီး ဆန္ဒပြသူများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့သည်။



တိုင်းပြုပြည်ပြုပုဂ္ဂိုလ်နှင့် နိုင်ငံရေးသမား

‘A politician thinks of the next election. A statesman thinks of the next generation’

“နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲကို စဉ်းစားသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်သည် လာမည့် မျိုးဆက်ကို စဉ်းစားသည်။” ဟူသော နာမည်ကျော် စကားတစ်ခွန်း ရှိသည်။ နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် မဲပေးမည့်သူ မကြိုက်မည့် ကိစ္စများကို ရှောင်သည်။ မဲပေးမည့်သူ ကြိုက်မည့်အရာများကိုသာ ထောက်ခံသည်။ မဲပေးမည့်သူ အကြိုက်သည် သူ့အကြိုက်နှင့် မတူ၊ တိုင်းပြည်အကျိုးနှင့် မတူလျင်လည်း ထုတ်မပြော၊ မဆောင်ရွက်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်မှာမူ လာမည့်ရွေးကောက်ပွဲထက် တိုင်းပြည်၏ ရေရှည်အကျိုး သို့မဟုတ် လာမည့်မျိုးဆက်ကို အလေးထားသည်ဟု ဆိုလိုရင်း ဖြစ်သည်။  

လက်ပံတောင်းတောင် ကိစ္စတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ထိခိုက်နိုင်သည်ဟု မြင်ကြသည်များ ရှိသည်။ အမှန်မှာ လက်ပံတောင်းကိစ္စသာ မရှင်းနိုင်လျင် ၂၀၁၅ပင် ရောက်ချင်မှ ရောက်မည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် တာဝန်ဝင်ယူလိုက်ခြင်း ဖြစ်ပုံရသည်။ ၂၀၁၅သည် သူ့အတွက် အရေးကြီးသော်လည်း လက်ပံတောင်းကိစ္စသည် တိုင်းပြည်အတွက် အရေးကြီးသောကြောင့် ၀င်ထမ်းလိုက်ခြင်း ဖြစ်ပုံရသည်။

 လက်ပံတောင်းတောင် ကော်မရှင်တွင် ဥက္ကဌအဖြစ် ထီးလိုမင်းလို ဖြစ်နိုင်သူ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားသူ မမြင်မိပါ။ လက်ပံတောင်းတောင် ကော်မရှင်သည် ဗြဟ္မာ့ဦးခေါင်းနှင့် တူသောကြောင့် တိုင်းပြည်၏ အခြားအရေးများတွင် ပါဝင်သည့် အခြားသော နိုင်ငံရေးသမားများက ခပ်ဝေးဝေးမှ နေကြသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သည် ရဲရဲဝံ့ဝံ့ ၀င်ပါခဲ့သည်မှာ သူ၏ မိမိကိုယ်ကိုယုံကြည်မှုနှင့် တိုင်းပြည်အရေး ဦးထိပ်ထားမှုတို့ကို ပြသနေသည်။

မုန်းတီးသူကို ဆန့်ကျင်ရသည်မှာ လွယ်သော်လည်း ချစ်သူကို ဆန့်ကျင်ရသည်မှာ ခက်ခဲသည်။ လူထုအားဖြင့် တက်လာသူအဖို့ လူထုထဲမှ အချို့ မကြိုက်သည်ကို ပြောရန်၊ လုပ်ရန်မှာ သာမန်သတ္တိဖြင့် မဖြစ်နိုင်။

 ကော်မရှင်တွင် ပါဝင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အသုံးချခံရသည်ဟု ထင်မြင်သူများလည်းရှိသည်။ သို့သော် ကော်မရှင်၏ အစီရင်ခံစာအတိုင်း နာခံပါမည်ဟု မည်သည့်ရလာဒ်မျှ မထွက်သေးမီကတည်းက အာမခံခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ်တွင် blank check ခေါ် လက်မှတ်ထိုးထားပြီး မည်သည့်ကိန်းဂဏန်းမျှ ရေးမထားသော ဘဏ်မှ ငွေထုတ်ချက်လက်မှတ် ရလိုက်သလို ဖြစ်သွားသည်။ ကြိုက်ရာ ငွေပမာဏ ရေးပြီး သွားထုတ်လျင် ရသည့်သဘော။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရာ နာခံရတော့မည့် သဘောဖြစ်ရာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပုံအပ်လိုက်ခြင်း (trust) ကို မြင်နိုင်သည်။

စကားသုံးလုံး

လက်ပံတောင်း ကိစ္စသည် သိမ်မွေ့သလို နက်နဲသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေကို စကားလုံးသုံးလုံးတည်းနှင့် အနှစ်ချုပ်ပြောပါဆိုလျင် “လက်ပံတောင်း” ဟု ပြောနိုင်သည်။ လက်ပံတောင်း အစီရင်ခံစာသည်လည်း မြန်မာနိုင်ငံ့အရေး အစီရင်ခံစာပင် ဖြစ်သည်။



ဇေယျသူ


____________________________________
Reference and Credit to -ေဇယ်သူ
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

Thursday, March 14, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု

မီဒီယာကြီးများထံမှ ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု

-နိုင်ငံရေးလုပ်ခြင်းသည် အချစ်ခံချင်၍လုပ်ခြင်းမဟုတ်ဘဲ မိမိမှန်သည်ထင်ရာကိုလုပ်ကိုင်ခြင်းဖြစ်ရာ အမုန်းခံရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မုံရွာမြို့၊ ၀င်းယူနတီဟိုတယ်တွင် မီဒီယာသမားများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်တွင် ပါဝင်နေခြင်းသည် လက်ခုတ်ရာဓါးဝင်လျှိုနေသကဲ့သို့ ဖြစ်နေပါသလားဟူသော မီဒီယာသမားတစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
" အချစ်ခံချင်ရင် ဇာတ်ပဲကမှာပေါ့ " ဟုလည်း သူမက တုန့်ပြန်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာဒေသခံများနှင့်တွေ့ဆုံပြီးနောက် ယနေ့ည ၆း၃၀ အချိန်ခန့်တွင် နေပြည်တော်သို့ပြန်လည်ထွက်ခွာသွားရာဒေသခံများက ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(သတင်း-The Messenger Journal)

-ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၆နာရီ မိနစ်၃၀တွင်မုံရွာ မြို့မှ နေပြည်တော် သို့ ထွက်ခွာသွားပြီဖြစ်သည်။ ၀င်းယူနတီဟိုတယ်ရှေ့တွင်ညနေကတည်းက စောင့်ဆိုင်းနေသောလူအုပ်မှာ ၅၀၀နီးပါးအထိ တိုးလာပြီး “အမေစုကျန်းမာပါစေ”၊ “အမေစုကိုထောက်ခံ ပါတယ်”ဟု အော်ဟစ်ကာ အားပေးနှုတ်ဆက်ခဲ့ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။(သတင်း-7Day News Journal)



-၆ နာရီ ၃၀ မိနစ်တွင် ရရှိသည့် သတင်းပေးပို့ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် မီဒီယာများနှင့်ခေတ္တတွေ့ဆုံပြီး နေပြည်တော်သို့ ထွက်ခွာသွားကြောင်း သိရသည်။(သတင်း-မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်)

7Day News Journal,The Messenger Journal,မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်),ThanLarWaddy Times ထံမှ ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု

-နိုင်ငံရေးလုပ်ခြင်းသည် အချစ်ခံချင်၍လုပ်ခြင်းမဟုတ်ဘဲ မိမိမှန်သည်ထင်ရာကိုလုပ်ကိုင်ခြင်းဖြစ်ရာ အမုန်းခံရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မုံရွာမြို့၊ ၀င်းယူနတီဟိုတယ်တွင် မီဒီယာသမားများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်တွင် ပါဝင်နေခြင်းသည် လက်ခုတ်ရာဓါးဝင်လျှိုနေသကဲ့သို့ ဖြစ်နေပါသလားဟူသော မီဒီယာသမားတစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
" အချစ်ခံချင်ရင် ဇာတ်ပဲကမှာပေါ့ " ဟုလည်း သူမက တုန့်ပြန်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာဒေသခံများနှင့်တွေ့ဆုံပြီးနောက် ယနေ့ည ၆း၃၀ အချိန်ခန့်တွင် နေပြည်တော်သို့ပြန်လည်ထွက်ခွာသွားရာဒေသခံများက ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(သတင်း-The Messenger Journal)

-ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၆နာရီ မိနစ်၃၀တွင်မုံရွာ မြို့မှ နေပြည်တော် သို့ ထွက်ခွာသွားပြီဖြစ်သည်။ ၀င်းယူနတီဟိုတယ်ရှေ့တွင်ညနေကတည်းက စောင့်ဆိုင်းနေသောလူအုပ်မှာ ၅၀၀နီးပါးအထိ တိုးလာပြီး “အမေစုကျန်းမာပါစေ”၊ “အမေစုကိုထောက်ခံ ပါတယ်”ဟု အော်ဟစ်ကာ အားပေးနှုတ်ဆက်ခဲ့ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။(သတင်း-7Day News Journal)



-၆ နာရီ ၃၀ မိနစ်တွင် ရရှိသည့် သတင်းပေးပို့ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် မီဒီယာများနှင့်ခေတ္တတွေ့ဆုံပြီး နေပြည်တော်သို့ ထွက်ခွာသွားကြောင်း သိရသည်။(သတင်း-မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်)

____________________________________
Reference and Credit to -7Day News Journal,The Messenger Journal,မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်),ဓာတ်ပုံ-ThanLarWaddy Times

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင် ကျော်ဝင်း

ရှဥ့်လည်းလျှောက်သာ

ပျားလည်းစွဲသာ

မင်္ဂလာပါ - ကော်မရှင်

ကျော်ဝင်း




ဂိမ်းသီအိုရီ



အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။



အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ်စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်းသိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြုသည်။ ကော်မရှင်ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ …၊



(က) လက်ရှိအတိုင်းပင်၊ ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိကြေးနီစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသော၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီများဘက်မှ ခံတွင်းအတွေ့ဆုံးနည်းလမ်း၊ သို့မဟုတ်၊ ၎င်းတို့၏ 'မျှော်လင့်တန်ဖိုး' (expected value) ဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်၊ ဤနည်းလမ်းကို ကော်မရှင်က ရွေးချယ်ရန်မသင့်ဟု မှတ်ချက်ပြုပါသည်။



(ခ) ကြေးနီစီမံကိုန်းကို၊ ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိစီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ရန်၊ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြသူများ ဘ၀င်အကျဆုံးဖြစ်ဖွယ်ရှိသည့် နည်းလမ်းဖြစ်ပါသည်။ သူတို့ လိုလားသော 'မျှော်လင့်တန်ဖိုး' လည်းဖြစ်ပါသည်။ သို့တစေ ဤနည်းလမ်းကိုလည်း ကော်မရှင်က ထောက်ခံချက်မပေးပါ။



(ဂ) ကြေးနီစီမံကိန်းနှင့် ပတ်သတ်၍၊ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ၊ နိုင်ငံတော် အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို၊ ပြည့်ဝစွာရရှိရန် အစီအမံများ ချမှတ်ပြီး၊ စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်း …။ ဤနည်းလမ်းအနေနှင့်၊ နှစ်ဘက်မျှော်လင့်တန်ဖိုးများကို အပြည့်အ၀ပေးနိုင်လိမ့်မည်တော့မဟုတ်။ သို့တိုင်အောင်၊ နှစ်ဘက်လုံးအတွက်၊ လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေထက် ပိုကောင်း (better off) လာနိုင်စရာရှိပါသည်။ ကော်မရှင်က၊ ဤနည်းလမ်းကိုသာ ထောက်ခံအကြံပြုလိုက်ပါသည်။ ဤနည်းလမ်းကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၆) ရပ်ကိုလည်း သုံးသပ်အကြုံပြုပါသည်။ (စာရှည်မည်စိုး၍ အသေးစိတ် မဖော်ပြတော့ပါ။ ကော်မရှင် အစီရင်ခံစာကိုသာ ကြည့်ပါရန် …၊)



ကော်မရှင်၏ ဆိုခဲ့ပါ၊ အကြံပြုချက်သည်ပင်၊ "ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု စာရေးသူ ယူဆပါသည်။ ဆရာကြီးသ္ခင်ကိုယ်တော်မှိုင်း၊ တစ်လျှောက်လုံး လိုလားတောင့်တခဲ့သော "သူမနာ၊ ကိုယ်မနာ" သဘောထားမျိုးဖြစ်လိမ့်မည်ဟု သဘောရပါသည်။ ဆရာကြီး ဒဂုန်တာရာ မကြာခဏ ဆိုသလို ရေးသားပြောဆိုနေသော "မုန်းသူမရှိ၊ ချစ်သူသာရှိစေမည့်" သင့်မြတ်ရေးလမ်းကြောင်းဟု နားလည်ရပါသည်။ အထူးသဖြင့် ကမ္ဘာနှင့်အ၀န်း ဒီမိုကရက်တစ်နည်းနာတစ်ရပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော၊ ခေတ်သစ်ဂိမ်းသီအိုရီလာ ချဉ်းကပ်အဖြေရှာနည်းအဖြစ် ဆင်ခြင်မိပါသည်။



မင်္ဂလာပါ - ကော်မရှင် ..။





စာရေးသူ၏ အတွေ့အကြုံ



ဤနေရာတွင် ခေတ်သစ်ဂိမ်းသီအိုရီ နှင့်ပတ်သတ်သော စာရေးသူ၏ နားလည်ချက်ကို ပြန်လည်ဖော်ပြခွင့် ပြုစေလိုပါသည်။ (ဤအကြောင်း မကြာခဏ ရေးခဲ့ပြီးဖြစ်၍ 'ပြန်လည်' ဆိုသော ရှေ့ဆက်ခံထားခြင်းဖြစ်သည်။) ယခုလို …။



"အကျိုးစီးပွားချင်း မတူကြသည့် အင်အားစုများကြားတွင်၊ မတူသော မျှော်လင့်တန်ဖိုးများ သာဘာဝကျစွာရှိကြမည်သာ ဖြစ်ပါသည်။ သို့တစေ အဆိုပါ အင်အားစုများကြား ညှိနှိုင်းဆွေးနွေးကြတော့မည်ဆိုလျှင်မူ၊ ဆိုခဲ့ပါ မျှော်လင့်တန်ဖိုးများကို၊ နှစ်ဘက်လုံးမှ အသေဆုပ်ကိုင်ထားသရွေ့၊ ဘယ်တော့မှ အဖြေရလိမ့်မည် မဟုတ်ပါ။ နှစ်ဘက်လုံးမှ ၎င်းတို့လက်ရှိ အခြေအနေထက်ပိုကောင်း (better off) လျှင်ပင် ကျေနပ်ဖွယ်ရာအဖြေဟု သဘောထားကြဖို့ လိုပါလိမ့်မည်။ ဤသဘောထားနှင့်ပင် မိမိတို့သက်ဆိုင်ရာ မျှော်လင့်တန်ဖိုးများကို 'အပေးအယူလုပ်ညှိနှိုင်းကြပြီး' (bargain) နှစ်ဘက်သဘောတူညီနိုင်မည့် 'ကြားအဖြေ' (compromise) ရှာရပါလိမ့်မည်။ ဤနည်းဖြင့် better off ချင်း ချိန်ခွင်လျှာမျှနိုင်မည့် အခြေအနေရောက်လာမှသာ နှစ်ဘက်လက်ခံနိုင်မည့် အဖြေတွေ့ပါလိမ့်မည်။ ဤသို့သော ချိန်ခွင်လျှာမျှအခြေအနေကို သီအိုရီဖော်ထုတ်သူပညာရှင် အမည်အစွဲပြုပြီး 'နက်(ချ)မျှခြေ' (Nesh's Equilibrium) ဟုခေါ်ပါသည် …" စသဖြင့် …။



ဝန်ခံရလျှင် "ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ရေး" စဉ်းစားနည်းတစ်ခုတည်းနှင့်သာ၊ တစ်လျှောက်လုံး အာရုံကျယဉ်ပါးခဲ့သော၊ စာရေးသူအနေနှင့် ဆိုခဲ့ပါဂိမ်းသီအိုရီကို ချက်ခြင်းမြိုမကျခဲ့ပါ။ နောက်ဆုံး၊ နိုင်ငံရေးဝင်္ကပါတောတွင်၊ နဖူးကွဲဒူးပြဲများစွာ ကြုံခဲ့ပြီးမှ 'ဂိမ်းသီအိုရီသည်သာ၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ တစ်ခုတည်းသော ထွက်ရပ်လမ်း' အဖြစ် သဘောယူလာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့နှင့်အမျှ၊ စာရေးဖြစ်ကတည်းက၊ 'ဂိမ်းသီအိုရီ' နှင့် ဆက်နွယ်သမျှကို၊ မကြာခဏဆိုသလို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဤတွင် စာဖတ်ပရိတ်သတ်တော်တော်များများ (အထူးသဖြင့် လူငယ်စာဖတ်သူများ) က၊ စိတ်ဝင်တစားရှိသည်ကို တွေ့ရတော့ အမှန်ပင် အားတက်မိပါသည်။



သို့နှင့်တိုင် အဆိုပါ ဂိမ်းသီအိုရီကိုပင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်ပြတော့ ဘ၀င်မကျသံအချို့ကြားလာရပါသည်။ "သီအိုရီကိုတော့ လက်ခံပါတယ် …၊ ဒါပေမဲ့ လက်တွေ့မဖြစ်နိုင် …" စသဖြင့်။ နောက်ဆုံး၊ "၂၀၁၀ ရွေးကောက်ပွဲမှာ၊ နှစ်ဘက်လုံးအတွက် better off ဖြစ်နိုင်တယ်" ဟုရေးလိုက်ရာ ဝေဖန်ရုံသာမကတော့ဘဲ၊ အစိုးရနှင့် ပေးစားခံရပါလေတော့သည်။ ဤသို့ ဆဲကြဆိုကြ အရေခွံခွါကြသူများထဲတွင် စာရေးသူ၏ လက်ဝဲမိတ်ဆွေများမှာ ရှေ့ဆုံးက …။ သူတို့တတွေ၏ ရဲရဲတောက်လေထုတွင် ရိုးရိုးသားသား စာဖတ်သူအများပင် စာရေးသူနှင့် အကွာအဝေးတစ်ခုသို့ ရောက်ကုန်သည်။



ဤအကြောင်းတွေ ပြန်ရေးနေမိသည်မှာ ဒေါသတွေ၊ အာဃာတတွေကြောင့် မဟုတ်ပါ။ မိတ်ဆွေများ၏ 'အောက်လမ်းနည်းများ' ကို စိတ်ပျက်မိသည့်တိုင်၊ စာဖတ်သူအများစု ခံတွင်းမတွေ့နိုင်မှုကို နားလည်ပေးနိုင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ 'နိုင်ငံရေးဓလေ့' (political culture) ကို ဆင်ခြင်မိသောကြောင့် ဖြစ်သည်။ မြန်မာတွေက 'မင်း' သို့မဟုတ် 'အစိုးရ' ဆိုလျှင် မယုံချင်၊ မယုံရဲ။ မုန်းသည်။ ကြောက်သည်။ 'ရန်သူမျိုးငါးပါး' ထဲတွင် 'မင်း' ကို ထည့်ထားသည်မှာ ရှားရှားပါးပါး ယဉ်ကျေးမှုဓလေ့ဟု ဆိုရမည်ထင်သည်။ အမှန်စင်စစ်၊ ဤသည်မှာလည်း သဘာဝကျသည်သာဖြစ်သည်။ နိုင်ငံရေးဓလေ့ကို အဓိကပုံသွင်းလိုက်သည်မှာ သက်ဆိုင်ရာလူထု၏ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများ ဖြစ်လေသည်ကိုး …။



သို့ဖြစ်လင့်စကား၊ ဤဓလေ့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အခါခပ်သိမ်း အဟပ်ညီချင်မှ ညီပါလိမ့်မည်။ အထူးသဖြင့်၊ အင်အားစုမျိုးစုံ ၀ိုင်းဝန်းတွန်းပါမှ ရွေ့နိုင်စရာရှိသော လက်ရှိ ဒီမိုကရေစီအပြောင်းအလဲနှင့် စရွေးမကိုက်လှဟု ထင်သည်။ အကယ်၍များ၊ ဤအစွဲ ဤဓလေ့ကို မကျော်နိုင်ခဲ့လျှင် ဖြစ်သင့်ဖြစ်ထိုက်သော လမ်းကြောင်းမှန် ဖြစ်စေဦး၊ အညွှတ်အနူးလက်ခံဖို့ အခုအခံ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့တွေးမိလိုက်တော့ ကော်မရှင်အစီရင်ခံစာ၏ နောက်ဆက်တွဲ အလားအလာများအတွက် အမှန်ပင် စိုးရိမ်မကင်းဖြစ်မိသည်။ လက်ရှိအစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ကို ဦးတည်လာနိုင်စရာရှိသော နိုင်ငံရေးတိုက်ကွက်များနှင့် ရိုးသားသောလူထု၏ အကင်းမသေတတ်သေးသော စိတ်းဒဏ်ရာဓလေ့များ ဆုံမိလျှင် ဘာတွေဖြစ်ဦးမည်နည်း …။



အဆိုပါ စိုးရိမ်ကြောင့်ကြစိတ်နှင့်ပင် ယခုစာစုကို ဆက်ပါမည်။





စိုးရိမ်စိတ်အခံဖြင့်

အကြံပြု၊ မေတ္တာရပ်ခံ၊ ပန်ကြားလိုသည်များ





(က) အကြံပြု



ပထမဆုံး အကြံပြုလိုသည်မှာ နိုင်ငံတော်အစိုးရသို့ ဖြစ်ပါသည်။ ဆိုခဲ့ပါ၊ စုံးစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် အတူ၊ ၎င်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်းသည့် သတင်းကိုလည်း ဖတ်ရသည်။ အဆိုပါ ကော်မတီကို အစိုးရတာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည်ကို သတိပြုမိသည်။ ဖြစ်သင့်ဖြစ်ထိုက်သော ဖွဲ့စည်းပုံဟု သဘောရပါသည်။ စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် သက်ဆိုင်ရာ 'အကျိုးရှင်များ' (stakeholders) ၏ သဘောတူကြည်ဖြူမှု ရဖို့လိုလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ အဆိုပါ အကျိုးရှင်များအနက် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့နှင့် အဆင်ပြေပြေညှိနှိုင်း အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် လုပ်ပိုင်ခွင့်လည်းရှိ တာဝန်လည်းခံနိုင်သော အစိုးရအရာရှိများမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။



သို့တစေ နောက်ထပ်အရေးကြီးသော အကျိုးရှင်တစ်ဦးဖြစ်သည့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုရဖို့ဆိုလျှင်မူ အစိုးရတာဝန်ရှိသူသက်သက်ဖြင့် အဆင်ပြေလွယ်ကူနိုင်ပါ့မလား စိုးရိမ်မိသည်။ ကာလတာရှည်ပျောက်ဆုံးနေခဲ့သော ယုံကြည်မှုကြောင့် သံသယအစိုင်အခဲအချို့ ရှိကောင်းရှိနိုင်သည်ဟု ထင်သည်။ သို့အတွက် ဒေသခံလူထု၏ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရေး ရယူရာတွင် အခက်အခဲအချို့ရှိလေမည်လား စဉ်းစားမိသည်။ သက်ဆိုင်ရာဒေသခံများကို နားလည်သဘောပေါက်လာစေရန် ရှင်းပြ၊ ဖြောင့်ဖျနိုင်မည့် သီလသိက္ခာသြဇာတိက္ကမကြီးသော ဆရာတော်ကြီးများ သို့မဟုတ် မြို့မိမြို့ဖများ ကော်မတီတွင်ပါလျှင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား တွေးမိသည်။



နောက်တစ်ချက် ဥာဏ်မီသလောက် တွေးမိသည်မှာ လက်ပံတောင်းအရေးလို ဖြစ်တန်ရာ အကျပ်အတည်းများနှင့် ပတ်သက်လို့ဖြစ်သည်။ သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ၊ လူမှုပဋိပက္ခများကြောင့်ဖြစ်စေ၊ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲအတွက် စိန်ခေါ်ချက် ဖြစ်လာနိုင်သော အကျပ်အတည်းမျိုး ရှေ့တွင်လည်း ကြုံရနိုင်ဖွယ်ရှိသေးသည်ဟု ထင်ပါသည်။ ကြုံခဲ့ပြီးသော ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူပြီး နောင်လာမည့် ပြဿနာများကို ကာကွယ်ရှောင်ရှားနိုင်ရန်အတွက် သော်လည်းကောင်း၊ အကယ်၍ မလွှဲမရှောင်သာ ရင်ဆိုင်ရလျှင်လည်း လက်ဦးမှုရှိရှိ၊ အေးအေးညောင်းညောင်း ဖြေရှင်းနိုင်ရန်အတွက်သော်လည်းကောင်း၊ အစီအစဉ်ရှိရှိ ကြိုတင်ပြင်ဆင်ထားဖို့ လိုမည်လား စဉ်းစားမိသည်။ ဥပမာအားဖြင့် "အကျပ်အတည်း စီမံခန့်ခွဲရေး ကော်မတီ" လိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းပြီး တာဝန်ယူဖြေရှင်းကြသည်မျိုး ဖြစ်ပါသည်။



(ခ) မေတ္တာရပ်ခံ



ဒုတိယအနေနှင့် မေတ္တာရပ်ခံလိုသည်မှာ၊ ယခုလောလောဆယ် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ကြုံခဲ့ရပြီးဖြစ်သသော၊ ဒေသခံလူထုသို့ဖြစ်ပါသည်။ မိမိရပ်ရွာကို ချစ်ခင်မြတ်နိုးစိတ်၊ ဒါးမဦးချမြေကို တပ်မက်တွယ်တာစိတ်များဖြင့် ဆန္ဒဖော်ထုတ်အရေးဆိုခဲ့ကြသည့် မိတ်ဆွေများ၏ အရေးတော်ကို အပြည့်အ၀ စာနာနိုင်ပါသည်။ ယခု ထွက်ပေါ်လာသော ကော်မရှင်၏ အကြံပြုချက်များမှာ၊ မိတ်ဆွေများ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်းမကျသည့်တိုင်၊ တစ်ခုလုံး အကျိုးစီးပွား ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံးအဖြေဖြစ်သည်ကို နှလုံးသွင်းစေချင်ပါသည်။ ထို့ထက် တော်ရုံနိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်။ သူမ၏ မေတ္တာစေတနာကို ယုံကြည်ကိုးစားစိတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါသည်။



ဒီမိုကရေစီ အကူးအပြောင်း ကာလ၏ မလွတ်မကျွတ်တတ်သေးသော အကျင့်ဆိုးများကြောင့် ဆရာတော်သံဃာတော်များအပါအ၀င် မိတ်ဆွေများ၊ အနာတရ ဖြစ်ခဲ့ရသည်မှာ ကမ္ဘာသိပင်ဖြစ်ပါသည်။ သို့တစေ မိတ်ဆွေများ၏ ပေးဆပ်မှုများအချည်းနှီးတော့ကား မဖြစ်ပါ။ နောင်တွင် ဤအဖြစ်ဆိုးများ မကြုံရစေရေး (ထို့ထက် လေးနက်စွာဆိုရလျှင်၊ ဒီမိုကရေစီရှေ့ခရီးအဆင်ချောစေရေး) အတွက် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" ၏ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် တိုင်းသိပြည်သိ၊ ကမ္ဘာသိ အဆိုပြုနိုင်ပြီ ဖြစ်ပါသည်။ (ကော်မရှင် အစီရင်ခံစာ အပိုဒ် (၉၃)၊ အပိုဒ်ခွဲ (ခ) ပါ အကြံပြုချက်များကို ကြည့်ပါရန်) ဤသည်မှာ မိတ်ဆွေများ၏ 'အောင်ပွဲ' ဟု သဘောယူစေလိုပါသည်။





(ဂ) ပန်ကြား



နောက်ဆုံးအနေနှင့် လက်ရှိ လုံခြုံရေးကို တာဝန်ယူထားသော ရဲတပ်ဖွဲ့နှင့်၊ လက်ရှိ အပြောင်းအလဲ အပေါ် အပြည့်အ၀ သဘောမတူနိုင်ကြသေးသည့် မိတ်ဆွေများသို့ ပန်ကြားအပ်ပါသည်။



မည်သို့သော အကြောင်းကြောင့်ဖြစ်စေ လက်ပံတောင်းအရေးကိုင်တွယ်ပုံမှာ ရဲတပ်ဖွဲ့အပါအ၀င်၊ အစိုးရ၏ ဂုဏ်သိက္ခာအတွက်ရော၊ ဒီမိုကရေစီ အစဉ်အလာအတွက်ပါ၊ ကောင်းသောလက္ခဏာမဟုတ်ပါ။ ဤအတွေ့အကြုံကို အလေးအနက်ဆင်ခြင်၍ ကော်မရှင် အကြံပြုချက်အတိုင်း ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲကြပါရန် သက်ဆိုင်ရာသူများသို့ ပန်ကြားလိုပါသည်။



ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့ကြသည့် မိတ်ဆွေများကိုလည်း ပန်ကြားလိုပါသေးသည်။ ကျွန်တော်တို့တတွေ ငယ်ငယ်က အစွဲကြီးစွဲခဲ့ကြသည့် ကဗျာတစ်ပုဒ်ရှိသည်။ "အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး" ဆိုသော 'ဘားတော့ဘရက်' ၏ ကဗျာစာသား။ ဒါကို ခိုင်ထူးကြီးက သီချင်းလုပ်ဆိုတော့လည်း ကျွန်တော်တို့အားလုံး နှစ်နှစ်ခြိုက်ခြိုက်လိုက်ဆိုခဲ့ကြသည်။ အမှန်စင်စစ် ဘ၀သည် ကဗျာမဟုတ်။ နိုင်ငံရေးဆိုသည်မှာ လသာသာသီချင်းဆိုရသည်မျိုးမဟုတ် …။ ဒါလေးကို နှလုံးသွင်းကြစေချင်သည်။



ရည်ညွှန်း - စုံးစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ



____________________________________
ကျော်ဝင်း

၁၂၊ မတ် ၂၀၁၃

Saturday, February 23, 2013

မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု



မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု

---------------------------------------------------------------------------------------




၂၀ရက် ၊ ၂လ ၊ ၂၀၁၃ ရက်နေ့တွင် ရန်ကုန်မှကွင်းကောက်သို့ ခရီးသည်များတင်ဆောင်သွားသည့်မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ သည် ဟသာင်္တ နှင့် တလုတ်ထော်ကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့် လမ်းဘေးသို့ထိုးကျပက်လက်လန် တိမ်းမှောက်ခဲ့ပါ၍ ခရီးသည် (၁၇) ဦးဒါဏ်ရာရခဲ့ပါသည်။ မကြာသေးခင်ကာကလည်း ဇလွန်မြို့အလွန်တွင် ဘုရားဖူး Light Truck ကားနှင့်မျက်နှာချင်းဆိုင်တိုက်မိ၍ ဘုရားဖူးယာဉ်ပေါ်ပါခရီးသည် (၁၀) ဦးပွဲခြင်းပြီးသေးဆုံးပြီး (၃) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသော်လည်း အဆိုပါယာဉ်လိုင်းမှ ထိရောက်သောတာဝန်ယူမူမျိုးမပြုလုပ်ခဲ့ပါ။ ဤကဲ့သို့ သေဆုံးခဲ့ရသူများ၏ဆွေမျိုးသားချင်းများ နာကြင်ကြေကွဲခံစားခဲ့ရသော်လည်းမိဘမေတ္တာယာဉ်လိုင်းအားသက်ဆိုင်ရာမှ ထိရောက်သောအရေးယူမှုမျိုးမရှိခဲ့သဖြင့်တရားဥပဒေ
စိုးမိုးရေးနှင့် နစ်နာသော ပြည်သူဆိုသည်မှာ အဘယ်ကဲ့သို့နည်း ဟု မေးခွန်းထုတ်စရာဖြစ်နေ
ပါသည်။



မိဘမေတ္တာယာဉ်လိုင်း ဖုန်း - 098572629 / 098581190 / 01685300-304
-----------------------------------------------------------------------------
ပေးပို့သူ - မျိုးနောင်ဇော်

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ ၅ နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ်သလို၊အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းလာရင်လာသလို၊သာရေးနာရေးယာဉ်တန်းတွေလာရင်လာသလိုဆက်လက်လမ်းရှင်းလက်အချက်ပြရပါတယ်။ထမင်းစားချိန်ကတော့အဆင်ပြေသလိုစားကြတာပေါ့။ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။ညဆိုရင် ၁၀ နာရီမှတရားဝင်တန်းဖြုတ်လို့ရတယ်။အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲ ၁၁ နာရီ အိပ်ရာထဲရောက်တော့မှ ကိုယ့်သားသမီးမျက်နှာလေးတွေဝအောင်ကြည့်ရတယ်။ကလေးက လန့်နိုးပြီး အမေရေ သားတို့ခြင်ထောင်ထဲဘယ်ကလူကြီးမှန်းမသိဘူးဝင်လာတယ်လို့အော်ခဲ့တဲ့ဟာသဆန်ဆန်အဖြစ်အပျက်လေးတွေလဲတကယ်ဖြစ်ခဲ့ကြဖူးပါတယ်။တနေကုန်စီးထားတဲ့လည်ရှည်ဖိနပ်ကချွတ်လိုက်ရင်ခြေထောက်တွေကနူးအိပြီးကိုယ့်အနံ့တောင်ကိုယ်မခံနိုင်ပါဘူး။အခိုးတွေအပေါ်မှုတ်ပြီးမျက်စိတွေနီရဲတာ၊မျက်စိမှုန်လာတာတွေကအပိုဆုပါ။တခါတရံအပေါ့အလေးတွေချုပ်တီးရလွန်းလို့ဒုက္ခအင်မတန်ရောက်ရပါတယ်။အဲကျွန်တော်တို့ရတဲ့လစာက တစ်သိန်းရဲ့အောက်တော်တော်ရောက်ပါတယ်။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရကိုလဲကြိုက်ပါတယ်။ဖြစ်နိုင်ရင်အဂတိတရားကင်းရှင်းစွာနဲ့လုပ်ငန်းတာဝန်တွေကိုအားသွန်ခွန်စိုက်ပျော်ပျော်ကြီးထမ်းဆောင်ချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဝတ်ဆင်ရတဲ့နဖူးကနေခြေဖျားအထိယူနီဖောင်းအဆင်တန်ဆာတွေက ဝယ်ရတာဗျ။တာဝန်ကျနေရာကိုသွားတဲ့ဆိုင်ကယ်နဲ့ဆီဘိုးကလဲကိုယ့်စရိတ်နဲ့ကိုယ်ပဲဗျ။အိမ်ကမိသားစုကစားတဲ့ဆန်တို့ဆီတို့ ကလေးကျောင်းစရိတ်တို့ကလဲအများနည်းတူပဲဗျ။ပေါက်ဈေးပဲ။နောက်ပြီးအများသူငါပျော်ရွှင်ကြတဲ့ပွဲလမ်းသဘင်တို့၊အခါကြီးရက်ကြီးတို့ဆိုရင်လုံးဝမအားတော့ဘူး။အားလုံးအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက်ကျွန်တော်တို့ရဲ့ဘဝတင်မကပဲ မိသားစုတွေရဲ့ဘဝပါပေးဆပ်ထားကြရတာပါ။ဒီကြားထဲမှာလူမုန်းများတာခံရပါသေးတယ်။ဘယ်သူဖြစ်ဖြစ်အဖမ်းခံရရင်ဘယ်ကျေနပ်ပါ့မလဲ။တချို့က ညပိုင်းမှာဆဲသွားကြသေးတယ်။အဆင့်မရှိတဲ့ကောင်တွေတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ဆယ်တန်းအောင်မှဒီအထဲဝင်လို့ရခဲ့တာပါ။နောက်တမျိုးကျတော့လမ်းဘေးနေလမ်းဘေးစားတွေတဲ့။အဲဒါကျတော့မှန်နေပြန်ရော။ကျွန်တော်တို့လမ်းဘေးနေလမ်းဘေးစားနေတာအများပြည်သူတွေလမ်းပေါ်မှာအဆင်ပြေချောမွေ့စွာသွားနိုင်ဖို့ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဘဝတွေကိုကျေကျေနပ်နပ်ကြီးချခင်းပေးထားတာပါဗျာ။ဘာပဲပြောပြောကျွန်တော်တို့လမ်းရှင်းပေးရတာပျော်ပါတယ်။အများပြည်သူကလက်ခုပ်တီးပေးရင်ပိုပြီးပျော်ရမှာပါ။မြို့မေတ္တာခံယူတဲ့သားတွေဖြစ်ချင်ပါတယ်။

From မန္တလေးသတင်းပုံရိပ်များ

Friday, February 22, 2013

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄နာရီ ၄၅မိနစ်အချိန်က မန္တလေးမှ တောင်ကြီးမြို့သို့ ခရီးသည် ၂၅ ဦးလိုက်ပါလာသော ရန်ကြီးအောင်ခရီးသည်တင်ယာဉ်အမှတ် ၂ ဃ /------သည် ဟဲဟိုး-အောင်ပန်းပြည်ထောင်စုလမ်းမကြီး သီခေါင်တောင်အဆင်းမိုင်တိုင်အမှတ် (၈၇/၄)နှင့် (၈၇/၅)အကြားတွင်
ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ အကွာခန့်ရှိချောက်တွင်းသို့ ထိုးကျသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ သေဆုံးမှုမဖြစ်ခဲ့သော်လည်း ယာဉ်မောင်းနှင့်နောက်လိုက် အပါအ၀င် ခရီးသည် ၂၅ဦးအနက် အမျိုးသား ၁၂ဦးနှင့်အမျိုးသမီး ၇ဥိးတို့မှာ ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီးအောင်ပန်းဆေးရုံသို့ တင်ပို့ကုသထားရကြောင်းသိရသည်။

____________________________________
သူရထွန်း(Popular Myanmar News)

ဗုဒ္ဓဘာသာ (၅)မျိုး

ဗုဒ္ဓဘာသာ (၅)မျိုး
။။။။။။။။။။။။။။။။။။။။။။။။။


ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
> သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
> မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Copy and Creidt to ^..^
Buddhism Beams(Myanmar)

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့ကို အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်




“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊

မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မမှန်မကန် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမ၀င် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်။”

ဦးကျော်ကျော်ဝင်း
ဒုတိယဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန
-----------------------------------------------------------------------
(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် ရှင်းလင်းဖြေကြားချက်မှ)

____________________________________
မျှဝေသူ-ဦးဇော်ဌေး(ခ) မှူးဇော်

Tuesday, August 28, 2012

ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား









ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူအင်အားအဖွဲ့သည် အမှတ် ၁၅ ရပ်ကွက် ၊ မြစ်ကိုင်းရပ် လက်ပံကန်ချောင်တွင်နေထိုင်သော လူအချို့ဖြစ်ပြီး ယခင်ကလည်းယခုလိုဖြစ်ရပ်ကဲ့သို့ပင် ရမ်းကားဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ခဲ့မှုမှတ်တမ်းများရှိကြောင်း၊ ၄င်းတို့သည် အနီးအနားရပ်ကွက်များသို့ဝင်ရောက်ပြီး ဥပဒေမဲ့အုပ်စုဖွဲ့ရမ်းကားခြင်းများကို ဆောင်ရွက်လျှက်ရှိနေခြင်းကြောင့် အဆိုပါရပ်ကွက်များတွင်နေထိုင်ကြသော ဒေသခံမြို့သူမြို့သားများ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း၊ တာဝန်ရှိသူများမှ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မှုပြုလုပ်ရန်လိုအပ်လျှက်ရှိကြောင်း ယင်းဒေသခံများကပြောသည်။

ဓာတ်ပုံ - ကိုဇေ(Popular Myanmar News)

Monday, August 27, 2012

 မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက် ကျူးလွန်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိနှင့်အောက်ခြေ၀န်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်

မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့် မှ ဌာနစုမှူးအဆင့်အတွင်း)နှင့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှုပြုလုပ်ခဲ့သည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယခု အရေးယူခဲ့သည့် စာရင်း မှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီ လ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက

်နေ့အထိဖြစ်ကြောင်း သိရသည်။


အလုပ်ဖြုတ်တာတို့၊ ရာထူးလျှော့ချတာတွေ၊ ဌာနပြောင်းတာတွေ ရှိတယ်လို့သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ၀န်ထမ်းတွေက ပိုများတယ် . . .

အရေးယူရာတွင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ အချိန်မစေ့မီ အငြိမ်းစားယူစေခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးလျှော့ချ ခြင်း၊ ဌာနပြောင်း ပြစ်ဒဏ်ပေးခြင်း၊ နုတ်ထွက်စာ တင်စေခြင်းစသည်တို့ ပါဝင်ကြောင်း သိရသည်။

အရေးယူခြင်းခံရသည့် ၇၂ ဦးထဲမှ အမှုဖြစ်၊ ပြစ်ဒဏ်ဖြစ်ကာ အရေးယူခြင်းခံရသောအရေအတွက် မှာ ၃၉ ဦးဖြစ်ပြီး ယင်းအထဲတွင် အရာရှိ(ဌာနမှူးအဆင့်မှ ဌာနစုမှူး အထိ) ၁၃ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးတို့ပါ ၀င်ကြောင်း၊ အရာရှိ ၁၃ ဦး အနက် ငါးဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးတစ်ဦးကို အချိန်မစေ့မီ ရာထူးမှ အငြိမ်းစားယူစေခဲ့ကြောင်း၊ နှစ်ဦးအား ရာထူးတိုး ရပ်ဆိုင်းခဲ့ပြီး သုံးဦးကို ရာထူးမှလျှော့ချခဲ့ကာ နှစ်ဦးကို ဌာနပြောင်း ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

အောက်ခြေ၀န်ထမ်း(အမှု ထမ်း) ၂၆ ဦးအနက် ခြောက်ဦးကို ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့ပြီး ၁၂ ဦးကို ရာထူးလျှော့ချခဲ့ကြောင်း၊ တစ် ဦးကို နုတ်ထွက်စာ တင်စေခဲ့ပြီး သုံးဦးကို ရာထူးတိုးရပ်ဆိုင်းခဲ့ကြောင်း၊ တစ်ဦးကိုမူ လစာနှစ်တိုးရပ်ဆိုင်းခဲ့ကာ သုံးဦးကိုမူ ဌာနပြောင်းရွှေ့ခဲ့ ကြောင်း သိရသည်။

ဌာနပြောင်းရွှေ့ခြင်းခံရသော သူအရေအတွက်မှာ ၃၃ ဦးရှိပြီး ယင်းအထဲတွင် အရာရှိ(ဌာနမှူး အဆင့်မှ ဌာနစုမှူးအထိ ) ၁၆ ဦးနှင့် အောက်ခြေ၀န်ထမ်း ၂၇ ဦး တို့ပါ ၀င်ကြောင်း သိရသည်။ ထို့ပြင် စည်းကမ်းဖောက်ဖျက် ကျူးလွန်သဖြင့်သတိ ပေးဆုံးမမှုကိုခံရသော အရာရှိ (ဌာန မှူးအဆင့်မှဌာနစုမှူးအထိ) ၄၇ ဦး နှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၁၄၄၄ ဦးရှိကြောင်း သိရသည်။

“မြို့တော်စည်ပင်က ဌာနမှူး အဆင့်တွေလို အရာရှိတွေ၊ တခြား အောက်ခြေ၀န်ထမ်းတွေ ငွေရေးကြေး ရေးကိစ္စတွေနဲ့ပတ်သက်လို့ အလုပ် ဖြုတ်တာတို့၊ ရာထူးလျှော့ချတာ တွေ၊ ဌာနပြောင်းတာတွေရှိတယ် လို့ သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ၀န်ထမ်းတွေက ပိုများတယ်လို့ သိရတယ်”ဟု ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းတစ်ဦး က ပြောပြခဲ့သည်။

“ စည်ပင်သာယာနဲ့ပတ်သက် တဲ့ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ၀န်ထမ်းတွေ မရိုးမဖြောင့်လုပ်တာရှိရင် အရာရှိတွေကို လာရောက်အသိပေး တိုင်ကြားလို့ရပါတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အစိုးရ အသစ်က ချမှတ်ထားတဲ့ မူဝါဒအ တိုင်းဝန်ထမ်းအဖွဲ့အစည်းကိုကောင်း အောင် စစ်ဆေးအရေးယူတာတွေ လုပ်နေချိန်မှာ ၀န်ထမ်းတွေနဲ့ ဆက်နွယ်ဆောင်ရွက်နေရတဲ့ တစ်ဖက်က ပြည်သူတွေအနေနဲ့ ၀န်ထမ်းတွေကို မရိုးမဖြောင့်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ် အောင်ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ဌာနပေါင်း ၂၀ တွင် ၀န်ထမ်းအရေအတွက် ၁၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

Ref:EMG

Sunday, August 26, 2012

နည်းပညာတက္ကသိုလ်(ဟင်္သာတ)ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား



 နည်းပညာတက္ကသိုလ် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှု
၁၆.၈.၂၀၁၂ က ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့်

အလုပ်သမားများ အသေအပျောက်မရှိခဲ့ကြောင်းသိရပါသည်။
လုပ်ငန်းခွင်တွင် မြေပြိုကျမှုသည် စာသင်ချိန်ဖြစ်ပြီး မြေပြိုကျသံကြားရ၍ ကျောင်းသား/သူများ စိုးရိမ်၊ထိတ်လန့်မှုများရှိခဲ့ကြောင်း ကျောင်းသားများမှ
ပြောကြားခဲ့ပါတယ်။
 
နည်းပညာတက္ကသိုလ်(ဟင်္သာတ)ကို အချိန်မှီပြီးစီးအောင် ဦးစားပေး၍
ခိုင်ခံ့မှု နှင့် စိတ်ချရမှုကို အရေးမထားမှု၏ ဆိုးကျိုးများပင် ဖြစ်သည်ဟု
ကျောင်းသားများမှ မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ကိုးကား-Abfsu Hinthada

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးပို့နိုင်ဟုဆို


ရခိုင်ပြည်နယ်တွင် မေလ နှင့် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရေး အတွက် သတင်း အချက်အလက်များကို rcic.information@gmail.com သို့ အီမေးဖြင့် ပေးပို့နိုင်ကြောင်း နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်လိုက်သည်။
သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပေးခဲ့သည့် အဆိုပါ သီးခြားလွတ်လပ်သော စုံစမ်းရေး ကော်မရှင်၏ လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် စီမံ ခန့်ခွဲရေး ကော်မတီကို ယမန်နေ့က ဖွဲ့စည်းခဲ့ပြီး ပြောရေး ဆိုခွင့်ရှိသူအဖြစ် ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စာတိုက်မှ တစ်ဆင့် ဖြစ်စေ လူကိုယ်တိုင် ဖြစ်စေ ပေးပို့လိုသူများအတွက် လိပ်စာကို ထပ်မံ ကြေငြာသွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လာမည့် ရက်အနည်းငယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများသို့ သွားရောက်၍ ကနဦး လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး အစီရင်ခံစာအတွက် လိုအပ်သော သတင်းအချက်အလက်များကို စနစ်တစ်ကျ ကောက်ယူရန်အတွက် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်သော ပညာရှင်များပါဝင်သည့် သုတေသန အဖွဲ့ ဖွဲ့စည်းသွားမည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်လ ၈ ရက်နေ့အထိ နောက်ဆုံးရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် သေဆုံးသူ ၈၇ ဦး ၊ ထိခိုက် ဒါဏ်ရာရရှိသူ ၁၂၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း နှင့် အိမ်ခြေ ၅၃၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
Ref:The Voice

 DVB သတင်းထောက်တစ်ဦးနှင့် ကျောင်းသားမိဘ တစ်ဦးအား မကွေးတိုင်းဒေသကြီး ပညာရေးမှူးမှ တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အမှုဖွင့်ထား

မကွေးတိုင်းဒေသကြီးတွင် DVB သတင်းထောက်ဦးသူရသက် တင်နှင့်တောင်တွင်းကြီးမြို့မှကျောင်း သား မိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် (ခေါ်) ဥိးဝင်းမြင့်လှိုင်တို့နှစ်ဦးအား မကွေးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးမှ ဒုတိယတိုင်း ပညာရေးမှူးက သြဂုတ်လ ၂၅ ရက်နေ့တွင် မကွေးမြို့အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ၌ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဥပဒေ ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။
အဆိုပါ သတင်းထောက်နှင့် ကျောင်းသားမိဘ ဦးလှိုင်လှိုင်တို့မှာ ဂျပန်နိုင်ငံ KIZUNA ပရောဂျက်အတွက် ပညာတော်သင်ကျောင်းသားများ စေလွှတ်ရန် ကျောင်းသားအရည်အချင်း သတ်မှတ်မှုနှင့် ရွေးချယ်မှု အား မေးမြန်းရန် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန်ခန့်က သွားရောက်ခဲ့ကြကြောင်း၊ တိုင်းပညာရေးမှူးရုံးသို့ အရောက်တွင် ရုံးစာရေးမဒေါ်မြင့်မြင့်ဌေးအား ဦးလှိုင်လှိုင်မှ အထက်ပါကိစ္စနှင့်ပတ်သက်၍အကြောင်းအရာအချို့ သိလိုပါ သည်ဟု ပြောကြားစဉ် DVB သတင်းထောက်မှ Movie ကင်မရာ ဖြင့် မှတ်တမ်းတင်ထားကြောင်း၊ ဒေါ်မြင့်မြင့်ဌေးမှာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ နေရာမှထ၍ ပြေးထွက်သွားခဲ့ကြောင်း၊ DVB သတင်းထောက်နှင့် ဦးလှိုင်လှိုင်တို့မှာ ပညာရေးမှူးရုံးသို့ ပြန်လာခဲ့ပြီး နောက်တစ်နေ့မနက် (သြဂုတ်လ ၂၅ ရက်နေ့) တွင်မှ ရဲစခန်းတွင် အမှုဖွင့်ထား သည်ဟု သိရှိရ၍ စခန်းသို့သွား ရောက်ခဲ့ကြကြောင်း သိရသည်။
အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ DVB သတင်းထောက်၏ ကင်မရာ၊ သတင်းထောက်ကတ်နှင့် Memory Stick တို့အား ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားခဲ့ကြောင်း၊ DVB သတင်းထောက်နှင့် ဦးလှိုင်လှိုင်တို့ အား အာမခံဖြင့် သြဂုတ်လ ၂၅ ရက် နေ့ ညနေ ၄း၃၀ နာရီအချိန်ခန့်တွင် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
“အခုကိစ္စမတိုင်မီမှာ ပခုက္ကူ ရေကြီးတာကို ဓာတ်ပုံရိုက်လို့ သတင်းထောက်ဆီက Memory ကတ် သိမ်းတာ၊ မိုးကြီးလို့ သစ်ပင်လဲတာ ကို ဓာတ်ပုံရိုက်လို့ဆိုပြီး ရဲစခန်းမှာ နှစ်ရက်ထိန်းသိမ်းခံရတာတွေကို ကျွန်တော်တို့ နယ်သတင်းထောက်တွေ ကြုံခဲ့ရတယ်။ အခုလည်းဖြစ်ပြန်ပြီ။ မကွေးတိုင်းဒေသကြီးရဲ့ အခုလိုဖြစ်စဉ်တွေက ဒီမိုကရေစီအပြောင်းအလဲ ကာလအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မကွေးတိုင်းဒေသကြီးဟာ သတင်းထောက်တွေ အတွက် အန္တရာယ်များတဲ့ ဒေသတစ်ခုဖြစ်နေပါ ပြီ” ဟု Weekly Eleven Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးမှ ပြောကြားခဲ့ပါသည်။

Ref:EMG

Saturday, August 25, 2012

ဧရာဝတီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အဖွဲ့ကွဲ ပြဿနာ ဖြစ်ဟုဆို

ဧရာဝတီတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အတွင်း အုပ်စုဖွဲ့၊ ဂိုဏ်းဂဏ အစွဲ များကြောင့် ပြသနာများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းပါတီဝင်များက The Voice Weekly သို့ ပြောကြားသည်။

ယင်းကဲ့သို့ ပြဿနာဖြစ်ရခြင်းနှင့် ပတ်သက်၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးတွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်မည် ဖြစ်သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီတိုင်း ဒေသကြီး အတွင်း တိုင်းခရိုင် ကော်မရှင်များကို ပြန်လည် စိစစ်ပေးရန်နှင့် လက်ရှိ တိုင်းဒေသကြီးအဆင့် တာဝန် ယူထားသူများက အုပ်စုဖွဲ့ ချုပ်ကိုင်ရန် ကြိုးစား နေမှုများကို သက်သေ အထောက်အထားဖြင့် ရှင်းလင်းရန် ဖြစ်ကြောင်း ပုသိမ် NLD အဖွဲ့ဝင် ဒေါက်တာ သန်းထိုက်က The Voice Weekly သို့ ပြောကြားသည်။

“နေရာ လုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံတွေ ပါတီထဲမှာ လွဲသွားမှာစိုးလို့ လုပ်ရတာပါ ဟု ၄င်းက ရှင်းပြသည်။

ယင်းကိစ္စရပ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်မည်ကို The Voice Weekly က ဆက်သွယ် မေးမြန်းသော်လည်း ပါတီ၏ လပတ် အစည်းအဝေးနှင့် တိုက်ဆိုင် နေသောကြောင့် ဖြေကြားနိုင်သူနှင့် ပြောကြားခွင့် မရခဲ့ပေ။

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြောင်းမြ ၊ ပုသိမ် ၊ ဟသာင်္တ ၊ဓနုဖြူ နှင့် မအူပင်တို့တွင်လည်း ယင်းသို့သော ကိစ္စရပ်များ ဖြစ်ပွားလျက်ရှိသည့် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် လည်း အုပ်စုဖွဲ့ ၊ ဂိုဏ်းဂဏစွဲ ပြဿနာများ ဖြစ်ပေါ်လျက် ရှိကြောင်း ယင်းပါတီ အသိုင်းအ၀ိုင်းမှ စုံစမ်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြ မြို့နယ်နှင့် တနသာင်္ရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ်တို့တွင် ပါတီဝင်များက ဆန္ဒ ထုတ်ဖော်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။

Ref:The Voice

ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ



ရန်ကုန်၊ သြဂုတ်၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာလယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရုပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။

ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး၏ တင်ပြသော စုံစမ်း စစ်ဆေးမှု အစီရင်ခံစာအရ သြဂုတ် ၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၎င်းအား ရှေ့နေလိုက်သူများ အက်ဥပဒေ ပုဒ်မ ၁၃/စ ဖြင့် အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ် တရားရုံး ပြစ်မှုကြီး အမှတ် ၆၉၇/၂၀၀၇ တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၆ အရအလုပ်နှင့် ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ကျခံရသူဖြစ်ခြင်း၊ ယခုအခါတွင်လည်း ယင်းတရားရုံးတွင်ပင် ပြစ်မှုဆိုင်ရာ အမှုများဖြင့် တရားစွဲဆို ခံထားရခြင်း များသည် ရှေ့နေ ရှေ့ရပ် လုပ်ငန်းနှင့် စပ်လျဉ်းပြီး ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာ ရောက်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး က စုံစမ်း စစ်ဆေး တွေ့ရှိရသဖြင့် ယခုကဲ့သို့ ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်၏ အကြောင်းကြားစာကို ကိုးကားပြီး ၎င်းက ရှင်းလင်း ပြောကြားသည်။

''ကျွန်တော်ဖြစ်ခဲ့တဲ့ အမှုတွေက အကျင့်စာရိတ္တနဲ့ပတ်သက်လို့ ဖြစ်တဲ့ အမှုတွေ မပါဘူး၊ အခုက တရားလွှတ်တော်ချုပ်က ပေးတဲ့ အပြစ်က ပြင်းလွန်းတယ်''ဟု ၎င်းက ဆိုသည်။

ရှေ့နေများတွင်ရှိသော ကျင့်ဝတ်များကို ချိုးဖောက်ပါက ရှေ့နေလိုင် ရပ်စဲခြင်း(ကာလတစ်ခုခုဖြင့်)၊ ရုပ်သိမ်းခြင်းများကို တရားလွှတ်တော်ချုပ်က ပြုလုပ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းနိုင်ကပြောကြားသည်။

''ရုပ်သိမ်းတယ်ဆိုရင် လိုင်စင် ပြန်မရဖို့များတယ်။ ရုပ်သိမ်းခံရတဲ့ ရှေ့နေအနေနဲ့လိုင်စင်ပြန်ရဖို့ အသနားခံစာတင်ရမှာပေါ့။ ရှေနေ ကျင့်ဝတ်နဲ့ မညီဘူးဆိုတာ မဟုတ်ဘူးဆိုတာကိုတော့ ခုခံ ချေပခွင့် ရှိသင့်တယ်''ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

၎င်းသည် ရှေ့နေ ဦးသိန်းသန်းဦး၊ ဦးစောဖရီးဒန်း၊ ဦးမျိုးမြင့်စိုး၊ ဒေါ်စန္ဒာဦး တို့နှင့်အတူ ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်ရန် ယခုလ ၂၃ ရက်နေ့က ကိုယ်စားလှယ် လွှဲစာ တင်ခဲ့သည်ဟု တရားစွဲဆိုခံရသူ ဦးနေမျိုးဝေက ပြောကြားသည်၊

''ကျွန်တော်ဘက်က လိုက်ပါမယ့် ရှေ့နေ နောက်ထပ်နှစ်ယောက် တိုးဖို့ရှိတယ်။ ဒါက သူထွက်ခြင်း မထွက်ခြင်းနဲ့တော့မဆိုင်ပါဘူး၊ သူကတော့ ထွက်သွားပါပြီ'' ဟု ၎င်းကဆိုသည်။

Ref:The Voice

DVB သတင်းထောက် တစ်ဦး တရားစွဲ ခံရ


ရန်ကုန် ၊ သြဂုတ် ၂၅

နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ မကွေးတိုင်း ဒေသကြီး အခြေစိုက် သတင်းထောက် တစ်ဦးအား လက်ထောက်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ တရားလို ပြုလုပ်၍ တာဝန်ဝတ္တရား နှောက်ယှက်မှု ဖြင့် ယနေ့ တရားစွဲဆို လိုက်ကြောင်း ကာယကံရှင် ကိုယ်တိုင် The Voice Weekly သို့ ပြောကြားသည်။

DVB သတင်းထောက်၏ အမည်မှာ ကိုဇော်ဖေ ဖြစ်ပြီး မြန်မာနိုင်ငံမှ နမ၀တန်း ကျောင်းသားများကို ဂျပန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်မည့် အစီစဉ်တွင် မကွေးတိုင်း ဒေသကြီးမှ ကျောင်းသူ ကျောင်းသားများလည်း လျှောက်ထားမည် ဖြစ်သောကြောင့် သတင်း ရရှိရန်အတွက် သက်ဆိုင်ရာ ပညာရေး မှူးရုံးသို့ သွားရောက် မေးမြန်ခဲ့ပြီး အထက်ပါအတိုင်း တရား စွဲဆိုခံရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ရဲစခန်းက ကျွန်တော့် SONY ဗွီဒီယို ကင်မရာနဲ့ Memory stick တွေကို ရဲစခန်းက သိမ်းထားပါတယ်။ ခုကျွန်တော်တို့ အာမခံယူပြီး နေနေပါတယ်” ဟု ၄င်းက ဆိုသည်။

DVB သတင်းထောက် ကိုဇော်ဖေသည် သြဂုတ်လ ၂၄ ရက်နေ့ ညနေ လေးနာရီတွင် အဆိုပါ သတင်းအတွက် လက်ထောက် ပညာရေးမှူးထံ သွားရောက် မေးမြန်းသော်လည်း အခြား တာဝန်ရှိသူ တစ်ဦးထံ လွဲပြောင်းလိုက်ပြီး ထိုသူထံ သွားရောက် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသောကြောင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်း သွားယူရာတွင် လိုက်ပါခဲ့သည့် ကျောင်းသား မိဘ တစ်ဦးက ပြောကြားသည်။

The Voice Weekly အနေဖြင့် မကွေးတိုင်း ပညာရေးမှူးရုံးသို့ ဆက်သွယ်ရန် ကြိုးစား သော်လည်း ရုံးပိတ်ရက် ဖြစ်နေသောကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

ယင်း တရားစွဲဆိုမှုကို မကွေးမြို့နယ် ရဲစခန်းမှ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉နာရီတွင် အကြောင်းကြား ခဲ့သည့် အတွက် သွားရောက်ခဲ့ပြီး ရဲစခန်းမှ ကင်မရာကို ရှာဖွေပုံစံဖြင့် သိမ်းယူ ခဲ့သော်လည်း တရားစွဲဆိုမှု အမှု (ပ) နံပါတ်ကိုမူ ပြောဆိုခြင်း မရှိကြောင်း ကိုဇော်ဖေက The Voice Weekly သို့ ပြောကြားသည်။

Ref:The Voice

မန္တလေးမြို့တွင် ကားပစ္စည်းခိုးယူသူများအား သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြင်းလုံးဝမရှိ





 မန္တလေးမြို့တွင် ကားပစ္စည်းခိုးယူသူများ များပြားလျှက်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာ မရှိကြောင်းသိရသည်။
ကားပစ္စည်းခိုးယူသူများမှာ ကား Back မှန်၊ကားဘီး alloy အဖုံး၊ကားတံဆိပ် စသည်တို့ကို အများဆုံးခိုးယူနေကြောင်းသိရသည်။

ကားပစ္စည်းသူခိုးများမှာ မြို့တွင်း လှည့်လည်ခိုးယူပြီးနောက် မန္တလေးမြို့ ၂၅×၈၁ အနီးအနားတွင် အုပ်စုဖွဲ့ ပြန်လည်ရောင်းချနေကြောင်းသိရသည်။ ကားပစ္စည်းအခိုးခံရသူ ကားပိုင်ရှင်တို့မှာ ကားပစ္စည်းဆိုင်များတွင် အခိုးခံရသော ပစ္စည်းများကို ၀ယ်ယူမရရှိနိုင်ဘဲ ကုလားသူခိုးဈေးဖြစ်သော မန္တလေးမြို့ ၂၅×၈၁လမ်းထောင့်တွင်သာ မိမိပစ္စည်းကို ပြန်လည်ဝယ်ယူရကြောင်းသိရသည်။

"ကျွန်တော်တို့ အိမ်က ကားရဲ့ back မှန်နဲ့ ကား အလွိုင်းအဖုံးအခိုးခံလိုက်ရတော့ မြို့ထဲမှာရှိတဲ့ ကားအပိုပစ္စည်းဆိုင်တွေမှာ လိုက်ရှာတာ လုံးဝမရှိဘူး နောက်ဆိုင်တစ်ဆိုင်ကနေ ၂၅×၈၁လမ်းထောင့်ကို မနက်စောစော သွားရှာတဲ့ သေချာပေါက်ရှိတယ်ဆိုလို့ သွားတော့ ကျွန်တော့်အခိုးခံရတဲ့ ပစ္စည်းတွေကို သတ်သတ်ထုတ်ထား သူခိုးဈေးမှာ တွေ့ရတယ်။အဲ့တာနဲ့ ကိုယ့်ပစ္စည်းကို ၆သောင်းပေးပြီး ပြန်ဝယ်ခဲ့ရတယ်။အဲ့တာကို ကား back မှန် သူတို့တပ်ပေးတဲ့ နောက်တစ်ခါ အခိုးမခံရအောင်လို့တဲ့ မှန်အပေါ်မှာ coating လေးလုပ်ပေးလိုက်သေးတယ်။ဒီလောက်ရဲရဲတင်းတင်း မြို့လည်ခေါင်မှာ ခိုးနေတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက လုံးဝ ကို အရေးမယူတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ"ဟု ကားပစ္စည်းအခိုးခံရသူတစ်ဦးက NewsOfMyanmar သို့ပြောသည်။


  

(မန္တလေးသတင်းပုံရိပ်များမှ ကားback မှန်အခိုးခံရသူတစ်ဦး၏ ပြောကြားချက်-

မန်းတလေးတွင် car rearview mirror ခိုးသူများ သောင်းကျန်းလျက်ရှိသည်။ အခိုးခံရသော backမှန်ကို နောက်တနေ့  မနက် ၄င်းသူခိုးများဧ။် ဆရာကြီး သူခိုးလက်ခံဆိုင်တွင် မိမိပစ္စည်းကိုပင် ဈေးကြီးပေး၍ ပြန်ဝယ်ယူရပါသည်။ တိုက်ဆိုင်လွန်းသည်လား? ကိုယ်ပဲအ,သလား မသိပါ။ april မှ august အတွင်း (၆)ခါ တိတိ အခိုးခံရပြီးပါပြီ။ အိမ်ရှေ့-ဆိုင်ရှေ့ ။လူရှိသည်။ BACKမှန် ခေါက်ထားသည်။ ရအောင် backမှန်အိမ်ကို ချိုးပြီးခိုးသည်။ သူခိုးလက်ခံဆိုင်တွင် သွားဝယ်လျင် ကိုယ့်အမှတ်အသားနှင့် ကိုယ့်မှန်ကို အတိအကျပြန်ရသည်။ သူတပါး စီးပွားမထိခိုက်စေလိုသော်လည်း ဒါမျိုးသူခိုးနှင့် သူခိုးလက်ခံဆိုင်များကိုတော့ အရေးယူသင့်ပါပြီ။ backမှန် မပါဘဲ ခဏလေး ကားမောင်းရတာ တောင် အရမ်းဒုက္ခများပါသည်။ သက်ဆိုင်ရာ ရဲစခန်းတွင် သူခိုးများနှင့် သူခိုးလက်ခံဆိုင်များ စာရင်း အကုန်ရှိသည် ဟုသိရသည်။ ဘာကြောင့် အရေးမယူသည်ကို မသိရပါ။



                                   


 


"အသွင်ကူးပြောင်းရေးကာလ" ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့ကြောင်း သိရ


ဝါရှင်တန်အခြေစိုက် အကြံပေးပညာရှင်အဖွဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေး မဟာဗျူဟာ စင်တာ (CSIS) မှ ပညာရှင်လေးဦးနှင့် အာရှဖောင်ဒေးရှင်း၊ အမျိုးသမီးစွမ်းအားမြင့်တင်ရေးအဖွဲ့မှ ပညာရှင်တစ်ဦးတို့ပါဝင်သော "အသွင်ကူးပြောင်းရေးကာလ" ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ပညာရှင်များက မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ၊ ဒေသတွင်းဖွံ့ဖြိုးမှုနှင့် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်နိုင်ရေး၊ အမေရိကန်က မြန်မာနိုင်ငံကို မည်ကဲ့သို့ ကူညီပေးနိုင်သည်များကို သိရှိနိုင်ရေးတို့ကို အဓီကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ref:EMG