Showing posts with label လွှတ်တော်သတင်းများ. Show all posts
Showing posts with label လွှတ်တော်သတင်းများ. Show all posts

Saturday, February 23, 2013

လွှတ်တော်သတင်း-“နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာ

ဒေါက်တာအောင်သန်း (ရွှေဘိုမဲဆန္ဒနယ်)က “နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာတွင်  လွန်ခဲ့သော နှစ်များစွာမှ ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များသည် တိကျသော သတ်မှတ်ချက်မူများနှင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့သောကြောင့် နိုင်ငံ့ဝန်ထမ်း ထမ်းဆောင်ခြင်းအပေါ် စိတ်သောကနှင့် မရေရာသောလမ်းပေါ် လျှောက်နေရသလို...

Monday, August 27, 2012

ဝန်ကြီးများပြောင်းလဲတာဝန်ပေးအပ်ခြင်း သတင်းအပြည့်အစုံ

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းအား အမိန့်အမှတ် ၂၂/၂၀၁၂ နှင့် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်းအား အမိန့်အမှတ် ၂၁/၂၀၁၂ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည် ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ၉ ဦးဖြစ်ပြီး ၎င်းတို့၏ လက်ရှိတာဝန်ယူရမည့် ဝန်ကြီးဌာနနှင့် ယခင်ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ဦးစိုးသိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - စက်မှုဝန်ကြီးဌာန) ၂။ ဦးအောင်မင်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ရထားပို့ဆောင်ရေးဝန်ကြီးဌာန) ၃။ ဦးလှထွန်း - သမ္မတရုံးဝန်ကြီးဌာန...

ပြည်ထောင်စု ၀န်ကြီး (၉) ဦးတာဝန်ပြောင်းလဲ ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ကြေညာ

ကြေညာချက် အပြည့်အစုံမှာ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၂၂/၂၀၁၂) ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်) ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည် - (၁) ဦးစိုးသိန်း သမ္မတရုံးဝန်ကြီးဌာန (၂) ဦးအောင်မင်း သမ္မတရုံးဝန်ကြီးဌာန...

Saturday, August 25, 2012

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အတည်ပြုပြောကြား

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ...

လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် သည်းခံစောင့် ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား

လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း(သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှမရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် မိမိတို့ လွှတ်တော်၏ အခန်းကဏ္ဍ ရောက်ရှိလာသည့် အခါတွင် ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်နိုင်အောင် သည်းခံစောင့်ဆိုင်းပေးပါရန် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သြဂုတ်လ ၂၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း တင်သွင်းသည့် "ပြည်သူ့ လွှတ်တော်ဥက္ကဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ သ၀ဏ်လွှာနှင့် နိုင်ငံတော် သမ္မတက...

Friday, August 24, 2012

ခုံရုံးကိစ္စ မည်သို့ ဆက်ဆောင်ရွက်မည်ကို ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင် မေးခွန်းထုတ်

နေပြည်တော်၊ သြဂုတ် ၂၄ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဌက မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို လွှတ်တော် ကိုယ်စားလှယ်များက သိရှိလိုကြောင်း ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း၍ မေးခွန်းထုတ်သည်။ သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက အရေးကြီး အဆို တင်သွင်းရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို အထက်ပါအတိုင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်အသီးသီး...

ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်(သမ္မတရုံးအဆင့်မြင့် အရာရှိတစ်ဦး၏ Facebook စာမျက်နှာမှဖော်ပြထားခြင်းဖြစ်သည်)

၁။       နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။ ၂။        နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။ အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော  သ၀ဏ်လွှာ  ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။] ၃။      ...

ယနေ့(၂၄.၈.၂၀၁၂)နံနက်ပိုင်းသတင်းများစုစည်းမှု

-ယနေ့ (သြဂုတ်လ ၂၄ရက်နေ့) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်၍ ခွင့်ယူထားကြောင်း သိရှိရပြီး ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ CEC အစည်းအဝေးတက်ရောက်မည် ဖြစ်ကြောင်းနှင့် သြဂုတ်လ ၂၅ရက်နေ့တွင် ကော့မှုးမြို့နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀နာရီ ၁၀မိနစ် အချိန်က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး...

Thursday, August 23, 2012

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက မှားယွင်း ဆောင်ရွက်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် အရေးကြီး အဆိုတင်

နေပြည်တော်၊ သြဂုတ် ၂၃ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ချက် ချခဲ့သည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက မှားယွင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၏ ဒသမနေ့ အစီအစဉ်များတွင် မပါဝင်ဘဲ မွန်းလွဲ ၃ နာရီခန့်တွင် ပြည်ထောင်စု လွှတ်တော် နာယက၏ ခွင့်ပြုချက်ဖြင့်...

လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကျော် ကန့်ကွက် သဖြင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ ဖတ်ကြားရန် ရွှေ့ဆိုင်း

နေပြည်တော်၊ သြဂုတ် ၂၃နေပြည်တော်တွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင် ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏ ၁၇ ရက်၊ ၈ လ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသည့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကျော်က ကန့်ကွက်ခဲ့သဖြင့် ဖတ်ကြားခြင်း မပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်း ရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် ကန့်ကွက် ခဲ့သည့်...

လွှတ်တော်က မှတ်တမ်းတင်မည့် အစီအစဉ်အား၊ ထိုသ၀ဏ်လွှာအပေါ် ကန့်ကွက်မှု ရှိနေသည့်အတွက် အစည်းအဝေးတွင် ထည့်သွင်းခဲ့

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၁၇ ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာကို ယနေ့ (သြဂုတ် ၂၃) ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက ဖတ်ကြားပြီး လွှတ်တော်က မှတ်တမ်းတင်မည့် အစီအစဉ်အား၊ ထိုသ၀ဏ်လွှာအပေါ် ကန့်ကွက်မှု ရှိနေသည့်အတွက် အစည်းအဝေးတွင် ထည့်သွင်းခဲ့ခြင်း မရှိပေ။ ရခိုင်တိုင်းရင်းများတိုးတက်ရေးပါတီက နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော သ၀ဏ်လွှာထဲမှ အချက် ၉ ချက်ကို ကန့်ကွက်ထားကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။ မူလက ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး...

။ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရ

ယနေ့ (သြဂုတ် ၂၃ ရက်) ကျင်းပမည့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ အတွက် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ပြီးဖြစ်သော်လည်း လွှတ်တော် ဥက္ကဌ နှစ်ဦးသည် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံနေသည့်အတွက် လွှတ်တော်အစည်းအဝေးများကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။Ref:...

ယနေ့ပြုလုပ်မည့် ပြည်သူ့ လွှတ်တော် နှင့် အမျိုးသားလွှတ်တော် မကျင်းပဖြစ်

ယနေ့ပြုလုပ်မည့် ပြည်သူ့ လွှတ်တော် နှင့် အမျိုးသားလွှတ်တော် မကျင်းပဖြစ်ခြင်းမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌနှစ်ဦးကိုသမ္မတခေါ်ယူတွေ့ဆုံနေခြင်းကြောင့် ဖြစ်သည် ဆိုသောသတင်းများ လွှတ်တော်တွင် ထွက်ပေါ်နေသည်ဟု The Vocie Weekly လွှတ်တော်သတင်းထောက် ကသတင်းပေးပို့သည်။ ယင်းသတင်းအတည်ပြုနိုင်ရေး ကြိုးစားလျက်ရှိပါသည်။ Ref:The Vo...

ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းနှင့် မြန်မာတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကြီးမှူးကျင်းပရေး အဆိုတို့ကို အတည်ပြု

ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၂)ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ခန်းမ၌ ကျင်းပရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပါအဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၂၁၆ ဦးတို့ တက်ရောက် ကြေသည်။အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာ ခင်မောင်လေး၏ ''သက်ကြီး ဆရာဝန် များ၏ Passport ရရှိရေးအတွက် လုပ်ဆောင်ချက်များ အဆင့်ဆင့်ကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က နိုင်ငံ့တာဝန်ထမ်း...

Wednesday, August 22, 2012

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း အဆိုပါတွေ့ဆုံမှုနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။ တွေ့ဆုံမှုတွင် ဆွေးနွေးမှုများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရဘဲ အလွတ်သဘော တွေ့ဆုံမှုသာဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယခုတွေ့ဆုံမှုသည် နှစ်ပတ်အတွင်း ဒုတိ ယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုမှာ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းကဖြစ်ကာ တွေ့ဆုံခဲ့သည့်အကြိမ်ရေ စုစုပေါင်း...

လွှတ်တော်အစည်းအဝေးများ၏ ဆွေးနွေးချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

လွှတ်တော်အစည်းအဝေးများ၏ ဆွေးနွေးချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ကျွန်တော့်မေးခွန်းကတော့ (က) ပြည်သူလူထုသည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ အစည်းအဝေးများကို စိတ်ဝင်စားပြီး သတင်းအချက် အလက်အပြည့်အစုံ ကြားသိလိုကြသည်ကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သိပါသလား။ (ခ) အာဖရိကတိုက်ရှိ နိုင်ငံငယ်တချို့သည်ပင်လျှင် လွှတ်တော်အစည်းအဝေး၏ အခင်းအကျင်းနှင့် ဆွေးနွေးချက်များကို ၎င်းနိုင်ငံရှိ...

Tuesday, August 21, 2012

အမျိုးသား လွှတ်တော်က အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု စတင်ပြုလုပ်မည်

နေပြည်တော်၊ သြဂုတ် ၂၁ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များက နှုတ်ထွက်ပေးမည် မဟုတ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ဖော် ပြောကြား လိုက်သည့် အတွက် အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှုများစတင် ပြုလုပ် တော့မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ယနေ့ ပြောကြားသည်။ "စွပ်စွဲ ပြစ်တင်မှု အရင် လုပ်မယ်။ ပြီးရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မယ်" ဟု၎င်းက ဆက်လက် ပြောဆိုသည်။ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော် ဥပဒေ တို့တွင် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်၊ အဖွဲ့အစည်း အသီးသီးမှာ ပြည်ထောင်စု အဆင့်ပင်...

Monday, August 20, 2012

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ

နေပြည်တော်၊ သြဂုတ် ၂၀ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း လွှတ်တော် ကိုယ်စား လှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။ နိုင်ငံတော် သမ္မတထံမှ...

Monday, August 13, 2012

ယနေ့ နေ့လည်ပိုင်း လွှတ်တော်သတင်း

ယနေ့ နေ့လည် ၁၁ နာရီ အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ ဆက်လက်တက်ရောက်လျက် ရှိကြောင်း သိရှိရသည...

ယနေ့(၁၃.၈.၂၀၁၂)ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအစီအစဉ်

ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်ရုံများ၊ အလုပ်ဌာနများ၊ ကုမ္ပဏီများ၊ ဈေးကြီးများအတွင်းရှိ အလုပ်သမားများနှင့် ပျံကျ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့် ရရှိစေရေးတို့ကို သက်ဆိုင်ရာဌာန မှ နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း၊ ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော ၀န်ထမ်းများအား ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြည်နယ်နှင့် ရုံးချုပ်များတွင် အလှည့်ကျ တာဝန် ထမ်းဆောင်စေခြင်း၊ အရည်အချင်း တူညီပါက ဒေသခံပြည်နယ်သားများအား ဦးစားပေးဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊...