Showing posts with label နယ်သတင်းများ. Show all posts
Showing posts with label နယ်သတင်းများ. Show all posts

Saturday, March 16, 2013

အမျိုးသမီး ၁ ဦး ရထားတိုက်မိ သေဆုံး

နေပြည်တော်၊ မတ် ၁၆၁၅-၃-၂၀၁၃ရက်နေ့ ၀၇၂၅ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာတော်ဘူတာနှင့် ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်(၂၂၆/၁-၂)ကြားတွင် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် ရထားသည် ရထားလမ်းဖြတ်ကူးသူအမျိုးသမီး ၁ ဦးအား ရထားစက်ခေါင်းဖြင့်တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် ရထားလုံခြုံရေးလိုက်ပါလာသော ပြည်ရထားရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ရထားတိုက်ခံရသူမှာ အသက်(၇၅)နှစ်ခန့် အမျိုးသမီး ၁ ဦးဖြစ်ပြီး ရထားတိုက်မိမှုကြောင့် ၀ဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့...

ထစ်ခနဲရှိဆန္ဒပြကြ စတမ်းသာဆို ငါတို့ မိုးကုတ် တစ်မြို့လုံး ပြသင့်တာကြာပေါ့

မိုးကုတ်သူ တစ်ယောက် ရေးသည် ======================= ထစ်ခနဲရှိဆန္ဒပြကြ စတမ်းသာဆို ငါတို့ မိုးကုတ် တစ်မြို့လုံး ပြသင့်တာကြာပေါ့ ဘိုးဘွားစဉ်ဆက် မြေကြီးထဲက ထွက်တဲ့ ကျောက် တစ်မျိုးထဲ နဲ့သာ အသက်မွေးကြတဲ့မြို့က လူတွေ ရဲ့နေရာ ကို အဲ့ဒီ ဦးပိုင်ဆို တဲ့ဟာတွေ ပဲ လာဝင်ကြီးစိုးသွားတော့ ကိုယ့်မြို့က လူတွေ ဘဝ တွေ ဒုက္ခရောက်ကြရော တစ်သက်လုံး ဘယ် သူ့ လက်အောက်ဝန်ထမ်းမှ မလုပ်ဖူးတဲ့လူတွေ တစ်မြို့ တစ်ရွာ ပြောင်းပြီး အလုပ် လုပ်ရတယ်။ ကိုယ့်မြေက ထွက်တဲ့ကျောက် တောင် ကိုယ်မမြင်လိုက်ရ တဲ့ လူတွေဘဝ ။ လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘာမှကို မရှိတာ။ နိုင်ငံခြားသား...

လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား by Zeya Thu

ဒီတစ်ပတ်တော့ သမိုင်းဝင် လက်ပံတောင်းတောင် အစီရင်ခံစာထွက်တာနဲ့လည်း တိုက်ဆိုင်နေတာကြောင့် အစီရင်ခံစာအကြောင်းလည်း ရေးဖြစ်သွားတယ်။ အခုအချိန်မှာ လူစိတ်အ၀င်စားဆုံး ကိစ္စရပ် ဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံ အနာဂတ်အတွက်လည်း အရေးကြီးပါတယ်။ အမြင်တွေကတော့ အမျိုးမျိုး ရှိကြမှာပဲ။ ဒီလိုရှိကြတာလည်း ကောင်းပါတယ်။ ကျွန်တော်လည်း ကျွန်တော် မြင်တာလေး ရေးထားပါတယ်။ လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား မြန်မာ့ ခေတ်သစ်သမိုင်းတွင် မှတ်တိုင် ဖြစ်သော လက်ပံတောင်း အစီရင်ခံစာတွင်  မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ်ကြည့်မိသည်။ စာချုပ်ပြန်ပြင်ချုပ် စီမံကိန်းကို ...

Thursday, March 14, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု

မီဒီယာကြီးများထံမှ ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု-နိုင်ငံရေးလုပ်ခြင်းသည် အချစ်ခံချင်၍လုပ်ခြင်းမဟုတ်ဘဲ မိမိမှန်သည်ထင်ရာကိုလုပ်ကိုင်ခြင်းဖြစ်ရာ အမုန်းခံရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။မုံရွာမြို့၊ ၀င်းယူနတီဟိုတယ်တွင် မီဒီယာသမားများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်တွင် ပါဝင်နေခြင်းသည် လက်ခုတ်ရာဓါးဝင်လျှိုနေသကဲ့သို့ ဖြစ်နေပါသလားဟူသော...

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင် ကျော်ဝင်း

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင် ကျော်ဝင်း ဂိမ်းသီအိုရီ အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို...

Saturday, February 23, 2013

မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု

မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု --------------------------------------------------------------------------------------- ၂၀ရက် ၊ ၂လ ၊ ၂၀၁၃ ရက်နေ့တွင် ရန်ကုန်မှကွင်းကောက်သို့ ခရီးသည်များတင်ဆောင်သွားသည့်မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ သည် ဟသာင်္တ နှင့် တလုတ်ထော်ကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့် လမ်းဘေးသို့ထိုးကျပက်လက်လန် တိမ်းမှောက်ခဲ့ပါ၍ ခရီးသည် (၁၇) ဦးဒါဏ်ရာရခဲ့ပါသည်။ မကြာသေးခင်ကာကလည်း...

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ ၅ နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ်သလို၊အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းလာရင်လာသလို၊သာရေးနာရေးယာဉ်တန်းတွေလာရင်လာသလိုဆက်လက်လမ်းရှင်းလက်အချက်ပြရပါတယ်။ထမင်းစားချိန်ကတော့အဆင်ပြေသလိုစားကြတာပေါ့။ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။ညဆိုရင်...

Friday, February 22, 2013

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄နာရီ ၄၅မိနစ်အချိန်က မန္တလေးမှ တောင်ကြီးမြို့သို့ ခရီးသည် ၂၅ ဦးလိုက်ပါလာသော ရန်ကြီးအောင်ခရီးသည်တင်ယာဉ်အမှတ် ၂ ဃ /------သည် ဟဲဟိုး-အောင်ပန်းပြည်ထောင်စုလမ်းမကြီး သီခေါင်တောင်အဆင်းမိုင်တိုင်အမှတ် (၈၇/၄)နှင့် (၈၇/၅)အကြားတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ အကွာခန့်ရှိချောက်တွင်းသို့ ထိုးကျသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ သေဆုံးမှုမဖြစ်ခဲ့သော်လည်း ယာဉ်မောင်းနှင့်နောက်လိုက် အပါအ၀င် ခရီးသည် ၂၅ဦးအနက်...

ဗုဒ္ဓဘာသာ (၅)မျိုး

ဗုဒ္ဓဘာသာ (၅)မျိုး ။။။။။။။။။။။။။။။။။။။။။။။။။ ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့ (၁) ကုလ ဗုဒ္ဓဘာသာ (၂) လာဘ ဗုဒ္ဓဘာသာ (၃) ဘယ ဗုဒ္ဓဘာသာ (၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ (၅) ပညာဓိက ဗုဒ္ဓဘာသာ (၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ...

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့ကို အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်

“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊ မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။...

Tuesday, August 28, 2012

ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား

ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု...

Monday, August 27, 2012

 မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက် ကျူးလွန်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိနှင့်အောက်ခြေ၀န်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်

မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့် မှ ဌာနစုမှူးအဆင့်အတွင်း)နှင့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှုပြုလုပ်ခဲ့သည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယခု အရေးယူခဲ့သည့် စာရင်း မှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီ လ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။ အလုပ်ဖြုတ်တာတို့၊ ရာထူးလျှော့ချတာတွေ၊ ဌာနပြောင်းတာတွေ ရှိတယ်လို့သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ၀န်ထမ်းတွေက...

Sunday, August 26, 2012

နည်းပညာတက္ကသိုလ်(ဟင်္သာတ)ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား

 နည်းပညာတက္ကသိုလ် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှု ၁၆.၈.၂၀၁၂ က ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့် အလုပ်သမားများ အသေအပျောက်မရှိခဲ့ကြောင်းသိရပါသည်။ လုပ်ငန်းခွင်တွင် မြေပြိုကျမှုသည် စာသင်ချိန်ဖြစ်ပြီး မြေပြိုကျသံကြားရ၍ ကျောင်းသား/သူများ စိုးရိမ်၊ထိတ်လန့်မှုများရှိခဲ့ကြောင်း ကျောင်းသားများမှ ပြောကြားခဲ့ပါတယ်။  နည်းပညာတက္ကသိုလ်(ဟင်္သာတ)ကို အချိန်မှီပြီးစီးအောင် ဦးစားပေး၍ ခိုင်ခံ့မှု နှင့် စိတ်ချရမှုကို အရေးမထားမှု၏ ဆိုးကျိုးများပင်...

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးပို့နိုင်ဟုဆို

ရခိုင်ပြည်နယ်တွင် မေလ နှင့် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရေး အတွက် သတင်း အချက်အလက်များကို rcic.information@gmail.com သို့ အီမေးဖြင့် ပေးပို့နိုင်ကြောင်း နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်လိုက်သည်။ သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပေးခဲ့သည့် အဆိုပါ သီးခြားလွတ်လပ်သော စုံစမ်းရေး ကော်မရှင်၏ လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင်...

 DVB သတင်းထောက်တစ်ဦးနှင့် ကျောင်းသားမိဘ တစ်ဦးအား မကွေးတိုင်းဒေသကြီး ပညာရေးမှူးမှ တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အမှုဖွင့်ထား

မကွေးတိုင်းဒေသကြီးတွင် DVB သတင်းထောက်ဦးသူရသက် တင်နှင့်တောင်တွင်းကြီးမြို့မှကျောင်း သား မိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် (ခေါ်) ဥိးဝင်းမြင့်လှိုင်တို့နှစ်ဦးအား မကွေးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးမှ ဒုတိယတိုင်း ပညာရေးမှူးက သြဂုတ်လ ၂၅ ရက်နေ့တွင် မကွေးမြို့အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ၌ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဥပဒေ ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။ အဆိုပါ သတင်းထောက်နှင့် ကျောင်းသားမိဘ ဦးလှိုင်လှိုင်တို့မှာ ဂျပန်နိုင်ငံ KIZUNA ပရောဂျက်အတွက် ပညာတော်သင်ကျောင်းသားများ စေလွှတ်ရန် ကျောင်းသားအရည်အချင်း သတ်မှတ်မှုနှင့် ရွေးချယ်မှု အား မေးမြန်းရန်...

Saturday, August 25, 2012

ဧရာဝတီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အဖွဲ့ကွဲ ပြဿနာ ဖြစ်ဟုဆို

ဧရာဝတီတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အတွင်း အုပ်စုဖွဲ့၊ ဂိုဏ်းဂဏ အစွဲ များကြောင့် ပြသနာများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းပါတီဝင်များက The Voice Weekly သို့ ပြောကြားသည်။ယင်းကဲ့သို့ ပြဿနာဖြစ်ရခြင်းနှင့် ပတ်သက်၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးတွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်မည် ဖြစ်သည်။ယင်းသတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီတိုင်း ဒေသကြီး အတွင်း တိုင်းခရိုင် ကော်မရှင်များကို ပြန်လည် စိစစ်ပေးရန်နှင့် လက်ရှိ တိုင်းဒေသကြီးအဆင့် တာဝန် ယူထားသူများက အုပ်စုဖွဲ့ ချုပ်ကိုင်ရန်...

ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ

ရန်ကုန်၊ သြဂုတ်၂၅ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာလယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရုပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး၏ တင်ပြသော စုံစမ်း စစ်ဆေးမှု အစီရင်ခံစာအရ သြဂုတ် ၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ...

DVB သတင်းထောက် တစ်ဦး တရားစွဲ ခံရ

ရန်ကုန် ၊ သြဂုတ် ၂၅နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ မကွေးတိုင်း ဒေသကြီး အခြေစိုက် သတင်းထောက် တစ်ဦးအား လက်ထောက်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ တရားလို ပြုလုပ်၍ တာဝန်ဝတ္တရား နှောက်ယှက်မှု ဖြင့် ယနေ့ တရားစွဲဆို လိုက်ကြောင်း ကာယကံရှင် ကိုယ်တိုင် The Voice Weekly သို့ ပြောကြားသည်။DVB သတင်းထောက်၏ အမည်မှာ ကိုဇော်ဖေ ဖြစ်ပြီး မြန်မာနိုင်ငံမှ နမ၀တန်း ကျောင်းသားများကို ဂျပန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်မည့် အစီစဉ်တွင် မကွေးတိုင်း ဒေသကြီးမှ ကျောင်းသူ ကျောင်းသားများလည်း လျှောက်ထားမည် ဖြစ်သောကြောင့် သတင်း ရရှိရန်အတွက် သက်ဆိုင်ရာ ပညာရေး မှူးရုံးသို့...

မန္တလေးမြို့တွင် ကားပစ္စည်းခိုးယူသူများအား သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြင်းလုံးဝမရှိ

 မန္တလေးမြို့တွင် ကားပစ္စည်းခိုးယူသူများ များပြားလျှက်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာ မရှိကြောင်းသိရသည်။ ကားပစ္စည်းခိုးယူသူများမှာ ကား Back မှန်၊ကားဘီး alloy အဖုံး၊ကားတံဆိပ် စသည်တို့ကို အများဆုံးခိုးယူနေကြောင်းသိရသည်။ ကားပစ္စည်းသူခိုးများမှာ မြို့တွင်း လှည့်လည်ခိုးယူပြီးနောက် မန္တလေးမြို့ ၂၅×၈၁ အနီးအနားတွင် အုပ်စုဖွဲ့ ပြန်လည်ရောင်းချနေကြောင်းသိရသည်။ ကားပစ္စည်းအခိုးခံရသူ ကားပိုင်ရှင်တို့မှာ ကားပစ္စည်းဆိုင်များတွင်...

"အသွင်ကူးပြောင်းရေးကာလ" ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့ကြောင်း သိရ

ဝါရှင်တန်အခြေစိုက် အကြံပေးပညာရှင်အဖွဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေး မဟာဗျူဟာ စင်တာ (CSIS) မှ ပညာရှင်လေးဦးနှင့် အာရှဖောင်ဒေးရှင်း၊ အမျိုးသမီးစွမ်းအားမြင့်တင်ရေးအဖွဲ့မှ ပညာရှင်တစ်ဦးတို့ပါဝင်သော "အသွင်ကူးပြောင်းရေးကာလ" ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် ပညာရှင်များက မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ၊ ဒေသတွင်းဖွံ့ဖြိုးမှုနှင့် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်နိုင်ရေး၊ အမေရိကန်က မြန်မာနိုင်ငံကို မည်ကဲ့သို့ ကူညီပေးနိုင်သည်များကို...