Showing posts with label အနုပညာရပ်ဝန်းသတင်းများ. Show all posts
Showing posts with label အနုပညာရပ်ဝန်းသတင်းများ. Show all posts

Friday, August 24, 2012

 မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရွေးကောက်ပွဲတွင် ဂီတအလွှာ အသီးသီးမှ လာရောက်မဲပေးခဲ့ကြပြီး အမှုဆောင်များအဖြစ် အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကာ လူငယ်အနုပညာရှင်များ ပါဝင်လာ

မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ်များထဲမှ အမှုဆောင်များအဖြစ် အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကာ လူငယ် အနုပညာရှင်များ ပါဝင်လာခဲ့ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) အမှုဆောင်သစ်ရွေးချယ်ပွဲအတွက် မဟာဂီတ၊ကာလပေါ်၊ စတီရီယို ၊ခေတ်သစ်ဂီတ၊ ထုတ်လုပ်ဖြန့်ချိ နှင့် အသံဖမ်းစက်မှုအလွှာ အသီးသီးမှ ၁၃၇ဦးမှ အဆိုပြုလွှာများ တင်သွင်းခဲ့ပြီး ယင်းတို့အနက် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခွင့်ရှိသူများအဖြစ် မဟာဂီတအလွှာ ဆို၊ တီး၁၈ဦး၊ ကာလပေါ်အလွှာမှ ရေး၊ဆို၊တီး ၂၈ဦး၊ စတီရီယို အလွှာမှ ရေး၊ဆို၊တီး...

Wednesday, August 22, 2012

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရွေးကောက်ပွဲ တတိယနေ့မြောက် ဆက်လက် ကျင်းပ

ရန်ကုန်၊ သြဂုတ် ၂၂ခောတ်သစ် ဂီတ အလွှာ ထည့်သွင်းရေး နှင့် ပတ်သက် ၍ အခြေအတင် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကာလ အတန်ကြာ ဆိုင်းငံ့ ထားခဲ့ရသော မြန်မာ နိုင်ငံ ဂီတ အစည်းအရုံး(ဗဟို) အမှုဆောင်များ ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းကို ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် တတိယမြောက်နေ့ အဖြစ် ဆက်လက် ကျင်းပသည်။ဂီတ အစည်းအရုံး ရွေးကောက်ပွဲကို သြဂုတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ စတင် ကျင်းပမည်ဖြစ်ပြီး မဟာဂီတ၊ ကာလပေါ်၊ ခေတ်ပေါ်စတူရီယို ၊ ခေတ်သစ် ဂီတအလွှာ နှင့် ထုတ်လုပ် ဖြန့်ချိ ဟူ၍ တစ်ရက်စီခွဲ ကျင်းပမည် ဖြစ်သည်။"ဒီရွေးကောက်ပွဲက ပွင့်လင်း မြင်သာမှု အရမ်း ရှိပါတယ်။ဂီတ အစည်းအရုံးက...

ရန်ကုန်တွင် ပထမဆုံး လူရွှင်တော်ည ကျင်းပမည်

ရန်ကုန်တွင် ပထမဆုံး လူရွှင်တော်ည ကျင်းပမည် ရန်ကုန်၊ သြဂုတ် ၂၂ လူဦးရေ ခြောက်သန်းခန့် နေထိုင်သည့် ရန်ကုန်မြို့တော်တွင် ရယ်မောခြင်းကို နှစ်သက်သူများ အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး လူရွှင်တော်ည( STAND – UP COMEDIAN ) အစီစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း Home ( House of Media & Entertainment ) ၏ တာဝန် ရှိသူ ဦးဇော်သက်ထွေးက ပြောကြားသည်။ အဆိုပါ Home တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး လူရွှင်တော်ညတွင် လူရွှင်တော် ဦးဇာဂနာ၏ တပည့်များ ဖြစ်ကြသည့် ဟာသ လူရွှင်တော် ဗူးခါး၊ ကျေးကျေး၊ သားချို၊ ဆူးဆူး နှင့် ၀ါဝါတို့ က လာရောက်...