Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Saturday, March 16, 2013

နိုင်ငံရေးလုပ်တယ်ဆိုတာ Bird eye view နဲ့လဲ မြင်တတ်ရသလို အသေးစိတ်ကိစ္စတွေကိုလဲ ခွဲခြမ်းစိတ်ဖြာနိုင်ရပါတယ်။ By Myo Set

စာဖတ်ရင်းငြိမ်သက်နေရာကနေ သတင်းတွေဖတ်မိတဲ့အခါမှာ မအောင့်နိုင်တော့လို့ ရေးမိပါတယ်။ ==================================================== နိုင်ငံတော်အဆင့်ပရောဂျက်မှန်သမျှဟာ ကလေးကစားသလို လုပ်လို့မရဘူးဆိုတာ နားလည်ဖို့ကောင်းပေမယ့် နားမလည်ကြသူတွေများတဲ့အတွက် ဒီအချက်ကို ခုတုံးလုပ်ပြီးဒေါ်စုကို အကြပ်ကိုင်တာပါပဲ။ ဒေါ်စုကိုတိုက်ပြီး နာမည်ရအောင်လုပ်တဲ့နည်းပေါ့လေ။ ဖြတ်လမ်းနိုင်ငံရေးနည်းပေါ့။ ဒီဖြတ်လမ်းနည်းကို သုံးပြီး အောင်မြင်မှုရသွားခဲ့တဲ့ ကမ္ဘာကျော်ခေါင်းဆောင်၊...

Saturday, February 23, 2013

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ ၅ နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ်သလို၊အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းလာရင်လာသလို၊သာရေးနာရေးယာဉ်တန်းတွေလာရင်လာသလိုဆက်လက်လမ်းရှင်းလက်အချက်ပြရပါတယ်။ထမင်းစားချိန်ကတော့အဆင်ပြေသလိုစားကြတာပေါ့။ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။ညဆိုရင်...

Friday, February 22, 2013

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့ကို အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်

“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊ မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။...

Sunday, August 26, 2012

ပဲကုန်သည် နှစ်ဦး ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဟုဆို

ရန်ကုန်၊သြဂုတ် ၂၆ လတ်တလော ပဲဈေးကွက် အတွင်း ထွက်ပြေး တိမ်းရှောင်မည့် ပဲကုန်သည်များ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က သြဂုတ်လ၂၆ရက်နေ့ ပြောကြားခဲ့ သော်လည်း ယင်းပဲကုန်သည် နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်မှု လုပ် ရန် မရှိသေးကြောင်း မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည် များအသင်း ဥက္ကဌဖြစ်သူ ဦးအုန်းဆိုင်ကThe Voice Weekly သို့ အတည်ပြု ပြောကြားလိုက်သည်။ “ဒီလိုပြသနာတော့ ဖြစ်သွား ခဲ့ပါတယ်၊ဒီကိစ္စ အတွက် အသင်းအနေနဲ့ ဖြေရှင်း ပေးနေပါတယ်၊သူတို့တွေ ထွက်တော့ မပြေးပါဘူး၊ ဆိုးဆိုးဝါးဝါးလဲ ဖြစ်လာမှာ မဟုတ်ပါဘူး’’ဟု...

ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင် ကြော်ငြာဆိုင်းဘုတ်များကို ယခုလကုန်တွင် မိမိအစီအစဉ်ဖြင့် ဖြုတ်သိမ်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ယနေ့ထုတ်ပြန်

ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင် ကြော်ငြာဆိုင်းဘုတ်များကို ယခုလကုန်တွင် မိမိအစီအစဉ်ဖြင့် ဖြုတ်သိမ်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ယနေ့ထုတ်ပြန်လိုက်သည်။ကြော်ငြာစိုက်ထူခွင့်ပြုထားသော (ပေ ၂၀ x ၉ ပေ) ယာယီဘုတ်၊ (ပေ ၂၀ x ၉ ပေ) အရွယ်အောက် ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင်ကြော်ငြာဆိုင်းဘုတ်များကို မိမိအစီအစဉ်ဖြင့် ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း၊ ဖြုတ်သိမ်းရန်ကျန်သည့် ဆိုင်းဘုတ်များအား ကော်မတီ၏ အစီအစဉ်ဖြင့် ဖြုတ်သိမ်းမည်ဖြစ်ကြောင်း YCDC ကကြေညာသည်။ယခုကဲ့သို့ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရခြင်းကြောင့် ကြော်ငြာရှင်များကို ရှင်းပြတောင်းပန်မှုများ...

 သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံ၏ကူညီမှုဖြင့် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံအစိုးရ စာချုပ်ချုပ်ဆို

သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာ ဓာတ်ပုံ - ၀င်းမြင့်ကျော်(EMG) သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့်၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် ဂျပန်-မြန်မာ နှစ် နိုင်ငံအစိုးရတို့စာချုပ်ချုပ်ဆိုထား ကြောင်း JICA Myanmar Office မှ မစ္စတာဟဂျိမီမတ်ဆူအိုက၏ ပြောကြားချက်အရ သိရသည်။ သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ကာလရှည် အတိုးနှုန်းနိမ့် Official Development Assistant (ODA) ချေးငွေဖြင့် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း...

Saturday, August 25, 2012

iPay ကတ် သုံးစွဲသူ နှစ်သောင်းခွဲကျော်ရှိ

ရန်ကုန်မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ရေပန်းစား လာသည့် iPay Card ကို ၂၀၁၁ ဧပြီလမှ စ၍ ယခု သြဂုတ်လအထိ သုံးစွဲသူ အရေအတွက် နှစ်သောင်းခွဲကျော် ထိရှိကြောင်း iPay Card စီမံကိန်း မန်နေဂျာ ဦးအောင်ကျော်က ပြောကြားသည်။ခရီးသည် တင်ယာဉ်များမှာ အသုံးပြုမှု အနေနှင့် စုစုပေါင်း iPay Card အရေအတွက် တစ်သောင်း ရှစ်ထောင်ကျော် ရောင်းချခဲ့ပြီး iPay Card စနစ် အသုံးပြုမှုကို အဓိပတိ အပြာ ၆၃ စီး၊ အဓိပတိ အနီ ၄၈ စီး၊ မထသ ယာဉ်လိုင်း ဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း ခရိုင် ယာဉ်လိုင်းမှာ ၃၆ စီး၊ ရွှေအင်းဝ ၁၉၇ ယာဉ်လိုင်း ၆ စီး စသည်တို့တွင် တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင်း ၄င်းက...

ကားဈေးကွက်ကစားလို၍ ထွက်ပေါ်ခဲ့သည့် သတင်းမှားကြောင့် ကားအရောင်းအဝယ်ယာယီမြင့်တက်

မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဆိုသောကောလဟာလသတင်းအမှားများကြောင့် တစ်ပတ်အတွင်း ကားအရောင်း ပြခန်းများနှင့်ပြင်ပကားပွဲစားတန်းများတွင် ကားဝယ်ယူမှု သိသိသာသာမြင့်တက်ခဲ့ကြောင်းသိရသည်။ '' ဒီသတင်းဘယ်က ထွက်လာလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကောလဟာလထွက်တဲ့တစ်ပတ်အတွင်းလောက်မှာ ကားတွေ တော်တော် ရောင်းထွက်သွားတယ်။အများဆုံးရောင်းရတာတော့ ၁၃၅ဝစီစီ ကားတွေပဲ။ တစ်ပတ်အတွင်း ၁၅စီးလောက်ကိုထွက်သွားတယ်။ အခုတော့ ပြန်ငြိမ်သွားပါပြီ'' ဟု Myo Motor Services co.ltdပိုင်ရှင်...

ကမ္ဘာ့ရွှေဈေးနှင့် နှိုင်းယှဉ်ပါက ပြည်တွင်း ရွှေဈေးတွင် ငွေကျပ် တစ်သောင်း ငါးထောင်ခန့် လျော့နည်းနေ

ပြည်တွင်းမှာ ဖြစ်ပေါ် နေတဲ့ ရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေး နှိုင်းယှဉ် ကြည့်ပါက ပြည်တွင်း ရွှေဈေးမှာ ငွေကျပ် တစ်သောင်း ခွဲခန့် လျော့နည်း နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်း ရွှေဈေးကွက်ဟာ မြို့ပြဒေသ များမှာ ၀ယ်လိုအား လျော့နည်း နေပြီး နယ်စပ်ဖက်ကို ပိုပြီးစီးဆင်း နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ရွှေဈေးကွက် မှာရှိခဲ့တဲ့ သြဂုတ်လ ၁၀ ရက် ကျော်ခန့်မှ စတင်ကာ ရွှေရည်ချိန် ၁ ကျပ်သား ငွေကျပ် ခုနစ်သိန်း လေးသောင်းမှ ခုနစ်သိန်း လေးသောင်း ခြောက်ထောင့် ငါးရာ အထိ မြင့်တက် လျက်ရှိပါတယ်။ ဒီလိုမြင့်တက်...

စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရ

စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။     MPU ကဒ်များကို အသုံးပြုကာ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်ခြင်း၊ MPU ကဒ် လက်ခံသော ဆိုင်များတွင် ဈေးဝယ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ် (AGD)က သိရှိရသည်။ “အရင်က ဘဏ်တွေမှ ထုတ်ပေးထားတယ်၊ ATM ကဒ်တွေနဲ့ ယခု MPU ကတ်တွေကိုတော့ဘဏ်တွေမှ သူတို့အစီအစဉ်  နဲ့   လဲလှယ်ပေးမှာ ဖြစ်တယ်” ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်...

Friday, August 24, 2012

ကြက်သား ပေါက်ဈေး နှစ်လအတွင်း ငါးဆယ် ရာခိုင်နှုန်းတက်

ရန်ကုန်၊ သြဂုတ် ၂၄ပြည်တွင်းမွေးမြူရေး ကြက်သား ပေါက်ဈေးသည် နှစ်လအတွင်း အဆဝက်(ငါးဆယ် ရာခိုင်နှုန်း) တက်လာကြာင်း၊ အသားတိုးကြက် မွေးမြူ ထုတ်လုပ် ရောင်းချသူများ အသင်းမှ ဒုဥက္ကဌ ဒေါက်တာ ဒေါ်လှလှသိန်း က ပြောကြားသည်။လွန်ခဲ့သော နှစ်လခန့်က မွေးမြူရေး ကြက်ပေါက်ဈေးသည် တစ်ကောင်လျှင် (၅၅၀)ကျပ်သာ ရှိခဲ့ရာမှ ယခုအခါ အနိမ့်ဆုံး (၆၅၀)ကျပ်မှ (၇၇၀)ကျပ်အထိ တက်လာကြောင်း ၄င်းကဆိုသည်။"အခုဆိုရင် ဈေးကွက်မှာ ကြက်သားပေါက် ပြတ်နေပြီဆိုတဲ့ အသံတွေတောင် ကြားနေရတယ်။ဈေးက ဒီလောက် မတက်သင့်ဘူး။ကုမ္မဏီကြီးတွေရဲ့ ဝယ်လိုအားကြောင့် ဒီလောက် အလျှင်အမြန် တက်သွားရတာ ဟု ၄င်းက ကြက်သားပေါက်ဈေး...

ထားဝယ် အများပိုင် ကုမ္ပဏီ အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်

ထားဝယ်၊ သြဂုတ် ၂၃ထားဝယ် ဒေသခံ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) သည် ဘဏ်၊ လေကြောင်း လိုင်း၊ ဆိပ်ကမ်း စသည့် အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ယင်းကုမ္ပဏီသည် ယခုလက်ရှိ တွင် မောင်းမကန် ကမ်းခြေ ဟိုတယ်ဇုန်၊ ကမြောကင်း တံတားအနီး ထားဝယ်မြစ် ကမ်းနံဘေးတွင် တည်ဆောက်မည့် ဈေးဝယ်စင်တာ၊ ထားဝယ်မြို့ ရွှေဝယ် သီရိအားကစားကွင်းအနီးတွင် တည်ဆောက်နေသည့် သင်တန်း ကျောင်းများကို စတင်အကောင်အထည် ဖော်လျက်ရှိသည်။ကုမ္ပဏီအစုရှယ်ယာဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU ) အပါအ၀င် ထားဝယ်ဒေသရှိ...

Thursday, August 23, 2012

ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း နေပြည်တော်တွင် ရုံးခွဲတစ်ခု ထပ်ဖွင့်မည်

ကျိုတို၊ သြဂုတ် - ၂၃ ဂျပန်နိုင်ငံ၏ အကြီးစားစက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်သော မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် နေပြည်တော်၌ လာမည့် စက်တင်ဘာ ၁ ရက်တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်သည်။ မစ်ဆူဘီရှီ၏ ရုံးဖွင့်ရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ အခြေခံဆောက်အအုံ ဆိုင်ရာဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟုဆိုသည်။ ၁၉၅၄ မှစ၍ ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ထားသော မစ်ဆူဘီရှီသည် ဖိုင်ဘာပစ္စည်းများ၊ စားသောက်ကုန်များ၊ သံမဏိနှင့် စက်ယန္တရား ထုတ်ကုန်များကို ကုန်သွယ်မှုဆောင်ရွက်နေပြီး၊ ကော်ပိုရေးရှင်းသည် နေပြည်တော်တွင် ရုံးခွဲထပ်မံဖွင့်လှစ်ခြင်းအားဖြင့်...

ရေမြုပ်ပျက်စီးခဲ့သော လယ်မြေများတွင် အရေးပေါ်ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစပါးတင်းပေါင်း သုံးသောင်းကို သြဂုတ် ၂၂ ရက်တွင် စတင် လှူဒါန်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ရေမြုပ်ပျက်စီးခဲ့သော လယ်မြေများတွင် အရေးပေါ်ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစပါးတင်းပေါင်း သုံးသောင်းကို သြဂုတ် ၂၂ ရက်တွင် စတင် လှူဒါန်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ "မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အလှူရှင်တွေက တကယ်စိုက်မယ့် လယ်တွေကို မျိုးစပါးတွေ စလှူနေပြီ။ သာပေါင်းလို ကန်ကြီးထောင့်လို ရေနက်ကွင်းတွေတော့ မပါသေးဘူး။ ရေကြီးပြီး တိတိကျကျ ပြန်စိုက်မယ်ဆိုမှ ပေးမှာ"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းက ပြောသည်။ ပဲခူးတိုင်းဒေသကြီးသို့ သြဂုတ် ၂၂ ရက်မှ စတင်၍ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်...

Wednesday, August 22, 2012

မန္တလေးမြို့သစ် တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဦးဆောင်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းကာ အကြိုပြင်ဆင်နေ

မန္တလေးတိုင်းဒေသကြီးအတွင်း မြေဧက ၂၀၀၀၀ ကျော်ပေါ်တွင် မြို့သစ်တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကဦးဆောင်ပြီး မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းဆောင်ရွက်ရန် အကြို ပြင်ဆင်နေကြောင်း  သတင်းရရှိသည်။ မန္တလေးမြို့သစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ''အခုမြို့သစ် တည်ဆောက်ရေး စီမံကိန်းအတွက် အများပိုင် ကုမ္ပဏီဖွဲ့ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မန္တလေးမှာ အစုရှယ်ယာရှင်တွေ...

ငြိမ်းချမ်းရေးမရသေးခြင်းနှင့် သဘာဝဘေး မြန်မာ့စီးပွားရေးအား နှောင့်နှေးစေ

မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ပြည်တွင်း၌ ငြိမ်းချမ်းရေးမရရှိသေးမှုနှင့် သဘာဝဘေး ကျရောက်မှုများက အဓိက စိန်ခေါ်ချက်ဖြစ်နေသည်ဟုအာရှဖွံ့ ဖြိုးတိုးတက်ရေးဘဏ်(ADB)မှလက်ထောက် စီးပွားရေးဆိုင်ရာအကြီးအကဲMs. Cyn-Young Park က ပြောသည်။ သြဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ADB ဘဏ်၏ မြန်မာနိုင်ငံအပေါ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အစီရင်ခံစာ အပေါ် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာ၌ ၄င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုကို အဓိကစိန်ခေါ်ဟန့်တားနေ တာက ပြည်တွင်းလက်နက်ကိုင်...

"ပြည်တွင်းကုမ္ပဏီအများစု၏ ပိုင်ဆိုင်ငွေ မပွင့်မလင်း စာရင်းမရှိခြင်းသည် ပြည်ပနှင့် လက်တွဲရန် အဓိကအဟန့်အတားဖြစ်"

ပြည်တွင်းကုမ္ပဏီ အများစု၏ ပိုင်ဆိုင်မှုကို နိုင်ငံတကာအဆင့်မီ စာရင်း စစ်ဆေးအတည်ပြုထားခြင်း မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်ရန်အတွက် အဓိက အဟန့် အတားဖြစ်သည် ဟု စီးပွားရေးရပ်ဝန်းမှ သိရသည်။ ''ပူးပေါင်းရမယ့် ကုမ္ပဏီ တွေက ငွေကြေးထုတ်ပြန်ထား မှု မရှိဘူး။ ငွေစာရင်းရေးဆွဲမှု လည်း မရှိဘူး။ နိုင်ငံတကာ အဆင့်မီ ငွေစာရင်းစစ်တွေနဲ့ စစ်ဆေးထားတာမျိုးလည်း မရှိ ဘူး။ အဲ့ဒီလို ငွေကြေးအခြေအနေတွေ ကြောင့် ဖက်စပ် မလုပ်နိုင်တာတွေ ရှိနေတယ်'' ဟု ဝါးခယ်မ ဆန်စပါးရောင်း ဝယ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာစိုးထွန်းက...

Tuesday, August 21, 2012

ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစား မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်

ရန်ကုန်၊ သြဂုတ်လ၂၁ရန်ကုန်တိုင်း ဒေသကြီးတွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ အစား မီနီဘတ်စ် တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ယာဉ်တင်သွင်းခွင့် တင်ထားကြောင်း မထသ ဗဟိုမှ ဥက္ကဌ ဦးလှအောင်က The Voice Weekly သို့ပြောကြားသည်။ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ အစား မီနီဘတ်စ် တင်သွင်း ခွင့်ပြုကြောင်းကို ယာဉ်ပိုင်ရှင် များထံ အသိပေး နေပြီ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြထား၍ ခွင့်ပြုချက် ရတော့မည်ဖြစ်ရာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားသွားမည် ဖြစ်ကြောင်း မထသ ဗဟိုမှ...

Monday, August 20, 2012

FMI က နေပြည်တော်-ရန်ကုန် တစ်ရက်လေးကြိမ် လေးကြောင်း ခရီးစဉ် စက်တင်ဘာ ၉ တွင် စတင်မည်

ဘန်ကောက်၊ သြဂုတ်-၁၉ ပထမမြန်မာ့ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ FMI သည် နေပြည်တော်နှင့် စီးပွားရေးမြို့တော် ရန်ကုန်တို့အကြား တစ်နေ့လေးကြိမ်လေကြောင်း ပျံသန်းမှုခရီးစဉ်ကို လာမည့် စက်တင်ဘာ ၉ ရက်မှ စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း Financial Timeသတင်းစာက သတင်းဖော်ပြသည်။ ယခုကဲ့သို့ နေ့စဉ်လေယာဉ်ခရီးစဉ် ပြေးဆွဲမှုမှာ ရန်ကုန်မှ နေပြည်တော်အသွားအပြန် ပြုလုပ်မည့် အစိုးရအရာရှိများ၊ နိုင်ငံခြားသံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအတွကf ချက်ချင်း အကျိုးသက်ရောက်စေမည်ဖြစ်ပြီး၊ လာမည့် ၂၀၁၃ တွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ကမ္ဘာစီးပွားရေး ဖိုရမ်ကဲ့သို့ ပွဲကြီးများကို...

 အမေရိကန်အခြေစိုက် ပက်စီအချိုရည် ကုမ္ပဏီက မြန်မာနိုင်ငံတွင် Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခု ဖြန့်ချိမည်

နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ်တစ်ခု ဖြစ်သော ပက်စီအချိုရည်နှင့် မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်းစတား ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ပက်စီအချိုရည် အနေဖြင့် မြန်မာနိုင်ငံအတွင်း Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခုကို ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပက်စီကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ ရရှိရန်အတွက်...