Showing posts with label ပညာရေးသတင်းများ. Show all posts
Showing posts with label ပညာရေးသတင်းများ. Show all posts

Thursday, March 14, 2013

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင် ကျော်ဝင်း

ရှဥ့်လည်းလျှောက်သာ

ပျားလည်းစွဲသာ

မင်္ဂလာပါ - ကော်မရှင်

ကျော်ဝင်း




ဂိမ်းသီအိုရီ



အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။



အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ်စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်းသိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြုသည်။ ကော်မရှင်ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ …၊



(က) လက်ရှိအတိုင်းပင်၊ ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိကြေးနီစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသော၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီများဘက်မှ ခံတွင်းအတွေ့ဆုံးနည်းလမ်း၊ သို့မဟုတ်၊ ၎င်းတို့၏ 'မျှော်လင့်တန်ဖိုး' (expected value) ဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်၊ ဤနည်းလမ်းကို ကော်မရှင်က ရွေးချယ်ရန်မသင့်ဟု မှတ်ချက်ပြုပါသည်။



(ခ) ကြေးနီစီမံကိုန်းကို၊ ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိစီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ရန်၊ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြသူများ ဘ၀င်အကျဆုံးဖြစ်ဖွယ်ရှိသည့် နည်းလမ်းဖြစ်ပါသည်။ သူတို့ လိုလားသော 'မျှော်လင့်တန်ဖိုး' လည်းဖြစ်ပါသည်။ သို့တစေ ဤနည်းလမ်းကိုလည်း ကော်မရှင်က ထောက်ခံချက်မပေးပါ။



(ဂ) ကြေးနီစီမံကိန်းနှင့် ပတ်သတ်၍၊ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ၊ နိုင်ငံတော် အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို၊ ပြည့်ဝစွာရရှိရန် အစီအမံများ ချမှတ်ပြီး၊ စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်း …။ ဤနည်းလမ်းအနေနှင့်၊ နှစ်ဘက်မျှော်လင့်တန်ဖိုးများကို အပြည့်အ၀ပေးနိုင်လိမ့်မည်တော့မဟုတ်။ သို့တိုင်အောင်၊ နှစ်ဘက်လုံးအတွက်၊ လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေထက် ပိုကောင်း (better off) လာနိုင်စရာရှိပါသည်။ ကော်မရှင်က၊ ဤနည်းလမ်းကိုသာ ထောက်ခံအကြံပြုလိုက်ပါသည်။ ဤနည်းလမ်းကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၆) ရပ်ကိုလည်း သုံးသပ်အကြုံပြုပါသည်။ (စာရှည်မည်စိုး၍ အသေးစိတ် မဖော်ပြတော့ပါ။ ကော်မရှင် အစီရင်ခံစာကိုသာ ကြည့်ပါရန် …၊)



ကော်မရှင်၏ ဆိုခဲ့ပါ၊ အကြံပြုချက်သည်ပင်၊ "ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု စာရေးသူ ယူဆပါသည်။ ဆရာကြီးသ္ခင်ကိုယ်တော်မှိုင်း၊ တစ်လျှောက်လုံး လိုလားတောင့်တခဲ့သော "သူမနာ၊ ကိုယ်မနာ" သဘောထားမျိုးဖြစ်လိမ့်မည်ဟု သဘောရပါသည်။ ဆရာကြီး ဒဂုန်တာရာ မကြာခဏ ဆိုသလို ရေးသားပြောဆိုနေသော "မုန်းသူမရှိ၊ ချစ်သူသာရှိစေမည့်" သင့်မြတ်ရေးလမ်းကြောင်းဟု နားလည်ရပါသည်။ အထူးသဖြင့် ကမ္ဘာနှင့်အ၀န်း ဒီမိုကရက်တစ်နည်းနာတစ်ရပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော၊ ခေတ်သစ်ဂိမ်းသီအိုရီလာ ချဉ်းကပ်အဖြေရှာနည်းအဖြစ် ဆင်ခြင်မိပါသည်။



မင်္ဂလာပါ - ကော်မရှင် ..။





စာရေးသူ၏ အတွေ့အကြုံ



ဤနေရာတွင် ခေတ်သစ်ဂိမ်းသီအိုရီ နှင့်ပတ်သတ်သော စာရေးသူ၏ နားလည်ချက်ကို ပြန်လည်ဖော်ပြခွင့် ပြုစေလိုပါသည်။ (ဤအကြောင်း မကြာခဏ ရေးခဲ့ပြီးဖြစ်၍ 'ပြန်လည်' ဆိုသော ရှေ့ဆက်ခံထားခြင်းဖြစ်သည်။) ယခုလို …။



"အကျိုးစီးပွားချင်း မတူကြသည့် အင်အားစုများကြားတွင်၊ မတူသော မျှော်လင့်တန်ဖိုးများ သာဘာဝကျစွာရှိကြမည်သာ ဖြစ်ပါသည်။ သို့တစေ အဆိုပါ အင်အားစုများကြား ညှိနှိုင်းဆွေးနွေးကြတော့မည်ဆိုလျှင်မူ၊ ဆိုခဲ့ပါ မျှော်လင့်တန်ဖိုးများကို၊ နှစ်ဘက်လုံးမှ အသေဆုပ်ကိုင်ထားသရွေ့၊ ဘယ်တော့မှ အဖြေရလိမ့်မည် မဟုတ်ပါ။ နှစ်ဘက်လုံးမှ ၎င်းတို့လက်ရှိ အခြေအနေထက်ပိုကောင်း (better off) လျှင်ပင် ကျေနပ်ဖွယ်ရာအဖြေဟု သဘောထားကြဖို့ လိုပါလိမ့်မည်။ ဤသဘောထားနှင့်ပင် မိမိတို့သက်ဆိုင်ရာ မျှော်လင့်တန်ဖိုးများကို 'အပေးအယူလုပ်ညှိနှိုင်းကြပြီး' (bargain) နှစ်ဘက်သဘောတူညီနိုင်မည့် 'ကြားအဖြေ' (compromise) ရှာရပါလိမ့်မည်။ ဤနည်းဖြင့် better off ချင်း ချိန်ခွင်လျှာမျှနိုင်မည့် အခြေအနေရောက်လာမှသာ နှစ်ဘက်လက်ခံနိုင်မည့် အဖြေတွေ့ပါလိမ့်မည်။ ဤသို့သော ချိန်ခွင်လျှာမျှအခြေအနေကို သီအိုရီဖော်ထုတ်သူပညာရှင် အမည်အစွဲပြုပြီး 'နက်(ချ)မျှခြေ' (Nesh's Equilibrium) ဟုခေါ်ပါသည် …" စသဖြင့် …။



ဝန်ခံရလျှင် "ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ရေး" စဉ်းစားနည်းတစ်ခုတည်းနှင့်သာ၊ တစ်လျှောက်လုံး အာရုံကျယဉ်ပါးခဲ့သော၊ စာရေးသူအနေနှင့် ဆိုခဲ့ပါဂိမ်းသီအိုရီကို ချက်ခြင်းမြိုမကျခဲ့ပါ။ နောက်ဆုံး၊ နိုင်ငံရေးဝင်္ကပါတောတွင်၊ နဖူးကွဲဒူးပြဲများစွာ ကြုံခဲ့ပြီးမှ 'ဂိမ်းသီအိုရီသည်သာ၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ တစ်ခုတည်းသော ထွက်ရပ်လမ်း' အဖြစ် သဘောယူလာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့နှင့်အမျှ၊ စာရေးဖြစ်ကတည်းက၊ 'ဂိမ်းသီအိုရီ' နှင့် ဆက်နွယ်သမျှကို၊ မကြာခဏဆိုသလို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဤတွင် စာဖတ်ပရိတ်သတ်တော်တော်များများ (အထူးသဖြင့် လူငယ်စာဖတ်သူများ) က၊ စိတ်ဝင်တစားရှိသည်ကို တွေ့ရတော့ အမှန်ပင် အားတက်မိပါသည်။



သို့နှင့်တိုင် အဆိုပါ ဂိမ်းသီအိုရီကိုပင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်ပြတော့ ဘ၀င်မကျသံအချို့ကြားလာရပါသည်။ "သီအိုရီကိုတော့ လက်ခံပါတယ် …၊ ဒါပေမဲ့ လက်တွေ့မဖြစ်နိုင် …" စသဖြင့်။ နောက်ဆုံး၊ "၂၀၁၀ ရွေးကောက်ပွဲမှာ၊ နှစ်ဘက်လုံးအတွက် better off ဖြစ်နိုင်တယ်" ဟုရေးလိုက်ရာ ဝေဖန်ရုံသာမကတော့ဘဲ၊ အစိုးရနှင့် ပေးစားခံရပါလေတော့သည်။ ဤသို့ ဆဲကြဆိုကြ အရေခွံခွါကြသူများထဲတွင် စာရေးသူ၏ လက်ဝဲမိတ်ဆွေများမှာ ရှေ့ဆုံးက …။ သူတို့တတွေ၏ ရဲရဲတောက်လေထုတွင် ရိုးရိုးသားသား စာဖတ်သူအများပင် စာရေးသူနှင့် အကွာအဝေးတစ်ခုသို့ ရောက်ကုန်သည်။



ဤအကြောင်းတွေ ပြန်ရေးနေမိသည်မှာ ဒေါသတွေ၊ အာဃာတတွေကြောင့် မဟုတ်ပါ။ မိတ်ဆွေများ၏ 'အောက်လမ်းနည်းများ' ကို စိတ်ပျက်မိသည့်တိုင်၊ စာဖတ်သူအများစု ခံတွင်းမတွေ့နိုင်မှုကို နားလည်ပေးနိုင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ 'နိုင်ငံရေးဓလေ့' (political culture) ကို ဆင်ခြင်မိသောကြောင့် ဖြစ်သည်။ မြန်မာတွေက 'မင်း' သို့မဟုတ် 'အစိုးရ' ဆိုလျှင် မယုံချင်၊ မယုံရဲ။ မုန်းသည်။ ကြောက်သည်။ 'ရန်သူမျိုးငါးပါး' ထဲတွင် 'မင်း' ကို ထည့်ထားသည်မှာ ရှားရှားပါးပါး ယဉ်ကျေးမှုဓလေ့ဟု ဆိုရမည်ထင်သည်။ အမှန်စင်စစ်၊ ဤသည်မှာလည်း သဘာဝကျသည်သာဖြစ်သည်။ နိုင်ငံရေးဓလေ့ကို အဓိကပုံသွင်းလိုက်သည်မှာ သက်ဆိုင်ရာလူထု၏ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများ ဖြစ်လေသည်ကိုး …။



သို့ဖြစ်လင့်စကား၊ ဤဓလေ့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အခါခပ်သိမ်း အဟပ်ညီချင်မှ ညီပါလိမ့်မည်။ အထူးသဖြင့်၊ အင်အားစုမျိုးစုံ ၀ိုင်းဝန်းတွန်းပါမှ ရွေ့နိုင်စရာရှိသော လက်ရှိ ဒီမိုကရေစီအပြောင်းအလဲနှင့် စရွေးမကိုက်လှဟု ထင်သည်။ အကယ်၍များ၊ ဤအစွဲ ဤဓလေ့ကို မကျော်နိုင်ခဲ့လျှင် ဖြစ်သင့်ဖြစ်ထိုက်သော လမ်းကြောင်းမှန် ဖြစ်စေဦး၊ အညွှတ်အနူးလက်ခံဖို့ အခုအခံ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့တွေးမိလိုက်တော့ ကော်မရှင်အစီရင်ခံစာ၏ နောက်ဆက်တွဲ အလားအလာများအတွက် အမှန်ပင် စိုးရိမ်မကင်းဖြစ်မိသည်။ လက်ရှိအစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ကို ဦးတည်လာနိုင်စရာရှိသော နိုင်ငံရေးတိုက်ကွက်များနှင့် ရိုးသားသောလူထု၏ အကင်းမသေတတ်သေးသော စိတ်းဒဏ်ရာဓလေ့များ ဆုံမိလျှင် ဘာတွေဖြစ်ဦးမည်နည်း …။



အဆိုပါ စိုးရိမ်ကြောင့်ကြစိတ်နှင့်ပင် ယခုစာစုကို ဆက်ပါမည်။





စိုးရိမ်စိတ်အခံဖြင့်

အကြံပြု၊ မေတ္တာရပ်ခံ၊ ပန်ကြားလိုသည်များ





(က) အကြံပြု



ပထမဆုံး အကြံပြုလိုသည်မှာ နိုင်ငံတော်အစိုးရသို့ ဖြစ်ပါသည်။ ဆိုခဲ့ပါ၊ စုံးစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် အတူ၊ ၎င်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်းသည့် သတင်းကိုလည်း ဖတ်ရသည်။ အဆိုပါ ကော်မတီကို အစိုးရတာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည်ကို သတိပြုမိသည်။ ဖြစ်သင့်ဖြစ်ထိုက်သော ဖွဲ့စည်းပုံဟု သဘောရပါသည်။ စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် သက်ဆိုင်ရာ 'အကျိုးရှင်များ' (stakeholders) ၏ သဘောတူကြည်ဖြူမှု ရဖို့လိုလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ အဆိုပါ အကျိုးရှင်များအနက် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့နှင့် အဆင်ပြေပြေညှိနှိုင်း အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် လုပ်ပိုင်ခွင့်လည်းရှိ တာဝန်လည်းခံနိုင်သော အစိုးရအရာရှိများမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။



သို့တစေ နောက်ထပ်အရေးကြီးသော အကျိုးရှင်တစ်ဦးဖြစ်သည့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုရဖို့ဆိုလျှင်မူ အစိုးရတာဝန်ရှိသူသက်သက်ဖြင့် အဆင်ပြေလွယ်ကူနိုင်ပါ့မလား စိုးရိမ်မိသည်။ ကာလတာရှည်ပျောက်ဆုံးနေခဲ့သော ယုံကြည်မှုကြောင့် သံသယအစိုင်အခဲအချို့ ရှိကောင်းရှိနိုင်သည်ဟု ထင်သည်။ သို့အတွက် ဒေသခံလူထု၏ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရေး ရယူရာတွင် အခက်အခဲအချို့ရှိလေမည်လား စဉ်းစားမိသည်။ သက်ဆိုင်ရာဒေသခံများကို နားလည်သဘောပေါက်လာစေရန် ရှင်းပြ၊ ဖြောင့်ဖျနိုင်မည့် သီလသိက္ခာသြဇာတိက္ကမကြီးသော ဆရာတော်ကြီးများ သို့မဟုတ် မြို့မိမြို့ဖများ ကော်မတီတွင်ပါလျှင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား တွေးမိသည်။



နောက်တစ်ချက် ဥာဏ်မီသလောက် တွေးမိသည်မှာ လက်ပံတောင်းအရေးလို ဖြစ်တန်ရာ အကျပ်အတည်းများနှင့် ပတ်သက်လို့ဖြစ်သည်။ သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ၊ လူမှုပဋိပက္ခများကြောင့်ဖြစ်စေ၊ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲအတွက် စိန်ခေါ်ချက် ဖြစ်လာနိုင်သော အကျပ်အတည်းမျိုး ရှေ့တွင်လည်း ကြုံရနိုင်ဖွယ်ရှိသေးသည်ဟု ထင်ပါသည်။ ကြုံခဲ့ပြီးသော ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူပြီး နောင်လာမည့် ပြဿနာများကို ကာကွယ်ရှောင်ရှားနိုင်ရန်အတွက် သော်လည်းကောင်း၊ အကယ်၍ မလွှဲမရှောင်သာ ရင်ဆိုင်ရလျှင်လည်း လက်ဦးမှုရှိရှိ၊ အေးအေးညောင်းညောင်း ဖြေရှင်းနိုင်ရန်အတွက်သော်လည်းကောင်း၊ အစီအစဉ်ရှိရှိ ကြိုတင်ပြင်ဆင်ထားဖို့ လိုမည်လား စဉ်းစားမိသည်။ ဥပမာအားဖြင့် "အကျပ်အတည်း စီမံခန့်ခွဲရေး ကော်မတီ" လိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းပြီး တာဝန်ယူဖြေရှင်းကြသည်မျိုး ဖြစ်ပါသည်။



(ခ) မေတ္တာရပ်ခံ



ဒုတိယအနေနှင့် မေတ္တာရပ်ခံလိုသည်မှာ၊ ယခုလောလောဆယ် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ကြုံခဲ့ရပြီးဖြစ်သသော၊ ဒေသခံလူထုသို့ဖြစ်ပါသည်။ မိမိရပ်ရွာကို ချစ်ခင်မြတ်နိုးစိတ်၊ ဒါးမဦးချမြေကို တပ်မက်တွယ်တာစိတ်များဖြင့် ဆန္ဒဖော်ထုတ်အရေးဆိုခဲ့ကြသည့် မိတ်ဆွေများ၏ အရေးတော်ကို အပြည့်အ၀ စာနာနိုင်ပါသည်။ ယခု ထွက်ပေါ်လာသော ကော်မရှင်၏ အကြံပြုချက်များမှာ၊ မိတ်ဆွေများ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်းမကျသည့်တိုင်၊ တစ်ခုလုံး အကျိုးစီးပွား ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံးအဖြေဖြစ်သည်ကို နှလုံးသွင်းစေချင်ပါသည်။ ထို့ထက် တော်ရုံနိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်။ သူမ၏ မေတ္တာစေတနာကို ယုံကြည်ကိုးစားစိတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါသည်။



ဒီမိုကရေစီ အကူးအပြောင်း ကာလ၏ မလွတ်မကျွတ်တတ်သေးသော အကျင့်ဆိုးများကြောင့် ဆရာတော်သံဃာတော်များအပါအ၀င် မိတ်ဆွေများ၊ အနာတရ ဖြစ်ခဲ့ရသည်မှာ ကမ္ဘာသိပင်ဖြစ်ပါသည်။ သို့တစေ မိတ်ဆွေများ၏ ပေးဆပ်မှုများအချည်းနှီးတော့ကား မဖြစ်ပါ။ နောင်တွင် ဤအဖြစ်ဆိုးများ မကြုံရစေရေး (ထို့ထက် လေးနက်စွာဆိုရလျှင်၊ ဒီမိုကရေစီရှေ့ခရီးအဆင်ချောစေရေး) အတွက် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" ၏ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် တိုင်းသိပြည်သိ၊ ကမ္ဘာသိ အဆိုပြုနိုင်ပြီ ဖြစ်ပါသည်။ (ကော်မရှင် အစီရင်ခံစာ အပိုဒ် (၉၃)၊ အပိုဒ်ခွဲ (ခ) ပါ အကြံပြုချက်များကို ကြည့်ပါရန်) ဤသည်မှာ မိတ်ဆွေများ၏ 'အောင်ပွဲ' ဟု သဘောယူစေလိုပါသည်။





(ဂ) ပန်ကြား



နောက်ဆုံးအနေနှင့် လက်ရှိ လုံခြုံရေးကို တာဝန်ယူထားသော ရဲတပ်ဖွဲ့နှင့်၊ လက်ရှိ အပြောင်းအလဲ အပေါ် အပြည့်အ၀ သဘောမတူနိုင်ကြသေးသည့် မိတ်ဆွေများသို့ ပန်ကြားအပ်ပါသည်။



မည်သို့သော အကြောင်းကြောင့်ဖြစ်စေ လက်ပံတောင်းအရေးကိုင်တွယ်ပုံမှာ ရဲတပ်ဖွဲ့အပါအ၀င်၊ အစိုးရ၏ ဂုဏ်သိက္ခာအတွက်ရော၊ ဒီမိုကရေစီ အစဉ်အလာအတွက်ပါ၊ ကောင်းသောလက္ခဏာမဟုတ်ပါ။ ဤအတွေ့အကြုံကို အလေးအနက်ဆင်ခြင်၍ ကော်မရှင် အကြံပြုချက်အတိုင်း ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲကြပါရန် သက်ဆိုင်ရာသူများသို့ ပန်ကြားလိုပါသည်။



ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့ကြသည့် မိတ်ဆွေများကိုလည်း ပန်ကြားလိုပါသေးသည်။ ကျွန်တော်တို့တတွေ ငယ်ငယ်က အစွဲကြီးစွဲခဲ့ကြသည့် ကဗျာတစ်ပုဒ်ရှိသည်။ "အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး" ဆိုသော 'ဘားတော့ဘရက်' ၏ ကဗျာစာသား။ ဒါကို ခိုင်ထူးကြီးက သီချင်းလုပ်ဆိုတော့လည်း ကျွန်တော်တို့အားလုံး နှစ်နှစ်ခြိုက်ခြိုက်လိုက်ဆိုခဲ့ကြသည်။ အမှန်စင်စစ် ဘ၀သည် ကဗျာမဟုတ်။ နိုင်ငံရေးဆိုသည်မှာ လသာသာသီချင်းဆိုရသည်မျိုးမဟုတ် …။ ဒါလေးကို နှလုံးသွင်းကြစေချင်သည်။



ရည်ညွှန်း - စုံးစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ



____________________________________
Reference and Credit to -
ကျော်ဝင်း

၁၂၊ မတ် ၂၀၁၃
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

Saturday, February 23, 2013

လွှတ်တော်သတင်း-“နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာ

ဒေါက်တာအောင်သန်း (ရွှေဘိုမဲဆန္ဒနယ်)က “နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာတွင် 



လွန်ခဲ့သော နှစ်များစွာမှ ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များသည် တိကျသော သတ်မှတ်ချက်မူများနှင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့သောကြောင့် နိုင်ငံ့ဝန်ထမ်း ထမ်းဆောင်ခြင်းအပေါ် စိတ်သောကနှင့် မရေရာသောလမ်းပေါ် လျှောက်နေရသလို ခံစားနေရတာကို တွေ့မြင်ရပြီး မိမိကိုယ်တိုင်လည်း ဝန်ထမ်းဘဝကိုဖြတ်သန်း လာခဲ့ရခြင်း အတွေ့အကြုံများကို အခြေခံပြီး ယခုအချိန်တွင် ပြုပြင် ပြောင်းလဲသင့်ပြီဟု ယူဆပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဆရာဝန်များဟာ အလုပ်စတင် ဝင်ရောက်စဉ်ကပင် မည်သည့်ဒေသမဆို သွားရောက်တာဝန် ထမ်းဆောင်ပါမည်ဆိုသော ဝန်ခံကတိလက်မှတ်
ရေးထိုးကြရပြီး ထိုအတိုင်းပင် ဝေးလံသော ဒေသများသို့သွားရောက် သို့ရာတွင် ၄င်းဒေသတွင် မည်မျှကြာကြာတာဝန် ထမ်းဆောင်ရမလဲ ဆိုသော ပြဿနာရှိလာကြောင်း၊ နှုတ်အားဖြင့် ၁ နှစ်၊ ၂ နှစ်ဟု အာမခံချက်မျိုးရှိနေသော်လည်း ရံဖန်ရံခါတွင် ၃ နှစ်၊ ၄ နှစ် ကြာသည်အထိ ပြောင်းရွှေ့ဖို့လျှောက်လွှာတင်သော်လည်း ပြန်ပြီး မပြောင်းရသော ဆရာဝန်များလည်း ရှိလာပါကြောင်း၊ ဝေးလံ
ခေါင်သီသော ဒေသများသို့ တစ်ကြိမ် ရောက်ပြီး နောက် ဘယ်တော့ ပြန်ရောက်မည် ဆိုသည်များကိုလည်း မသိရကြောင်း၊ ထို့ကြောင့် တချို့ဆရာဝန်များသည် ဝေးလံ ခေါင်သီသော အရပ်ဒေသများသို့ ရောက်ပြီးနောက် ၂ နှစ်ခန့် အကြာတွင်ပင် ထိုနေရာများသို့ တစ်ကြိမ် ပြန်ရောက်သွား သောကြောင့် စိတ်ဓာတ်ကျ အလုပ်ထွက် သွားသည်များ၊ နိုင်ငံခြားသို့ထွက်သွားသည်များ ရှိသောကြောင့် နိုင်ငံ၏ စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးသွားနိုင်ပါကြောင်း၊ သို့ပါသောကြောင့် အကယ်၍ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ချက်မူ တိတိကျကျ ချထားပေးလျှင်ပင် ဆရာဝန်များအနေနှင့် နိုင်ငံတာဝန်ထမ်းဆောင်ရာတွင် ဝေးလံခေါင်သီအရပ် ဒေသများကို အေးချမ်းစွာ သွားနိုင်မှာဖြစ်ပါကြောင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးနှင့် ပတ်သက်သော ဆရာဝန်များရှိပါကြောင်း၊ သို့သော်လည်း အချို့ ရာထူးတိုးရာတွင် ပညာအရည်အချင်းတူသော်လည်း လုပ်သက်နုသောသူက အရင်ရာထူး တိုးသွားခြင်း၊ ရှေ့မှာကိုယ်က ရာထူးတိုးခွင့် ရှိသော်လည်း ရှေ့တွင်အခွင့်အလမ်း ပိတ်နေခြင်းများ ရှိသောအခါ ပြဿနာများ ရှိပါကြောင်း၊ တိကျသေချာသော မူများရှိစေလိုကြောင်း၊ အခြားတစ်ချက်မှာ ရာထူးတိုးသော နေရာတွင် ဝဖ ပုံစံဆိုတာရှိကြောင်း၊ ထိုပုံစံမှာ အကြီးအကဲ ဆရာဝန်ကြီးများက လက်အောက်ရှိ လက်ထောက်ဆရာဝန်များ (သို့) မိမိနှင့်ဆက်စပ်သောဆရာဝန်များ၊ မိမိတာဝန်ယူ အုပ်ချုပ်ရသော ဆရာဝန်များအပေါ် အမှတ်ပေး စနစ်ဖြင့် ဆောင်ရွက်မှု၊ အရည်အချင်း၊ တာဝန်ကျေမှုအခြေအနေများကို ဝဖ ပုံစုံနှင့် အသုံးပြုခြင်းများ ရှိပါကြောင်း၊ သို့ရာတွင် ဝဖ ပုံစုံ၏ အရေးပါမှု မရှိသလိုဖြစ်နေပါကြောင်း၊ ကြီးကြပ်သော ဆရာဝန်ကြီးတွေကလည်း လျှို့ဝှက်သဘောမျိုး မဟုတ်ဘဲ အားလုံးထောက်ခံပေးပြီး ဝဖ ပုံစံထားရှိရသော ပုံစံသည်လည်း အကျိုးမသက်ရောက်သကဲ့သို့ ရှိနေ သောကြောင့် အရေးပေး ဆောင်ရွက်သင့်ကြောင်း၊ အခြားတစ်ချက်မှာ ဘွဲ့လွန်သင်တန်းတက်ရန် ရွေးချယ်သော နေရာများ၊ နောက် ဘွဲ့လွန်အောင်မြင်ပြီး ဆရာဝန်များကို တာဝန်ချထားရာတွင်လည်း မူဝါဒ၊ သတ်မှတ်ချက်များ သေသေချာချာ ရှိဖို့လိုအပ်ကြောင်း၊ အချို့ဆရာဝန်များသည် မြို့ကြီးများတွင်သာ တာဝန်ထမ်းဆောင်၍ အထူးကုဆရာဝန်ကြီးတွေဖြစ်သွားကြကြောင်း၊ တချို့ဆရာဝန်များမှာ မြို့ငယ်လေးများတွင် တဝဲလည်လည်နေရင်း တစ်ခါတစ်ရံ အလွန်ဝေးလံသော နေရာများ၊ မြို့ငယ်လေးများတွင် ရောက်ရှိနေချိန် ဘွဲ့လွန်သင်တန်းခေါ်တာကို မသိလိုက်ရခြင်း၊ စာကျက်ရန်အခွင့်အလမ်း နည်းပါးခြင်းများကြောင့် မဖြေလိုက်ရသောဆရာဝန်များ လည်းရှိပါကြောင်း၊ ၄င်းတို့အတွက် ဘွဲ့လွန်သင်တန်းဖို့ အခွင့်အလမ်းရစေရန် မူလေးတွေချထားပေးသင့်ပါကြောင်း၊ အခြားတစ်ချက်မှာ ဘွဲ့လွန်သင်တန်းတက်ခွင့်ပေးရာတွင် တချို့ တာဝန်ကျမြို့ငယ်များတွင် ဆရာဝန်၊ လက်ထောက်ဆရာဝန်များ ဘွဲ့လွန်သင်တန်းတက်နေစဉ် အစားထိုးမှုမရှိသောကြောင့် ပြည်သူလူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွင် အလွန်အားနည်း သွားသည်များ ရှိပါကြောင်း၊ သို့ပါသောကြောင့် ဒီဘွဲ့လွန်သင်တန်း ခေါ်ယူရာတွင် ထိုက်သင့်တဲ့ပြည်သူတွေဘက်ကရော၊ ဆရာဝန်တွေဘက်ကရော သင့်‌တင့်သော မူများချပေး စေလိုကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။

Friday, February 22, 2013

အသက်(၅၀)အောက် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းဟာ အင်္ဂလိပ်စကားဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပီပီသသ အဆင့်မြင့်မြင့် မပြောနိုင်ကြပါ


ကိုမင်းကိုနိုင် အင်္ဂလိပ်စကားမပီလို့ မပြောတတ်လို့ သိက္ခာကျတယ် စိတ်ပျက်စရာကောင်းတယ်လို့ဆိုပြီး စစ်သားတွေက ဆိုဒ်ဝါးတွေလုပ်လိုက်တာ လူတွေလဲ ဆိုဒ်မြောတွေဖြစ်ကုန်ကြတယ်၊
တကယ်တော့ လက်ရှိအသက် (၅၀)ခန့်ရှိနေတဲ့ ဒါမှမဟုတ် အသက်(၅၀)အောက် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းဟာ အင်္ဂလိပ်စကားကို မြန်မာလူမျိုးစစ်စစ် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပီပီသသ အဆင့်မြင့်မြင့် မပြောနိုင်ကြပါဘူး.....၊


အဲ့ဒါက စစ်အာဏာရှင် ဗိုလ်နေဝင်းတက်လာပြီးတဲ့နောက်ပိုင်း ပညာရေးစနစ် အဖျက်ဆီးခံရမှုကစတင်ပြီး ယနေ့ စစ်ဘောင်းဘီချွတ်တွေ အုပ်ချုပ်နေတဲ့ ယနေ့တိုင်ပါပဲ...၊
ကိုမင်းကိုနိုင်လို တက္ကသိုလ်ကျောင်းသား တဝက်တပျက် နှစ်ရှည်ထောင်ထွက်တယောက်ကို အသာထားပါဦး....မြန်မာပညာရေးကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းကိုယ်တိုင်ရော အင်္ဂလိပ်လို မိန့်ခွန်းပြောနိုင်ခဲ့ပါသလား...? အဲ့ဒီလိုပဲ စစ်အာဏာရှင် အဆက်ဆက်ဖြစ်ခဲ့တဲ့ ဗိုလ်စိန်လွင်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေနှင့် ယနေ့ဗိုလ်သိန်းစိန်တို့ဟာ ဘယ်သူမှ အင်္ဂလိပ်လို မိန့်ခွန်းမပြောနိုင်ကြပါဘူး....
စစ်တပ်လောကမှာ တော်ပါတယ် ထက်ပါတယ် လူရည်လည် ပညာတတ်တယောက်ပါလို့ နာမည်းကြီခဲ့တဲ ထောက်လှန်းရေး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်လဲ အင်္ဂလိပ်လို မိန့်ခွန်းပြောဆိုနိုင်ခြင်းမရှိပါဘူး....
ဒီတော့ ကမ္ဘာအလယ်မှာ ပညာတတ် ဒီအက်စ်အေဆင်း စစ်ဗိုက်ချုပ်ကြီးတွေလို့ ကိုယ့်ကိုယ်ကို အမွှန်းတင်ထားကြတဲ့ လူတွေကိုသတ်ပြီးတော့ ဒါးပြတွေလိုအုပ်ချုပ်တတ်တဲ့ အဖားကောင်းလို့ အစိုးရလူကြီးတွေ သမ္မတတွေ ဝန်ကြီချုပ်တွေဖြစ်လာတဲ့လူတွေက သူတို့မတတ်တာကို သူများတွေက အပြစ်ပြောနေကြတာကိုကာမိအောင် ကြိုကန်ပြီးတော့ ဆိုက်ဒ်ဝါးတွေထည့်နေကြတဲ့အထဲ ကိုမင်းကိုနိုင်ကို ချစ်ခင်ကြတဲ့သူများလဲ မျက်စိလည်ပြီး ပါကုန်ကြတယ်ထင်ပါတယ်...၊
စဉ်းစားကြည့်လေ...ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာအလယ်မှာ ကမ္ဘာသုံးအင်္ဂလိပ်ကို ကမ္ဘာကိုလက်ဖျားခါအောင်ပြောသွားတော့ ဘယ်သကောင်းသာ ဘယ်စစ်အဝှာမှ မကြားလိုက်ကြဘူး နားတွေကကန်း ကန်းနိုင်လွန်းလှတယ် ။

( ဦးနိုင်ဝင်း လန်ဒန် )

Saturday, September 29, 2012

ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်နိုင်တဲ့ ပညာရေးစနစ်မျိုး မြန်မာနိုင်ငံမှာ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား



မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု တည်ဆောက်ပေးနိုင်မယ့်
ပညာရေးစနစ်ထွန်းကားဖို့ လိုအပ်နေတယ်လို့ နယူးရောက

်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကမ္ဘာ့ကလေးငယ်များ ပညာရေး မြင့်တင်မှုဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်များညီလာခံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။

ဒီညီလာခံမှာ ကမ္ဘာ့တလွှားက ကလေးငယ်တွေ ပညာရေးသင်ယူနိုင်ခွင့် တိုးမြင့်ရလာဖို့ အမေရိကန် ဒေါ်လာသန်းပေါင်းတထောင့်ငါးရာ မတည်မယ် လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ကြေငြာခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးစအချိန် ဒီမိုကရေစီအစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့
ပညာရေးစနစ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးထဲပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၆၂ခုနှစ် စစ်အစိုးရတက်လာပြီးတဲ့နောက် ပညာရေးစနစ်
တဖြည်းဖြည်းနဲ့နိမ့်ကျသွားရတဲ့ အကြောင်းရင်းမှာ အဓိက အချက်(၂) ချက်ကြောင့်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“ပထမအချက် အစိုးရဟာ ပြည်သူတွေကို တာဝန်ခံမှုမရှိဘူး။ ဒုတိယအချက်ကတော့ အာဏာရှင်အစိုးရဟာ ပြည်သူတွေ တွေးခေါ်
စဉ်းစားတတ်လာမှာကို မလိုလားဘူး။ ဒါကြောင့် အာဏာရှင်အစိုးရဟာ ပညာရေးနဲ့ပတ်သက်လို့ နည်းမှန်လမ်းမှန် ချမှတ်ဆောင်ရွက်တာတွေ မလုပ်ခဲ့ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်ပြောသွားပါတယ်။

ဒါအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းကို အားပေးတဲ့ ပညာရေးစနစ် နှစ်ပေါင်း များစွာနိမ့်ကျခဲ့ပြီးတဲ့နောက်မှာ လူငယ်တွေရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် အားနည်းသွားရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

“ကျမတို့ရဲ့မျိုးဆက်သစ်တွေကိုကြည့်တဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်စိတ် မရှိတာမျိုးတွေ့ရတယ်။ အခြားနိုင်ငံက လူငယ်တွေနဲ့မတူဘူးလို့ သူတို့ ခံစားနေရတယ်။ ဒါကြောင့် ပညာရေးစနစ်အသစ်အတွက် ရင်ဆိုင်ရမယ့် အခက်အခဲဆုံးတခုဟာ လူငယ်တွေ ကိုယ်တိုင် ကိုယ့်ကိုကိုယ်ရပ်တည်ဖို့ ယုံကြည်ချက်တွေတည်ဆောက်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ပညာရေးဟာ ကျမအတွက်တော့ ယူတာထက် ပေးတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံက ပညာရေးနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံက အကူအညီတွေ
ပေးမယ် လို့ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး
မြှင့်တင်ရေး ကုလသမဂ္ဂ အထူး သံတမန် မစ္စတာ ဂေါ်ဒွင် ဘရောင်း က အခုလို ပြောတယ်။

“မြန်မာနိုင်ငံမှာ ပညာရေးလုပ်ငန်းတွေ ဘယ်လို ပူးပေါင်းဆောင်ရွက်
ပေးရမလဲ ဆို တာနဲ့ပတ်သက်လို့ဆွေးနွေးဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ အရင်က ပညာရေးအတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ ၁ ရာခိုင်နှုန်းပဲ သုံးစွဲခဲ့တယ်ဆိုတာပါ။ ဒါအပြင် လက်ရှိအခြေအနေမှာလည်း မူလတန်းပညာရေးကို မသင်ကြားနိုင် တဲ့ကလေးတွေ ရှိနေတယ် ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်ပြောသွား ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တဆင့် မြန်မာနိုင်ငံက ကလေးမှန်သမျှ ပညာ မသင်မနေရဆိုတဲ့ အစီအစဉ်ကို အောင်မြင်အောင် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ဖို့ မစ္စတာ ဘန်ကီမွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂရဲ့ ပညာရေးသည် ပထမဆိုတဲ့ လှုပ်ရှားမှု ကနေ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံအချိန်အတွင်း ကျင်းပတဲ့ ပညာရေးဆိုင်ရာ အစည်းအဝေးမှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း
မြန်မာနိုင်ငံရဲ့ပညာရေးအတွက် အလေးပေးကူညီသွားမှာဖြစ်ကြောင်း
ပြောသွားသလို ပညာရေးဟာ လူ့အဖွဲ့အစည်း တိုးတက်ဖို့အတွက် အရေးပါတဲ့ အရာဖြစ်တယ်လို့လည်း အခုလို ပြောသွားပါတယ်။

“ပညာရေးဟာ လူ့အဖွဲ့အစည်းတိုင်းရဲ့ အခြေခံအုပ်မြစ်ဖြစ်တယ်။ ဒါအပြင် ဆင်းရဲမှုက လွတ်မြောက်ရာ လမ်းကြောင်းလည်းဖြစ်တယ်။ ပညာပိုပြီးတတ်လေ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို သက်သာစေတယ်၊ အမျိုးသမီးနဲ့ကလေးတွေအတွက် အခွင့်အရေးတွေပိုပြီး ရစေတယ်။ ကျန်းမာရေး ကောင်းမွန်လာအောင် ကူးစက်ရောဂါတွေ တိုက်ဖျက်နိုင်ဖို့ အတွက်လည်း ပညာရေးဟာ အထောက်အကူပြုပါတယ်။ ဒါအပြင် ပညာရေးဟာ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ဖွံဖြိုးရေးရည်မှန်းချက် တိုးတက်အောင်မြင်အောင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင် မှာဖြစ်တယ်။”

အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြထားပါတယ်။

http://soundcloud.com/burmeserfa/fnemovxelb1t

REF: RFA Burmese
Posted by Admin Team-NOM

Sunday, August 26, 2012

နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်

နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်ဟု သိရှိရသည်။
ဓာတ်ပုံ-နည်းပညာတက္ကသိုလ်(တောင်ကြီး)Group


ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ရမှတ် ၄၅၀ နှင့်အထက်ရရှိ အောင်မြင်သူများမှာ ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် B.E  နှင့် B.Arch ဘွဲ့သင်တန်းများအား တိုက်ရိုက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းသားဦးရေ ၂၅၀ ဦးစီကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး Bio. Technology ၀ါသနာပါသူ များအတွက် လေးနှစ်ဆက်တိုက် သင်ယူစေကာ အောင်မြင်သူများအား B.S.(Bio.Tech) ဘွဲ့ကို ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။
ရမှတ် ၃၆၀ နှင့် အထက်ရရှိ အောင်မြင်ထားသူများမှာမူ ယခုလက်ရှိ ဖွင့်လှစ်လျက်ရှိသော နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများတွင် A.G.T.I Certificate ရရှိရန် သုံးနှစ်တက်ရောက် သင်ကြားရမည်ဖြစ် ပြီး B.E ဘွဲ့တက်ရောက်ရန် အဆင့်မီသူများမှာ အင်ဂျင်နီယာ Orientation သင်တန်းတစ်နှစ်ကို တက်ရောက်ရမည်ဖြစ်ကာ အောင်မြင်ပါက B.Eဘွဲ့ပေးရန် သတ်မှတ်ထားသည့် နည်းပညာတက္ကသိုလ်များ၌ ဆက်လက် တက်ရောက်ခွင့် ရရှိမည်ဖြစ် ကြောင်း သိရှိရသည်။
B.E  ဘွဲ့သင်တန်းသို့ တက် ရောက်ရန်အဆင့်မမီသူများမှာမူ ယခင်ပုံစံအတိုင်း သက်ဆိုင်ရာ တက္ကသိုလ် များ၌ B.Tech သင်တန်းနှစ်နှစ်ကို တက်ရောက်နိုင်ပြီး အောင်မြင်ပါက B.Techဘွဲ့ကို ပေးအပ်သွားမည်ဖြစ်သည်။
ပြောင်းလဲလိုက်သည့်ပညာရေး စနစ်အရ အဆင့်မြှင့်နည်းပညာ တက္ကသိုလ်များမှ တိုက်ရိုက် B.E ဘွဲ့ရရှိ ရန် ခြောက်နှစ်ကြာမြင့်မည်ဖြစ်ပြီး A.G.T.I အောင်မြင်ပြီး B.E ဘွဲ့တက်ရောက်သူများမှာ ခုနစ်နှစ်ကြာမြင့်မည် ဖြစ်သည်။ B.Tech ဘွဲ့ရရှိရန် ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး M.Tech တက်ရောက်ရပါက ခုနစ်နှစ်ကြာမြင့်မည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများ၏ B.E ဘွဲ့သင်တန်း၌ A.G.T.I နှစ်နှစ်၊ B.Tech နှစ်နှစ်နှင့် B.E ဘွဲ့တစ်နှစ်ပေါင်း ငါးနှစ်တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
Ref:EMG

နည်းပညာတက္ကသိုလ်(ဟင်္သာတ)ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား



 နည်းပညာတက္ကသိုလ် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှု
၁၆.၈.၂၀၁၂ က ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့်

အလုပ်သမားများ အသေအပျောက်မရှိခဲ့ကြောင်းသိရပါသည်။
လုပ်ငန်းခွင်တွင် မြေပြိုကျမှုသည် စာသင်ချိန်ဖြစ်ပြီး မြေပြိုကျသံကြားရ၍ ကျောင်းသား/သူများ စိုးရိမ်၊ထိတ်လန့်မှုများရှိခဲ့ကြောင်း ကျောင်းသားများမှ
ပြောကြားခဲ့ပါတယ်။
 
နည်းပညာတက္ကသိုလ်(ဟင်္သာတ)ကို အချိန်မှီပြီးစီးအောင် ဦးစားပေး၍
ခိုင်ခံ့မှု နှင့် စိတ်ချရမှုကို အရေးမထားမှု၏ ဆိုးကျိုးများပင် ဖြစ်သည်ဟု
ကျောင်းသားများမှ မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ကိုးကား-Abfsu Hinthada

အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ် ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်

ရန်ကုန် သြဂုတ် ၂၆

''အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်'' ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RUMFCCI) ၌
ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲကို စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ နည်းပညာအဖွဲ့ (Myanmar Academy of Technology) နှင့် မြန်မာနိုင်ငံ ငလျင်ကော်မတီတို့၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဦးသိန်းက ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဦးသိန်းသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနတို့၌ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းကို စတင် တည်ထောင်သူ ဥက္ကဋ္ဌ ဖြစ်ကြောင်းသိရပြီး အဆိုပါ ဟောပြောပွဲသို့ စိတ်ပါ ဝင်စားသူတိုင်း တက်ရောက် ဆွေးနွေးနိုင်ကြောင်း သိရသည်။
Ref:မြ၀တီ

Saturday, August 25, 2012

ကိုရီးယား ရေကြောင်းပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ဘွဲ့သင်တန်း သစ်များလာမည့် ပညာသင်နှစ်တွင် ပူးပေါင်း ဖွင့်လှစ် ရန်ရှိ




မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ
ကိုရီးယား ရေကြောင်း ပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဘွဲ့သင်တန်း ပေးအပ်မယ့် သင်တန်း တွေကို လာမယ့် ပညာသင်နှစ်က စတင်ကာ ပူးပေါင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ဖွင့်လှစ်တဲ့ အခါ သင်ကြား ပေးမယ့် ဘာသာရပ်မှာ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ်နဲ့ ရေကြောင်း သိပ္ပံပညာရပ် နှစ်ခုအတွက် ဖွင့်လှစ်မှာ ဖြစ်ပြီး ဘာသာရပ် တစ်ခုစီကို သင်တန်းသား ၂၀ ဦးစီ လက်ခံ သင်ကြားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ သင်တန်း ဖွင့်လှစ်မှု အတွက်ကို ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်မှ သီလ၀ါရှိ မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ် ကျောင်းဝင်း အတွင်းမှာ အဆောက်အဦး ငှားရမ်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီလို သင်ကြားရာမှာ ပထမ သုံးနှစ်ကို မြန်မာနိုင်ငံမှာ သင်ကြား ရမှာဖြစ်ပြီး ကျန် ၂ နှစ်ကို ကိုရီးယား နိုင်ငံမှာ သွားရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ ဒီလို သင်ကြား နေစဉ် ကာလ အတွင်း သင်္ဘော ကုမ္ပဏီက ပညာသင် ထောက်ပံ့ကြေးပါ ပေးအပ်မှာ ဖြစ်ပါတယ်။ ဒီလို သင်ကြား ပြီးပါက ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်မှ ပေးအပ်မယ့် ဘွဲ့ကို ရရှိမှာဖြစ်ပြီး ကိုရီးယား သင်္ဘော အရာရှိ COC လက်မှတ်ပါ ရရှိမှာ ဖြစ်ပါတယ်။

အဆိုပါ သင်တန်း ဖွင့်လှစ်ဖို့ အတွက် လက်ရှိမှာ သင်ရိုးညွှန်းတမ်း ရေးဆွဲမှုတွေ ပြုလုပ်လျက် ရှိပြီး ကိုရီးယား နိုင်ငံမှ ရေကြောင်း ဆိုင်ရာ ပါမောက္ခများ ကိုယ်တိုင် သင်ကြား ပို့ချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ ဆရာ၊ ဆရာမ တွေကိုပါ လိုအပ်တဲ့ သင်တန်းတွေကို ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်က ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်နဲ့ ကိုရီးယားနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှစ်ခုဟာ ပညာရေး ဆိုင်ရာ ပူးပေါင်း ဖလှယ်မှုတွေ အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင် ကတည်းက MoU ရေးထိုးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုအခါ မှာတော့ ကိုရီးယား ရေကြောင်း တက္ကသိုလ်မှ ပြည်တွင်းမှာ ရေကြောင်း ဆိုင်ရာ တက္ကသိုလ် ဘွဲ့သင်တန်းကို လာရောက် ဖွင့်လှစ်ဖို့ အတွက် ဆွေးနွေးမှု တွေကို စတင် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Ref:MRTV-4

Wednesday, August 22, 2012

ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်းမည်


ရန်ကုန်၊ သြဂုတ်လ ၂၂။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာတက္ကသိုလ်မှ စုံစမ်း သိရသည်။

နော်ဝေး နိုင်ငံနှင့် ရေကြောင်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဂျပန်နိုင်ငံ နှင့် သင်္ဘော တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့်အိန္ဒိယနိုင်ငံနှင့် သင်ထောက်ကူ ပြု Similator တည်ဆောက်ရန် အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်း တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရေကြောင်း ပညာရပ် ဆိုင်ရာ ကျွမ်းကျင် ဆရာ လိုအပ်ချက်၊ ဓါတ်ခွဲခန်း လိုအပ်ချက်၊ Similator Room လိုအပ်ချက်များကြောင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ Similator Room တစ်ခုအတွက် ကုန်ကျစရိတ်က မြန်မာ ငွေသန်းချီ ကုန်ကျမည် ဖြစ်ပြီး ဆော့ဝဲလ်ကို အိန္ဒိယကဝယ်၍ ဟက်ဝဲလ်ကို မြန်မာနိုင်ငံတွင် ဝယ်ယူ တပ်ဆင်ပါက ငွေအကုန်ကျ သက်သာမည် ဖြစ်သောကြောင့် အိန္ဒိယနှင့်အကျိုးတူ ပူးပေါင်းခြင်း ဖြစ်ကြောင်း၊ ရေကြောင်း တက္ကသိုလ် အနေဖြင့် နိုင်ငံတကာ White List စာရင်းတွင် ရပ်တည်ရန် အတွက် အရည်အချင်း မှီရန် လိုအပ်ချက်များကို ပြုပြင်ရမည် ဖြစ်ကြောင်း ပါမောက္ခချုပ် ဦးချာလီသန်းက ပြောသည်။

ရေကြောင်းပညာ တက္ကသိုလ်ကို(၂၀၀၁-၂၀၀၂) က စတင် တည်ထောင်ရာ (၂၀၀၃-၂၀၀၄) တွင် ဆင်မလိုက် ရေကြောင်းသိပ္ပံတွင် စတင်ပညာ သင်ကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် သီလဝါ ဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများ အရ သိရသည်။