Showing posts with label ရခိုင်ပြည်နယ်နောက်ဆုံးသတင်းများ. Show all posts
Showing posts with label ရခိုင်ပြည်နယ်နောက်ဆုံးသတင်းများ. Show all posts

Sunday, August 26, 2012

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးပို့နိုင်ဟုဆို

ရခိုင်ပြည်နယ်တွင် မေလ နှင့် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရေး အတွက် သတင်း အချက်အလက်များကို rcic.information@gmail.com သို့ အီမေးဖြင့် ပေးပို့နိုင်ကြောင်း နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်လိုက်သည်။ သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပေးခဲ့သည့် အဆိုပါ သီးခြားလွတ်လပ်သော စုံစမ်းရေး ကော်မရှင်၏ လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင်...

Friday, August 24, 2012

ရခိုင်ပြည်နယ် ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာ မူဝါဒ အပေါ် ထိခိုက်မှု မရှိဟု သံအမတ်ကြီးပြောကြား

ရန်ကုန်၊ သြဂုတ် - ၂၄ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုလျှော့ချပေးရေးဆိုင်ရာမူဝါဒအပေါ် ထိခိုက်နစ်နာမှုမရှိကြောင်း မြန်မာဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသား ဖော်ပြသည်။"ဆူပူ အကြမ်းဖက်မှုတွေ အင်မတန် လျင်မြန်စွာဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကူးစက်ပျံ့နှံ့တယ် ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အံ့အားသင့် လောက်အောင်ဖြစ်စေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့...

Thursday, August 23, 2012

မန္တလေး လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့ ၁၀ဖွဲ့ နိုင်ငံတော် သမ္မတ ပုံပါ တီရှပ်များ ရောင်းချ

မန္တလေး၊ သြဂုတ် ၂၃မန္တလေးမြို့ပေါ်ရှိ ရဟန်းတော် ထောင်ချီ သီတင်းသုံးလျက် ရှိသော မစိုးရိမ် တိုက်သစ် ဆရာတော် အရှင်ဝီရသူ ဦးဆောင်မှုဖြင့် လူမှုရေးနှင့် ဘာသာရေး အသင်းအဖွဲ့ ၁၀ ဖွဲ့က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ပုံပါ တီရှပ်များကို ယနေ့တွင် စတင် ရောင်းချခဲ့ကြောင်း ဆရာတော် အရှင်ဝိရသူက မိန့်ကြားသည်။အဆိုပါ တီရှပ်များ ရောင်းချသည့် အဖွဲ့အစည်းများမှာ မြတောင်ကျောင်း ဘေးရှိ သာမဏေ စောင့်ရှောက်ရေး အဖွဲ့၊ ၉၆၉ လူငယ် ပရဟိတ အဖွဲ့နှင့် ရခိုင် လူငယ်များ ပါဝင်သည့် အသင်းအဖွဲ့ ၁၀ ဖွဲ့တို့ဖြစ်ပြီး ယင်းကဲ့သို့ ရောင်းချရခြင်းမှာ ရခိုင် အရေးအခင်းတွင် သမ္မတကြီး၏ ရပ်တည်ချက် လုံးဝ...

လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကျော် ကန့်ကွက် သဖြင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ ဖတ်ကြားရန် ရွှေ့ဆိုင်း

နေပြည်တော်၊ သြဂုတ် ၂၃နေပြည်တော်တွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင် ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏ ၁၇ ရက်၊ ၈ လ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသည့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကျော်က ကန့်ကွက်ခဲ့သဖြင့် ဖတ်ကြားခြင်း မပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်း ရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် ကန့်ကွက် ခဲ့သည့်...

Thursday, August 16, 2012

တိဘက်ဒေသ ငလျင် ဓာတ်ပုံများနှင့် တိဘက်ဘုန်းတော်ကြီးများ ပုံကို နိုင်ငံတကာ မီဒီယာ အချို့ တလွဲ အသုံးပြုမှု CTA သတိပေး

ရန်ကုန်၊ သြဂုတ် - ၁၆ ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခများကို နိုင်ငံတကာ သတင်းမီဒီယာများနှင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် သတင်းဓာတ်ပုံများ ဖော်ပြရာ၌ တိဘက်ဒေသတွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်နှင့် ပတ်သက်သည့် ဓာတ်ပုံများကို လွဲမှားစွာ အသုံးပြုမှုများ ရှိနေခြင်းကြောင့် မလိုလား အပ်သည့် အရေးကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်ဟု တိဘက်ဒေသ အုပ်ချုပ်ရေး အဖွဲ့ ဗဟို(Central Tebetan Administration-CTA) က သတိပေး ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း The Tiebet Post သတင်းစာက ရေးသားဖော်ပြသည်။ နိုင်ငံတကာနှင့် အခြား ပြည်တွင်းမီဒီယာတို့က မြန်မာနိုင်ငံ၊...

Wednesday, August 15, 2012

ဖန်တီးလုပ်ကြံထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး သတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပအခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာ

ဗုဒ္ဓဘာသာနဲ့ မူဆလင် အုပ်စုတွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမား လာအောင် တိဗက်ဘုန်းတော်ကြီးတွေ ပါဝင်နေတဲ့ ဓါတ်ပုံတွေကို တစ်လွဲအသုံးချပြီး ဆောင်ရွက်နေတာတွေ မပြုလုပ်ဖို့၊ ဒီဓါတ်ပုံတွေကို ကမ္ဘာ တစ်ဝှမ်းရှိ သတင်းမီဒီယာများအနေနဲက အသုံး မပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ တိဗက် ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဒီဓါတ်ပုံတွေကို မူဆလင်နိုင်ငံတွေက ၀က်ဘ်ဆိုက်တွေမှာ ဖြန့်ဖြူးနေတာ ဖြစ်ပြီး အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်တွေကို သတင်းတင်ပြရာမှာ လူသေအလောင်းတွေရှေ့မှာ တိဗက် ဘုန်းကြီးတွေ မတ်တပ်ရပ်နေတဲ့ ဓါတ်ပုံတွေ အသုံးပြု ဖော်ပြနေကြကြောင်း၊ ယင်းဓါတ်ပုံများမှာ...

Monday, August 13, 2012

ရိုဟင်ဂျာများအတွက် ဆော်ဒီဘုရင်က ဒေါ်လာသန်း ၅၀ ထောက်ပံ့

ပြီးခဲ့သည့် ဇွန်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများကို ဆော်ဒီအာရေးဘီးယားဘုရင် အဗဒူလာက အမေရိကန် ဒေါ်လာ သန်း၅၀ လှုဒါန်းလိုက်ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံပိုင် သတင်း မီဒီယာတွင် ဖော်ပြထားသည်။အဆိုပါ ပဋိပက္ခတွင် ဒုက္ခ ခံစားခဲ့ရသော ရိုဟင်ဂျာများ အတွက်လည်း အရေးပေါ် အကူအညီ ပေးရမည်ဟု ယူအေအီး သမ္မတ ရှိတ်ခါလီဖာအယ်လ်နာယန်က လူသားချင်း စာနာမှု အကူအညီ ပေးနေသော အဖွဲ့တစ်ခုဖြစ်သော ခါလီဖာဘင်ဇာယစ်အယ်လနာယန် အဖွဲ့ကို ညွှန်ကြား လိုက်ကြောင်း ပါကစ္စတန် နိုင်ငံမှ လွှင့်တင်သော International News သတင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။Ref:The Vo...

ကုလ လူ့အခွင့်ရေး ကိုယ်စားလှယ်၏ သဘောထား ကို ရခိုင်ပါတီ တုံ့ပြန် ဝေဖန်

ရန်ကုန် သြဂုတ် ၁၃ရခိုင်ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ သွားရောက် လေ့လာခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား နှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများ၏ သဘောထားကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) စစ်တွေ ဗဟိုက သြဂုတ်လ ၁၂ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိ ရသည်။ကင်တားနား အနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သတင်း မီဒီယာများကို ပြောကြားခဲ့သည်များမှာ တရားမျှတမှု မရှိသည့်အပြင် ရိုဟင်ဂျာ ဆိုသည့် စကားလုံးကို သုံးနှုန်း ပြောဆိုခြင်းနှင့်...

လုံခြုံရေး အခြေအနေကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်မြို့အတွင်းရှိ စာသင်ကျောင်း များအနက် သုံးပုံတစ်ပုံသာ ဖွင့်လှစ်နိုင်ပြီး ကျန်စာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေး

လုံခြုံရေး အခြေအနေကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်မြို့အတွင်းရှိ စာသင်ကျောင်း များအနက် သုံးပုံတစ်ပုံသာ ဖွင့်လှစ်နိုင်ပြီး ကျန်စာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။ ရခိုင်ပြည်နယ် ပညာရေးဌာနမှ ၎င်းတို့ရရှိခဲ့သော စာရင်းများအရ မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၅၉ ကျောင်းရှိပြီး ၁၅၉ ကျောင်းလုံး ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ၁၅၉ ကျောင်း အနက် ၁၄၉ ကျောင်း မဖွင့်လှစ်နိုင်ကြောင်းနှင့် ရသေ့တောင် မြို့နယ်ရှိ ၁၆၇ ကျောင်းအနက် ၁၃ ကျောင်းမဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။ “အဓိကကတော့...

Monday, June 25, 2012

အလိုတော်ပြည့်ဆရာတော်ဘုရားကြီးစစ်တွေမြို့သို့ ရောက်ရှိ

ရခိုင်ပြည်နယ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် Air Mandalay လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသော အလိုတော်ပြည့်ဆရာတော်ဘုရားကြီးRef:CJ Myanmar...

Saturday, June 23, 2012

ရခိုင် ၁ဝဦးသတ်သူ အကြမ်းဖက်သမားတစ်ရာကျော် စစ်တွေထောင်သို့ပို့

ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင်ရွာတွင်ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများနှင့်လူဆယ် ဦးသတ်မှု တို့တွင် ပါဝင်သူအကြမ်းဖက် သမား တစ်ရာကျော် ကို ဖမ်းဆီးပြီး စစ်တွေထောင်သို့ ပို့ဆောင်ထား ပြီး ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီဥက္ကဌ ဦးမောင်လှမြင့် ကဆိုသည်။ အဆိုပါလူသတ်မှုနှင့်အ ကြမ်းဖက်မှုတွင်  ပါဝင်ခဲ့သူများမှ(၂၂) ဦးကို ဇွန်(၂၁)ရက်နေ့က  ဖမ်းဆီးခဲ့ပြီး ထွက်ပြေးနေသူများ  ထဲမှ(၃၁)ဦးကို ဇွန်(၂၂) ရက်နေ့က ဆက်လက်ဖမ်း ဆီးနိုင်ခဲ့ပြီးနာက် ထပ်မံ၍  ပါဝင်သူ (၅၀)ဦး ကျော်ကို ဇွန်လ(၂၃)ရက်နေ့ကဖမ်း ဆီးခဲ့ သဖြင့်...

Tuesday, June 19, 2012

ယနေ့ရရှိသော ရခိုင်ပြည်နယ် နောက်ဆုံးရသတင်းများ

Ref:Rakhine State Update News -ယနေ့လက်ရှိဖြစ်ပွါးခဲ့သော ရသေ့တောင်မြို့နယ် အဓိကရုဏ်း တွင် ရခိုင်တိုင်းရင်းသား ၄ ဦးသေဆုံးပြီး အပြင် ၆ ဦးပျောက်ဆုံးနေကြောင်း (ဖုန်းသတင်း) Ref:Rakhine State Update News Last update at 19.6.2012(2:22pm) -ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိုက်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၅နာရီခန့်က အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းအခင်းဖြစ်ပွားရာ နေရာသို့ ရသေ့တောင် စစ်တပ်မှ တပ်စိပ်တစ်စိပ်ခန့် အဓိကရုဏ်းအား တားဆီး၊ လုံခြုံရေးယူရန် ယနေ့နံနက် ၈နာရီခန့်က သွားရောက်ခဲ့ပြီး...