
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဟာ
နောက်ကြောင်းပြန်လှည့်နိုင်တယ်လို့ မယူဆကြောင်း အမေရိကန်ပြည်ထောင်စု
နယူးယောက်မြို့ အာရှလူမှုအဖွဲ့ကြီး Asia Society ရဲ့
မြန်မာ့အရေးဆွေးနွေးပွဲမှာ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှင်သန်ခိုင်မာလာအောင် ဒီမိုကရေစီကျင့်စဉ်တွေ
ကို လိုက်နာဖို့ လိုကြောင်း၊ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ကိုက်ညီဖို့ လိုသလို ပြည်တွင်း ပြည်သူလူထု သဟဇာတကျဖို့လည်း ကြိုးပမ်း ရမှာဖြစ်ကြောင်း ဦးသိန်းစိန်ကပြောပါတယ်။...