Showing posts with label အနုပညာရပ်ဝန်းသတင်းများ. Show all posts
Showing posts with label အနုပညာရပ်ဝန်းသတင်းများ. Show all posts

Friday, August 24, 2012

 မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရွေးကောက်ပွဲတွင် ဂီတအလွှာ အသီးသီးမှ လာရောက်မဲပေးခဲ့ကြပြီး အမှုဆောင်များအဖြစ် အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကာ လူငယ်အနုပညာရှင်များ ပါဝင်လာ


မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ်များထဲမှ အမှုဆောင်များအဖြစ် အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကာ လူငယ် အနုပညာရှင်များ ပါဝင်လာခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) အမှုဆောင်သစ်ရွေးချယ်ပွဲအတွက် မဟာဂီတ၊ကာလပေါ်၊ စတီရီယို ၊ခေတ်သစ်ဂီတ၊ ထုတ်လုပ်ဖြန့်ချိ နှင့် အသံဖမ်းစက်မှုအလွှာ အသီးသီးမှ ၁၃၇ဦးမှ အဆိုပြုလွှာများ တင်သွင်းခဲ့ပြီး ယင်းတို့အနက် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခွင့်ရှိသူများအဖြစ် မဟာဂီတအလွှာ ဆို၊ တီး၁၈ဦး၊ ကာလပေါ်အလွှာမှ ရေး၊ဆို၊တီး ၂၈ဦး၊ စတီရီယို အလွှာမှ ရေး၊ဆို၊တီး ၂၉ဦး၊ ခေတ်သစ်ဂီတအလွှာမှ ရေး၊ ဆို၊တီး ၁၅ဦး၊ ထုတ်လုပ်ဖြန့်ချိအလွှာ မှ ၁၁ဦးနှင့် အသံဖမ်းစက်မှုအလွှာမှ ၇ ဦး စုစုပေါင်း ၁၀၈ ဦးတို့ကို ရွေး ကောက်ပွဲကြီးကြပ်ကော်မရှင်က စိစစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့အနက်မှ အလွှာတစ်လွှာမှ ရေး၊ဆို၊တီး အမှုဆောင် ငါးဦးစီနှင့် ခေတ်သစ်အလွှာမှ ရေး၊ဆို၊တီး အမှု ဆောင် ၃ ဦးစီကို ဂီတလောကသား များက မဲစနစ်ဖြင့် ရွေးချယ်ရခြင်းဖြစ် ပြီး ပြန်လည်ဖွဲ့စည်းမည့် ဂီတအစည်းအရုံးသစ်တွင် အမှုဆောင် အဖွဲ့ဝင် ၅၉ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ရွေးကောက်ပွဲကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၀ရက်နေ့မှ ၂၄ရက်နေ့ အထိ ပြုလုပ်လျက်ရှိပြီး သြဂုတ်လ ၂၀ရက်နေ့တွင် မဟာဂီတအလွှာ၊ ၂၁ရက်နေ့တွင် ကာလပေါ်အလွှာ၊ ၂၂ရက်နေ့တွင်စတီရီယိုအလွှာ၊ ၂၃ ရက်နေ့တွင် ခေတ်သစ်ဂီတအလွှာ အထိ ပြုလုပ်ပြီးစီးခဲ့ပြီး သက်ဆိုင်ရာ အလွှာအသီးသီးရှိ ဂီတလောကမှ  အနုပညာရှင်များမှ လာရောက်မဲပေးခဲ့ကြသည်။ ယနေ့၂၄ရက်နေ့တွင် နောက်ဆုံးအလွှာဖြစ်သည့် စက်မှု၊ ထုတ်လုပ်နှင့် ဖြန့်ချိအလွှာများမှ ရွေးကောက်ခံလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်သစ် ၂၀၁၂ ရွေးချယ်တင်မြှောက်ပွဲ ရွေးချယ်တင်မြှောက်ခြင်း ခံရသော အမှုဆောင်များ
မဟာဂီတအလွှာ (တေးဆို)
(၁) တင့်တင့်ဝင်း
(၂) ကိုသက်ဆွေ
(၃) ဒေါ်ခင်ကြွေ(လှိုင်း)
(၄) သူဇာအောင်
(၅) မိုးမြင့်ဗိုလ်
 မဟာဂီတအလွှာ (အတီး)
(၁) လုလင်ငယ်သွေး မောင်သန်းအေး
(၂) စောင်းသိန်းဟန်ကြီး
(၃) ကျော်ကျော်ဟန်
(၄) စောင်းဦးဝင်းမောင်
(၅) စောင်းမောင်မောင်ကြည်
ကာလပေါ် (တေးဆို)
(၁) ဦးတင်ဦးလေး
(၂) ဦးမျိုးမြင့်လေး
(၃) လက်ပံတန်းဦးဝင်းမြင့်
(၄) ဦးမောင်မောင်ထိပ်
(၅) ဦးခင်မောင်ကြီး
ကာလပေါ် (တေးရေး)
(၁) ဦးမျိုးနွယ်ဆွေ
(၂) ဂီတစာဆို ဦးလွင်မြင့်
(၃) ဂီတစာဆို ဦးသောင်းတင်ဌေး
(၄) ဦးစိုးထွဋ်ခိုင်
(၅) ပျဉ်းမနားဦးမြင့်လှိုင်
ကာလပေါ် (အတီး)
(၁) တက္ကသိုလ် ဦးတင်မောင်ဝင်း
(၂) ဂီတာ ဦးအောင်တင့်
(၃) စာဆိုတေးရှင် ဂီတာ ဦးဖေ၀င်း
(၄) စန္ဒရားမောင်လှလေး
(၅) စန္ဒရား ဦးတင်မောင်ကြည်
စတီရီယို (အဆို)
(၁) နွဲ့ယဉ်ဝင်း
(၂) ဖြူဖြူကျော်သိန်း
(၃) ဟေမာနေ၀င်း
(၄) စည်သူလွင်
(၅) ဇော်ပိုင်
စတီရီယို (တေးရေး)
(၁) မြင့်မိုးအောင်
(၂) ရွှေဂျော်ဂျော်
(၃) နောင်နောင်(SF)
(၄) အောင်နိုင်စန်း
(၅) မေသော်
စတီရီယို (အတီး)
(၁) ဦးတင်ဦးသောင်
(၂) ကိုပက်ထရစ်
(၃) မိုးနိုင်(ဂီတမိတ်)
(၄) ဥက္ကာဦးသာ
(၅) ဇော်လတ်
ခေတ်သစ်အလွှာ (တေးဆို)
(၁) တွတ်ပီ( The Idiots)
(၂) ရဲလေး
(၃) သားစိုး
ခေတ်သစ်အလွှာ (တေးရေး)
(၁) ကျားပေါက်
(၂)ဖြိုးလေး (Snare)
(၃) ရဲလင်းအောင်(Bigg-Y)
ခေတ်သစ်အလွှာ ( အတီး)
(၁) KGK
(၂) ဦးရှည်ကြီး(Wanted )
(၃) ၀ီလီ (Reason)

Ref:EMG

Wednesday, August 22, 2012

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရွေးကောက်ပွဲ တတိယနေ့မြောက် ဆက်လက် ကျင်းပ


ရန်ကုန်၊ သြဂုတ် ၂၂


ခောတ်သစ် ဂီတ အလွှာ ထည့်သွင်းရေး နှင့် ပတ်သက် ၍ အခြေအတင် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကာလ အတန်ကြာ ဆိုင်းငံ့ ထားခဲ့ရသော မြန်မာ နိုင်ငံ ဂီတ အစည်းအရုံး(ဗဟို) အမှုဆောင်များ ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းကို ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် တတိယမြောက်နေ့ အဖြစ် ဆက်လက် ကျင်းပသည်။


ဂီတ အစည်းအရုံး ရွေးကောက်ပွဲကို သြဂုတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ စတင် ကျင်းပမည်ဖြစ်ပြီး မဟာဂီတ၊ ကာလပေါ်၊ ခေတ်ပေါ်စတူရီယို ၊ ခေတ်သစ် ဂီတအလွှာ နှင့် ထုတ်လုပ် ဖြန့်ချိ ဟူ၍ တစ်ရက်စီခွဲ ကျင်းပမည် ဖြစ်သည်။


"ဒီရွေးကောက်ပွဲက ပွင့်လင်း မြင်သာမှု အရမ်း ရှိပါတယ်။ဂီတ အစည်းအရုံးက NGO အဖွဲ့အစည်း အဖြစ်သွားဖို့ လျှောက်လှမ်းတဲ့ နေရာ ခုနှစ်ဆယ် ရာခိုင်နှုန်းကျော် အောင်မြင်နေပါပြီ"ဟု ခေတ်သစ် ဂီတ အလွှာပေါ်ပေါက် ခွင့်ရရန် အတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့သူ တေးဆို ကိုအနဂ္ဂက ပြောကြားသည်။


မဲပေးသော နေရာများနှင့် မဲရေတွက်မည့် နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ကာ TV နှစ်လုံးနှင့် တပြိုင်နက် ရိုက်ပြထား သောကြောင့် ရွေးကောက်ပွဲ ကျင်းပပုံကို ကြိုက်နှစ်သက် ကြကြောင်း ရွေးကောက်ပွဲသို့ လာရောက် မဲပေးကြသည့် အနုပညာရှင်များ ထံမှသိရသည်။


ပရိတ်သတ် အများစု စိတ်ဝင်စားကြသော ခေတ်သစ် ဂီတအလွှာ မဲပေးခွင့်များကို မနက်ဖြန် သြဂုတ် ၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးချယ် တင်မြှောက် ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် ကိုအနဂ္ဂက ပြောကြား သည်။

ရန်ကုန်တွင် ပထမဆုံး လူရွှင်တော်ည ကျင်းပမည်

ရန်ကုန်တွင် ပထမဆုံး လူရွှင်တော်ည ကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၂၂

လူဦးရေ ခြောက်သန်းခန့် နေထိုင်သည့် ရန်ကုန်မြို့တော်တွင် ရယ်မောခြင်းကို နှစ်သက်သူများ အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး လူရွှင်တော်ည( STAND – UP COMEDIAN ) အစီစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း Home ( House of Media & Entertainment ) ၏ တာဝန် ရှိသူ ဦးဇော်သက်ထွေးက ပြောကြားသည်။

အဆိုပါ Home တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး လူရွှင်တော်ညတွင် လူရွှင်တော် ဦးဇာဂနာ၏ တပည့်များ ဖြစ်ကြသည့် ဟာသ လူရွှင်တော် ဗူးခါး၊ ကျေးကျေး၊ သားချို၊ ဆူးဆူး နှင့် ၀ါဝါတို့ က လာရောက် ကြည့်ရှုသော ပရိသတ်ကို ရယ်စရာများဖြင့် ဖျော်ဖြေမည် ဖြစ်သည်။

စင်မြင့်ပေါ်မှ လူရွှင်တော် ၅ ဦးထိုင်ပြီး ဂျာနယ်နှင့် ပတ်သက်သည့် အကြောင်းအရာ များကို ပျက်လုံးထုတ်မည် ဖြစ်ပြီး အခြား အကြောင်းအရာများလည်း ပါဝင်မည် ဖြစ်ကြောင်း Home ရုံးခန်း၏ တာဝန်ရှိသူ မထက်ထက် က The Voice Weekly သို့ သြဂုတ်လ ၂၁ ရက်နေ့က အတည်ပြု ပြောကြားသည်။

အဆိုပါ လူရွှင်တော်ညကို အမှတ် ၅၈/၆၀၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်) ဗိုလ်တထောင် မြို့နယ် ရှိ Home ( House of Media & Entertainment ) တွင် ညနေ ၆ နာရီမှ စတင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တတ်ရောက် ကြည့်ရှု နိုင်သည်။