Showing posts with label နည်းပညာဆိုင်ရာသတင်းများ. Show all posts
Showing posts with label နည်းပညာဆိုင်ရာသတင်းများ. Show all posts
Thursday, August 30, 2012
ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် IFA လူသုံးကုန်အီလက်ထရွန်နစ်ထုတ်ကုန်ပြပွဲတွင် Samsung ကုမ္ပဏီက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် လူစိတ်ဝင်စားမှုအများဆုံး အီလက်ထရွန်နစ်ပစ္စည်းများအကြောင်း ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ခြင်း
ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် IFA လူသုံးကုန်အီလက်ထရွန်နစ်ထုတ်ကုန်ပြပွဲတွင် Samsung ကုမ္ပဏီက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် လူစိတ်ဝင်စားမှုအများဆုံး အီလက်ထရွန်နစ်ပစ္စည်းများအကြောင်း ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
Android Jelly Bean နှင့် အရွယ်အစားကြီးမားသည့် screen ပါဝင်သည့် Galaxy Note II Phablet ကို Samsung ပွဲထုတ်မိတ်ဆက်
Galaxy Note II တွင် ၅.၅ လက်မ HD Super AMOLED screen ကိုအသုံးပြုထားပြီး ဘက်ထရီမှာလည်း ယခင်ထက် ၂၀ ရာခိုင်နှုန်းပိုမိုကြီးမားကြောင်း သိရသည်။ ယခင် Galaxy Note တွင် အသုံးပြုထားသည့် 1.4 GHz CPU အစား 1.6GHz quad-core CPU ကိုအသုံးပြုထားပြီး 2GB RAM နှင့် 3100mAh ဘက်ထရီကို အသုံးပြုထားသည်။Screen အရွယ်အစားမှာ ယခင်ကထက် ကြီးမားလာသော်လည်း resolution မှာ ယခင် 1280 x 800 မှ 1280 x720 သို့ အနည်းငယ်လျော့ကျသွားကြောင်းသိရသည်။ ဖုန်းပေါ်ရှိ port များ၏ နေရာကိုလည်း အနည်းငယ် ပြောင်းလဲထားပြီး သိုလှောင်မှုစနစ်များအနေဖြင့် 16GB, 32GB နှင့် 64GB တို့ဖြင့် ထုတ်လုပ်ထားသည်။
ကင်မရာအနေဖြင့် အရှေ့ဘက်တွင် 2-megapixel ကင်မရာပါဝင်ပြီး ကျောဘက်တွင် 8-megapixel ကင်မရာ ကိုအသုံးပြုထားသည်။ Samsung Galaxy S III တွင် မိတ်ဆက်ပေးခဲ့သည့် ဓာတ်ပုံဆော့ဖ်ဝဲများ ပါဝင်လာပြီး ဖုန်း၏ ဒီဇိုင်းမှာလည်း Galaxy S III ၏ ဒီဇိုင်းနှင့် အလွန်ဆင်တူသည်။
Air View feature သစ်ကို ထည့်သွင်းပေးထားသည့်အတွက် S pen ကို email နှင့် image gallery ကဲ့သို့ app တစ်ခုပေါ်တင်လိုက်သည့်အခါတွင် အချက်အလက်များကို preview အနေနှင့် ဖော်ပြပေးမည်ဖြစ်သည်။ အဆိုပါ Galaxy Note II ကို အောက်တိုဘာလတွင် တင်ပို့ရောင်းချမည်ဖြစ်ပြီး တန်ဖိုးကို ကုမ္ပဏီမှကြေညာ ထားခြင်းမရှိသေးသော်လည်း 3G အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၈၀၀ ခန့်ကျသင့်နိုင်ကြောင်း သိရသည်။
 ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီ Samsung က Windows Phone 8 အသုံးပြုထားသည့် ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်း Ativ S ကို ဘာလင်မြို့တွင်ကျင်းပသည့် IFA ပြပွဲ၌ မိတ်ဆက်ပြသခဲ့
 Vita ဆိုသည့်စာလုံးကို နောက်ပြန်ခေါ်ဆိုကာ အမည်ပေးထားသည့် Ativ S ကို ပါးလွှာသည့် ဒီဇိုင်းအသွင်ဖြင့် ပြုလုပ်ထားပြီး ၄.၈ လက်မအရွယ် HD Super AMOLED display, 1GB RAM နှင့် 1.5GHz dual-core processor တို့ကို အသုံးပြုထားသည်။ HSPA+42 နှင့် တွဲဖက်အသုံးပြုနိုင်ပြီး ဓာတ်ပုံရိုက်ကူးရန်အတွက် ဖုန်း၏ကျောဘက်တွင် 8-megapixel ကင်မရာနှင့် LED flash ပါဝင်ကာ အရှေ့ဘက်တွင် 1.9-megapixel front-facing ကင်မရာ ပါဝင်သည်။
MicroSD card နှင့် NFC အထောက်အပံ့များပါဝင်ပြီး သိုလှောင်မှုစနစ်အနေဖြင့် 16GB နှင့် 32GB အမျိုးအစား ဖြင့် ရရှိမည်ဖြစ်သည်။ 2,300mAh ဘက်ထရီကို အသုံးပြုထားသည့်အတွက် အမေရိကန်ဈေးကွက်အတွက် Music Hub နှင့် Media Hub ကဲ့သို့ Samsung app များပါဝင်သည်။ ဈေးနှုန်းနှင့် ရောင်းချမည့်နေ့ကိုမူ မသိရသေးပေ။
ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီ Samsung ကSamsung Galaxy Camera ကိုလည်းမိတ်ဆက်ပြသခဲ့ကြောင်းသိရသည်။
OS : Android 4.0 (Ice Cream Sandwich)
Screen (ဖန်သားမျက်နှာပြင်) : ၃လက်မ
Optical Zoom : ၁၀ဆ
Thickness (အထူ) : 16 mm (Samsung Galaxy S3 ထက် နှစ်ဆဝန်း ကျင်ထူ)
Resolution : 16 megapixels
Feature : Wi-Fi, Xenon Flash, အင်တာနက် Browser, Social Network များတွင် ဓာတ်ပုံ တင်နိုင်ရန် ထောက်ပံ့ပေးထား (Photography apps များ)
(အချက်အလက်တချို့က ကွဲလွဲနိုင်ပါတယ်)
Android OS သုံး ကင်မရာအနေနဲ့ကတော့ Nikon မှလည်း Coolpix S880C ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် Samsung ထုတ် Galaxy S Camera ဟာလည်း Android OS သုံးကင်မရာ ဖြစ်ပါတယ်။
Ref: CNET
Ref: InformationWeek
Ref:Myanmar Mobile App Store
Ref:TechSpace
Ref:Internet Journal
Tuesday, August 28, 2012
Adroid Application တွေကို ဖုန်းကတစ်ဆင့် ခပ်လွယ်လွယ် Download လုပ်မယ်
Android ဖုန်းကိုင်ဆောင်သူဦးရေက အခုဆိုရင် တော်တော်များများ တိုးတက်လာတာ ကိုတွေ့ရပြီး Adroid ဖုန်းတိုင်းကလည်းRoot လုပ်ထားတဲ့ ဖုန်းတော်တော်များပါတယ်။ အနည်းဆုံး မြန်မာစာဖောင့် ထည့်ချင်လို့ကို Root လုပ် တတ်ကြပါတယ်။
Root လုပ်ပြီးပြီဆိုရင်တော့ တော်တော်များများက Carck Apps တွေကို ထည့်သွင်းပြီး အသုံးပြုတတ်ကြပါတယ်။ အခုပြောပြပေးချင်တာကတော့ MMAS လို့ခေါ်တဲ့ Myanmar Mobile App Store ကနေ ထုတ်လိုက်တဲ့ Mobile Market Apps လေးပါ။ အဲဒီ Apps ကို Root လုပ်ထားတဲ့ဖုန်းတွေထဲမှာ Install လုပ်နိုင်မှာဖြစ်ပြီး မြန်မာဘာသာနဲ့ Store တစ်ခုလုံးကို ရေးသားပေးထားတဲ့ အတွက် အခုမှစပြီး သုံးတတ်တဲ့ Android User တွေအတွက်လည်း အဆင်ပြေစေမှာပါ။
နောက်တစ်ခုက Store ထဲမှာ Main, Apps နဲ့ Games ဆိုပြီးပါဝင်ပါတယ်။ Main မှာကျတော့ နောက်ဆုံးထွက်ထားတဲ့ Apps ဒါမှမဟုတ် ကောင်းတဲ့ Apps တွေကို တင်ပေးထားတာဖြစ်ပါတယ်။ ဥပမာ- The Voice Weekly Logo ကိုနှိပ်လိုက်ရင် The Voice Weekly Apps အကြောင်းကို ရှင်းပြပေးမှာဖြစ်ပြီး ဘယ်ကုမ္ပဏီက ထုတ်တယ်၊ ဗားရှင်းက ဘယ်လောက်အနည်းဆုံးလိုတယ်၊ Download လုပ်တဲ့အကြိမ်အရေအတွက် ဘယ်လောက်ရှိပြီး ဘယ်နေ့က နောက်ဆုံး Update လုပ်ထားတယ် စတာမျိုးတွေကို ရှင်းပြပေးထားပါ တယ်။
အဲလိုပဲ Apps မှာ အသုံးဝင်ဆော့ဖ်ဝဲလ်တွေ၊ ဖုန်းတို့၊ Tablet တို့ကို Themes ပြောင်းလို့ရတာတွေ၊ လုပ်ငန်းသုံးဆော့ဖ်ဝဲလ်တွေ စတာတွေကို အမျိုးအစားတွေ ခွဲထားပေးပြီး Game မှာလည်း အက်ရှင်ဂိမ်း၊ စွန့်စွားသွားလာမှုဂိမ်း၊ လောင်းကစားဂိမ်း၊ အထွေထွေ ဂိမ်းဆိုပြီး ခေါင်းစဉ်အလိုက် Download လုပ် လို့ရပါတယ်။ သူတို့က မြန်မာလို ရေးသားထားပေမယ့် မြန်မာ Crack Apps တွေကို လုံးဝထည့်သွင်းထားခြင်း မရှိပါဘူးလို့လည်း ဆိုပါတယ်။
 Mobile Market Apps ကို
 www.myanmarmobileapp.com မှာ Download လုပ်လို့ရမှာပါ။
Ref:The Voice
Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ
ဒီသတင်းကို GSMArena မှ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းကတော့ Samsung Galaxy S ကင်မရာ ထုတ်လုပ်ဖြန့်ချိမယ်ဆိုတာပဲ ဖြစ်ပါတယ်။
Rumor အဆင့်ပဲ ရှိသေးသာဆိုတယ်။ ပါဝင်တဲ့ Specification ကိုတောင် အတိအကျ ဖော်ပြထားကြပါတယ်။ Android 4.0 ခေါ်တဲ့ Ice Cream Sandwich ကိုအသုံးပြုပြီး 16 Megapixel အထိ sensor အားကောင်း တယ်လို့ ဆိုပါတယ်။ စာရင်းအရဆိုရင်
OS : Android 4.0 (Ice Cream Sandwich)
Screen (ဖန်သားမျက်နှာပြင်) : ၃လက်မ
Optical Zoom : ၁၀ဆ
Thickness (အထူ) : 16 mm (Samsung Galaxy S3 ထက် နှစ်ဆဝန်း ကျင်ထူ)
Resolution : 16 megapixels
Feature : Wi-Fi, Xenon Flash, အင်တာနက် Browser, Social Network များတွင် ဓာတ်ပုံ တင်နိုင်ရန် ထောက်ပံ့ပေးထား (Photography apps များ)
Android OS သုံး ကင်မရာအနေနဲ့ကတော့ Nikon မှလည်း Coolpix S880C ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် Samsung ထုတ် Galaxy S Camera ဟာလည်း Android OS သုံးကင်မရာ ဖြစ်လာပါအုံးမယ်။ နည်းပညာပြပွဲကြီး IFA 2012 မှာ ဝင်ရောက်မိတ်ဆက်ပြသမယ်လို့လည်း GSM Arena မှ ဖော်ပြထားပါတယ်။
---
Ref:GSMArena
Aung Kham
From;TechSpace
Monday, August 27, 2012
ဆက်သွယ်ရေးလုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်တော့မည်
ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး
ထိုသို့ပြောင်းလဲဖွဲ့စည်းခြင်းနှင့်အတူ မြန်မာတယ်လီကွန်းကုမ္ပဏီကိုပ
ါ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာတယ်လီကွန်းကုမ္ပဏီအား ဆက်သွယ်ရေးကော်ပိုရေးရှင်းမှ
နိုင်ငံတကာရန်ပုံငွေနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေနှင့်အထောက်အပံ့များ၊ နည်းပညာများ ဆက်သွယ်ရယူလျက် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းမြန်မာတယ်လီကွန်းကုမ္ပဏီနှင့်အတူ ရတနာပုံတယ်လီကွန်းကုမ္ပဏီ၊ သီးခြားဆက်သွယ်ရေးလုပ်ငန်းကော်မတီနှစ်ခု စုစုပေါင်းကုမ္ပဏီ ၄ ခုတို့က ဆက်သွယ်ရေးဝန်ဆောင်မှုများကို ယှဉ်ပြိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာတယ်လီကွန်းကုမ္ပဏီ၊ ရတနာပုံတယ်လီကွန်းကုမ္ပဏီနှင့်အတူ ယှဉ်ပြိုင်ဆောင်ရွက်မည့် သီးခြား ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီ ၂ ခု၏အမည်အား မသိရှိရသေးပေ။ “ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ ဆောင်ရွက်တာဖြစ်ပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနရဲ့ ဥပဒေ၊ နည်းဥပဒေကြပ်မတ်မှုလက်အောက်မှာ အသစ်ပြဋ္ဌာန်းချက်တွေအတိုင်း ပါဝင်ဆောင်ရွက်မယ့် ကုမ္ပဏီတွေကို နိုင်ငံတော်သို့ အခွန်အခ ပြည့်ဝစွာပေးဆောင်ဖို့ ကြပ်မတ်သွားမှာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။
ပြုပြင်ပြောင်းလဲမှုပုံစံအရ ဖြစ်ပေါ်လာသော ဆက်သွယ်ရေးကဏ္ဍ၀န်ဆောင်မှုပုံစံတွင် တယ်လီကွန်းဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်း၊ ကြိုးဖုန်း၊ IT နှင့် အင်တာနက်ဝန်ဆောင်မှုတို့ကို အထက်ပါကုမ္ပဏီ ၄ ခုတို့က ယှဉ်ပြိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြောင်းလဲခြင်းများကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။
ရေးသားသူ -ထွန်းထွန်း
REF: Internet Journal
မိုးဘိုင်းတာဝါတိုင်မှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်မှာ ကျန်းမာရေး ထိခိုက်စေသည်ဟု လူထုက ယူဆသည့်အတွက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါများ တိုးချဲ့ရန် အခက်တွေ့
မိုဘိုင်း တာဝါတိုင်များမှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်သည် ကျန်းမာရေးကို ထိခိုက်သည်ဟု လူထုအနေဖြင့် ယူဆလာသည့်နောက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါတိုင်များ ဆက်လက်တိုးချဲ့တပ်ဆင်ရန် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် အခက်တွေ့လာခဲ့သည်ဟု အဆိုပါလုပ်ငန်းဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။ ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ တာဝါတိုင်ပြန်ဖြုတ်ခိုင်းတာမျိုးများလည်း ရှိကြောင်း ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းကွန်ရက်များ ချဲ့ထွင်ရန် စက်ပစ္စည်း အလုံအလောက်ကို လက်ဝယ်၌ ပိုင်ဆိုင်ထားရှိသော်လည်း မြေနေရာ အခက်အခဲကြောင့် တာဝါတိုင်များ တိုးချဲ့တပ်ဆင်ရန် အကန့်အသတ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ “တကယ်ကို ကျန်းမာရေး လိုက်စားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ဆက်သွယ်ရေး တာဝါတိုင်တွေကို သူတို့ရဲ့ ခေါင်မိုး ထိပ်တွေမှာ တွေ့မြင်နိုင်ပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးနဲ့ စင်ကာပူမျာဆိုရင် အထပ်မြင့် အဆောက်အဦတွေရဲ့ အမိုးပေါ်မှာ ဆက်သွယ်ရေး အင်တာနာတွေ တပ်ဆင်ခွင့် ပြုရမည်ဖြစ်တဲ့အကြောင်းကို ဥပဒေနဲ့ အခိုင်အမာ ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးထားတာ တွေ့ရတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းပြီး အဆောက်အဦ ခေါင်မိုးတွေပေါ်မှာ မိုဘိုင်းအင်တာနာ တပ်ဆင်ခွင့်ပြုမယ်ဆိုရင် မြို့နေလူထုအနေနဲ့ မိုးဘိုင်းဖုန်းနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ ပြတ်တောက်ခြင်း ကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး” ဟု ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref:International Social Network Myanmar
Sunday, August 26, 2012
Samsungက Appleထံမှ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် Samsungက အယူခံဝင်မည်
စမတ်ဖုန်းများနှင့် Tabletကွန်ပျူတာများ ထုတ်လုပ်ရောင်းချမှုတွင် Samsungက Appleထံမှ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် Samsungက အယူခံဝင်မည် ဖြစ်သည်။
ကယ်လီဖိုးနီးယားရှိ ဆန်းဂျို့စ် တရားရုံးက နည်းပညာ ဘီလူးကြီးများဖြစ်သော ကုမ္ပဏီနှစ်ခု၏ အားပြိုင်ပွဲတွင် Appleကို အနိုင်ပေးခဲ့ပြီး တောင်ကိုရီးယား ကုမ္ပဏီအား ဒေါ်လာ (၁.၀၅)ဘီလျံ လျော်ကြေးပေးရန် သောကြာနေ့က စီရင်ချက် ချခဲ့သည်။ ယခုအခါ
Samsungက တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကြေညာခဲ့သည်။ Samsungက ယခုစီရင်ချက်သည် အမေရိကန်တွင် မိမိတို့၏ ဖောက်သည်များအတွက် နစ်နာမှု ဖြစ်စေမည်ဟု ပြောကြားခဲ့သလို Appleသည် အမေရိကန်၏ တရားဥပဒေကို ဈေးကွက်လွှမ်းမိုးရေး ရည်ရွယ်ချက်အတွက် ပါးပါးနပ်နပ် အသုံးချခဲ့ခြင်းဟုလည်း စွပ်စွဲခဲ့သည်။ မကြာသေးမီက တောင်ကိုရီးယား တရားရုံး တစ်ခုကမူ ကုမ္ပဏီ နှစ်ခုလုံးသည် တစ်ဦး၏ ဒီဇိုင်းကို တစ်ဦးက ခိုးချထားကြောင်း သတ်မှတ်ခဲ့ပြီး ဗြိတိန်တရားရုံးကမူ Apple၏ Samsungအပေါ် စွဲချက်အား ပလပ်ခဲ့သည်။ အမေရိကန်တွင် ကာလရှည်ကြာ ဖြစ်နေသော တရားစီရင်မှု၏ အဆုံးသတ် ရလဒ်ကမူ Samsungအတွက် နစ်နာစေရန် ဦးတည်လာခြင်း ဖြစ်သည်။
Ref:planet myanmar
iPad အသေးစား (iPad mini) စက်တင်ဘာလတွင် ဖြန့်ချိမည်
iPad mini ကို စက်တင်ဘာလမှာ ဖြန့်ချိမယ်လို့ အမေရိကန် အခြေဆိုက် Wall Street ဂျာနယ် ရဲ့  Blog မှာ ကြေညာခဲ့ပါတယ်။
iPhone 5 နဲ့ အတူတူထွက်ရှိမယ်လို့ ထင်ထားကြပေမယ့် သီးခြား ထွက်ရှိ မှာ ဖြစ်တယ်လို့ Wall Street ဂျာနယ်မှ ဆိုထားပါတယ်။ Screen အကျယ် ၇ လက်မရှိပြီး iPod အကြီးစားလို့ တင်စားခေါ်ဝေါ်နေတယ့် iPad mini မှာ ဘယ်လို Specification တွေပါမယ်ဆိုတာကတော့ တရားဝင် မကြေညာ သေးပါဘူး။
သို့ပေမယ့် ခရစ်စမတ် အမှီ စက်တင်ဘာလမှ ထွက်ရှိမယ်ဆိုတာကိုတော့ Wall Street တင်မဟုတ်ပဲ All Thing Digital -Blog မှလည်း ရေး သား ဖော်ပြထားပါတယ်။ ယခင် the new iPad တုန်းကလည်း မတ်လထွက်ရှိမယ်လို့ သူတို့ပဲ ရေးသားဖော်ပြရာ တကယ်မှန်နေခဲ့ပါတယ်။
-----
Ref:thewallstreet.
\techspacejournal.blogspot.com/2012/08/ipad-ipad-mini.html
credit to :TechSpace Journal
Saturday, August 25, 2012
iPay ကတ် သုံးစွဲသူ နှစ်သောင်းခွဲကျော်ရှိ
ရန်ကုန်မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ရေပန်းစား လာသည့် iPay Card ကို ၂၀၁၁ ဧပြီလမှ စ၍ ယခု သြဂုတ်လအထိ သုံးစွဲသူ အရေအတွက် နှစ်သောင်းခွဲကျော် ထိရှိကြောင်း iPay Card စီမံကိန်း မန်နေဂျာ ဦးအောင်ကျော်က ပြောကြားသည်။
ခရီးသည် တင်ယာဉ်များမှာ အသုံးပြုမှု အနေနှင့် စုစုပေါင်း iPay Card အရေအတွက် တစ်သောင်း ရှစ်ထောင်ကျော် ရောင်းချခဲ့ပြီး iPay Card စနစ် အသုံးပြုမှုကို အဓိပတိ အပြာ ၆၃ စီး၊ အဓိပတိ အနီ ၄၈ စီး၊ မထသ ယာဉ်လိုင်း ဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း ခရိုင် ယာဉ်လိုင်းမှာ ၃၆ စီး၊ ရွှေအင်းဝ ၁၉၇ ယာဉ်လိုင်း ၆ စီး စသည်တို့တွင် တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
" ရန်ကုန်မြို့မှာ ရှိတဲ့ City Bus တွေ အကုန်လုံးကို iPay ကဒ် သုံးစွဲလာဖို့ ပစ်မှတ် ထားပါတယ် " ဟု ၄င်းက ပြောကြားသည်။
ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် သင်္ဘော ၂ စီးမှာ ဇွန်လ ၁ရက် နေ့မှ စတင်ကာ iPay Card စနစ်ကို အသုံးပြုခဲ့ပြီး iPay Card အရေအတွက် နှစ်ထောင့် ခြောက်ရာကျော် ၀န်းကျင် ရောင်းချခဲ့ပြီး အဆိုပါ iPay Card တစ်ကတ်ကို ၃၀၀ ကျပ်နဲ့ ရောင်းချပေးပြီး အနည်းဆုံးကျပ် ၇၀၀ မှ အများဆုံး ကျပ် တစ်သိန်း အထိ ဖြည့်သွင်း နိုင်ကြောင်း ကစ္စပနဒီ ကုမ္မဏီထံမှ စုံစမ်း သိရှိရသည်။
"လိုင်းကားပေါ်က လူတွေ ချောင်ချောင်ချိချိ စီးဖို့နဲ့ ယာဉ်ကြော ပိတ်တာတွေ နည်းဖို့ရယ်က iPay ကတ်ထက် ပိုအရေးကြီးပါတယ်" ဟု ယာဉ်လိုင်းစီး ခရီးသည် လှည်းတန်းနေ ဒေါ်မိုးမိုးမြင့်သူက ၄င်း၏ အမြင်ကို ပြောဆိုသည်။
အဆိုပါ iPay Card ကို သက်ဆိုင်ရာ ခရီးသည်တင် ယာဉ်လိုင်းများတွင် ၀ယ်ယူနိုင်ပြီး ရန်ကုန်မြို့တော်၊ ၃၆ လမ်းထိပ်၊ ရွှေဂုံတိုင်၊ သမိုင်း ဘုရားလမ်း၊ စော်ဘွားကြီးကုန်း၊ ပါရမီကားဝင်း၊ ဗိုလ်တထောင် ဆိပ်ကမ်း စသည့် နေရာများ မှာရှိပြီး လမ်းဆုံများမှာပါ iPay Station ၁၁ ခုကို ထပ်မံ ဖွင့်လှစ် သွားဖို့ စီစဉ်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။Ref:The Voice
နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးများတွင် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိ၊ အနာဂတ်ပို့ဆောင်ရေး အစီအမံများချမှတ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည်
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကုန်းလမ်းအခြေခံ အဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာ ရေးဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ အသုံးချရေး အလုပ်ရုံ ဆွေးနွေးပွဲ (Transport Technology Seminar) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဒေသတွင်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းနှင့် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေး၊ ဘေးကင်းလုံခြုံရေး၊ ပတ်ဝန်းကျင်ရေးရာနှင့် အခြေခံ အဆောက် အအုံဟူ၍ မူဝါဒပိုင်းဆိုင်ရာပင်မ မဏ္ဍိုင်ကြီး(၄)ရပ်အား အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ အတူတကွ လက်တွဲပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံအနေဖြင့် လိုအပ်သည့် နည်းပညာအကူ အညီများအား အာဆီယံနိုင်ငံများသို့ ပံ့ပိုးကူညီပေးလျက် ရှိသည်။ ဤသို့ ကူညီပေးရာတွင် CLMV များ၏ ပို့ဆောင်မှုစွမ်းဆောင်ရည် အဆင့်မြှင့်တင်နိုင်ရေးအတွက် နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သီးခြားပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲတွင် အနာဂတ်ပို့ဆောင်ရေး အစီအမံများ ချမှတ်ပြီး နှစ်နိုင်ငံ ရေရှည် လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကို မျှော်မှန်း၍ ပေါင်းစည်းညီညွတ်သည့် ပို့ဆောင်မှုစနစ် ဖြစ်ထွန်းရေး ဘက်စုံ ပို့ဆောင်မှု လုပ်ငန်းများ အကောင် အထည်ဖော်ရေး၊ ပို့ဆောင်မှုနည်းလမ်းများ အဆင့်မြှင့်တင်ခြင်းဖြင့် ဘေး အန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်နိုင်ရေး၊ ပို့ဆောင်ရေးကဏ္ဍကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
Ref:မြ၀တီ
ကိုရီးယား ရေကြောင်းပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ဘွဲ့သင်တန်း သစ်များလာမည့် ပညာသင်နှစ်တွင် ပူးပေါင်း ဖွင့်လှစ် ရန်ရှိ
မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ
ကိုရီးယား ရေကြောင်း ပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဘွဲ့သင်တန်း ပေးအပ်မယ့် သင်တန်း တွေကို လာမယ့် ပညာသင်နှစ်က စတင်ကာ ပူးပေါင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ဖွင့်လှစ်တဲ့ အခါ သင်ကြား ပေးမယ့် ဘာသာရပ်မှာ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ်နဲ့ ရေကြောင်း သိပ္ပံပညာရပ် နှစ်ခုအတွက် ဖွင့်လှစ်မှာ ဖြစ်ပြီး ဘာသာရပ် တစ်ခုစီကို သင်တန်းသား ၂၀ ဦးစီ လက်ခံ သင်ကြားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်း ဖွင့်လှစ်မှု အတွက်ကို ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်မှ သီလ၀ါရှိ မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ် ကျောင်းဝင်း အတွင်းမှာ အဆောက်အဦး ငှားရမ်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီလို သင်ကြားရာမှာ ပထမ သုံးနှစ်ကို မြန်မာနိုင်ငံမှာ သင်ကြား ရမှာဖြစ်ပြီး ကျန် ၂ နှစ်ကို ကိုရီးယား နိုင်ငံမှာ သွားရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ ဒီလို သင်ကြား နေစဉ် ကာလ အတွင်း သင်္ဘော ကုမ္ပဏီက ပညာသင် ထောက်ပံ့ကြေးပါ ပေးအပ်မှာ ဖြစ်ပါတယ်။ ဒီလို သင်ကြား ပြီးပါက ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်မှ ပေးအပ်မယ့် ဘွဲ့ကို ရရှိမှာဖြစ်ပြီး ကိုရီးယား သင်္ဘော အရာရှိ COC လက်မှတ်ပါ ရရှိမှာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်း ဖွင့်လှစ်ဖို့ အတွက် လက်ရှိမှာ သင်ရိုးညွှန်းတမ်း ရေးဆွဲမှုတွေ ပြုလုပ်လျက် ရှိပြီး ကိုရီးယား နိုင်ငံမှ ရေကြောင်း ဆိုင်ရာ ပါမောက္ခများ ကိုယ်တိုင် သင်ကြား ပို့ချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ ဆရာ၊ ဆရာမ တွေကိုပါ လိုအပ်တဲ့ သင်တန်းတွေကို ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်က ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်နဲ့ ကိုရီးယားနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှစ်ခုဟာ ပညာရေး ဆိုင်ရာ ပူးပေါင်း ဖလှယ်မှုတွေ အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင် ကတည်းက MoU ရေးထိုးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုအခါ မှာတော့ ကိုရီးယား ရေကြောင်း တက္ကသိုလ်မှ ပြည်တွင်းမှာ ရေကြောင်း ဆိုင်ရာ တက္ကသိုလ် ဘွဲ့သင်တန်းကို လာရောက် ဖွင့်လှစ်ဖို့ အတွက် ဆွေးနွေးမှု တွေကို စတင် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
Ref:MRTV-4
အိမ်ကွင်းအဝေးကွင်း ကစားခဲ့ရတဲ့ Apple နှင့် Samsung မူပိုင်ခွင့် တိုက်ပွဲ အဆုံးသတ်
အမေရိကန်တွင် Apple တို့အနိုင်ရ၊ ကိုရီးယားတွင် Samsung တို့အနိုင်ရခဲ့တဲ့ နှစ်လရှည်ကြာ မူပိုင်ခွင့် တိုက်ပွဲ အဆုံးသတ်သွားပြီဖြစ်ပါတယ်။ 
ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက တရားရုံးဆုံးဖြတ်ချက်ကတော့ Apple ရဲ့  မူပိုင်ခွင့် နည်းပညာ ၆ခုကို Samsung မှကူးချတယ် ဆိုခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် အမေရိကန် ဒေါ်လာ ၁ ဘီလျံလျော်ကြေးပေး ဖို့ တရားရုံးမှ ဆုံးဖြတ်လိုက်ပါတယ်။ တရားစီစစ်ရေးအဖွဲ့ဝင် ၉ဦးလုံးမှ အတည်ပြုပေးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့ မှာတော့ Samsung က အနိုင်ရပါတယ်။ Apple မှ Samsung မှ Wireless နည်းပညာ မူပိုင်၂ ခု ကူးချတယ်လို့ အတည်ပြုပြီး မူပိုင်ခွင့် တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၃၅၂၉၈ စီပေးရပါမယ်။ မပြီးသေးပါဘူး။ Apple ရဲ့ ဆက်စပ်ပစ္စည်းများ ဖြစ်တဲ့ စမတ်ဖုန်း၊ ကျောက်သင်ပုန်း ကွန်ပျူတာ ရောင်းချခွင့်များကို တားမြစ်လိုက်ပါတယ်။
သို့ပေမယ့် အနှစ်ချုပ်ကြည့်လိုက်တဲ့အခါ Samsung မှ ရှုံးသယောင် ရှိသွားပါတယ်။ ငွေကြေးအားဖြင့် ဒဏ်ငွေ ဆောင်ရမှုကလည်း အမေရိကန်ဒေါ်လာ ၁ ဘီလျံဖြစ်တဲ့အတွက် ဆိုးလ်တရားရုံး ကဒဏ်ငွေ ထက် အဆပေါင်းများစွာ များပြားနေပါတယ်။ ဒါတောင် Apple က အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံတောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါတင်မလုံလောက်သေးပါဘူး။ အမေရိကန်မှာ Samsung ရောင်းချခွင့် ကိုတောင် ပိတ်ခိုင်းလိုက်ပါ သေးတယ်။ သို့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒဏ်ငွေ ဆောင်ရုံနဲ့ ပြီးဆုံးသွားပါတယ်။ သို့ပေမယ့် နည်းပညာ မူပိုင်ခွင့် ကူးချပါတယ်ဆိုတဲ့ အမည်းစက်ကြီးကတော့ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။ သို့ပေမယ့် Samsung Galaxy SIII ရဲ့ အောင်မြင်မှုက ယင်းအမည်းစက်ကို ဖုန်းလွမ်းနိုင်မယ် လို့ မျော်လင့်နေကြ ဆဲ ဖြစ် ပါတယ်။
အမေရိကန်တရားရုံးမှာ Samsung က ပြန်လည် တရားစွဲဆိုထားတဲ့ ဒီဇိုင်းကိစ္စကတော့ အရှုံးနဲ့ အဆုံးသတ် သွားပါတယ်။ iPad, iPhone ဒီဇိုင်းများဟာ Samsung နဲ့ ဘာမှမပက်သက်ဘူးလို့ ဆုံးဖြတ်ပေးခဲ့ လို့ ဖြစ်ပါတယ်။
ဆိုးလ်မြို့ ကတရားရုံးမှာလည်း ကိုရီးယားကိုယ်စားလှယ် Apple ဟာ Samsung က ဒီဇိုင်းလိုက်တုပါတယ် လို့ ဆိုနေပြန်ပါသေးတယ်။ ဒီမှာတော့ Apple ကရှုံးနိမ့်သွားပါတယ်။ Wireless နည်းပညာ ကူးချမှု နှစ်ခုကို စစ်ဆေး တွေ့ရှိလို့ အမေရိကန်ဒေါ်လာ ၈သောင်းနီးနီး ဆောင်ရုံနဲ့တင် အဆုံးသတ်သွားပါတယ်။
အိမ်ကွင်း၊ အဝေးကွင်းကွာခြားမှုကြောင့်လားလို့ မေးခွန်းထုတ်စရာ ရှိလာပါ တယ်။ တရားရုံးဆို ဘက်မလိုက်ပါဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။ ကယ်လီဖီုးနီးယားက တရားသူကြီး ၉ဦးက ကော အမေရိကန်နိုင်ငံသားတွေ မဟုတ်လား။ ဆိုလ်းမှာ ဆိုရင်ရော- ကိုရီးယားလူမျိုး တရားသူကြီးတို့ရဲ့ ဆုံးဖြတ် ချက်က အတည်ဖြစ်သွားရပါတယ်။
သို့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မလွန်ဆန်နိုင်ပါ ဘူး။ ရှေ့ဆက်ဖြစ်လာနိုင်တာကတော့ အမေရိကန်မှာ Samsung ရောင်း အားကျပြီး တောင်ကိုရီးယားမှာ Apple ရောင်းချခွင့် မသေချာတော့ပါဘူး။ သို့ပေမယ့် ဒါဟာလည်း အချိန်ကာလတစ်ခုတည်း သာ ဖြစ်ပါ တယ်။ နောက်ထပ် ၁၀ စုနှစ် တစ်ခုကြာတဲ့ အခါ ဒီ Titan နှစ်ခု ဒီတရားရုံးတွေမှာ ပြန်လည် မတွေ့ဆုံနိုင်ဘူးလို့ မည်သူမှ မပြောနိုင်ပါ။
ယမန်နှစ် ဧပြီလက စတင်တဲ့ မူပိုင်ခွင့် တိုက်ပွဲမှာတာ့ Samsung က ရှုံးသွားပါတယ်လို့ ရင်နာနာနဲ့ လက်ခဲ့တဲ့ Samsung ခရေဇီများ ရှိလာပါတယ်။ Samsung ပိုင်ရှင် စီအီးအိုကိုယ်တိုင်လည်း ကျဆင်းသွားတဲ့ ကုမ္မဏီရဲ့  ဂုဏ်သိက္ခာ အတွက် စိတ် မကောင်းဘူးလို့ အင်တာဗျူးတစ်ခုခုမှာ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။
------
Ref:news.cn/ bbc/cnnews.
From :Aung Kham(TechSpace)
Developer Conference 2012-Yangonကို စက်တင်ဘာ လလယ်တွင် ကျင်းပမည်
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူးပြီး Developer Conference 2012-Yangon ကို စက်တင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မြန်မာ အင်ဖိုတက်ခ်မှာ ပြုလုပ် သွားမယ်လို့ အဆိုပါပွဲ ကျင်းပမှုနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၃ ရက်နေ့ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ ရှင်းလင်းပွဲမှာ ပြောကြားချက်အရ ကွန်ဖရန့်စ်ကို တက်ရောက် လိုသူတွေဟာ သြဂုတ်လ ၂၂ ရက်နေ့က စတင်ကာ ငွေကျပ် ငါးထောင် ပေးသွင်းပြီး စာရင်းပေး နိုင်တာ ဖြစ်ပါတယ်။
ဒီလို စာရင်း ပေးသွင်းမှုကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း ရုံးခန်းမှာ စာရင်းသွင်း နိုင်သလို အွန်လိုင်း ကလည်း စာရင်းပေးသွင်း နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထည့်ဝင်ငွေ ကိုလည်း အသင်း ရုံးခန်းမှာ သာမက နီးစပ်ရာ ကမ္ဘောဇဘဏ် ကနေ တစ်ဆင့်လည်း ပေးပို့နိုင်တယ်လို့ သိရပါတယ်။ ဘဏ်မှ ပေးပို့မယ် ဆိုရင်တော့ MCPA(Yangon) 0211160000427 current account နဲ့ပေးသွင်း နိုင်တာ ဖြစ်ပါတယ်။
အခုလို Developer Conference 2012-Yangon ကို ကျင်းပပြုလုပ် ရတာဟာ အိုင်တီနယ်ပယ် အတွင်း အသိပညာ ဗဟုသုတ တိုးပွားစေဖို့နဲ့ တက်ရောက်သူ အချင်းချင်း အသိပညာ ဖလှယ် နိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုင်တီ အသုံးချ ဆော့ဖ်ဝဲလ်ကောင်း တွေကို တီထွင် ဖန်တီးရေးဆွဲ နိုင်တဲ့ Developer တွေပေါ်ထွက် လာစေဖို့လည်း ရည်ရွယ် တယ်လို့ သိရပါတယ်။ အခု ပြုလုပ်မယ့် Conference ဟာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ် မှာတော့ လူပေါင်း တစ်ထောင်နီးပါး တက်ရောက် ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။
Ref:MRTV-4
စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရ
စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
MPU ကဒ်များကို အသုံးပြုကာ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်ခြင်း၊ MPU ကဒ် လက်ခံသော ဆိုင်များတွင် ဈေးဝယ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ် (AGD)က သိရှိရသည်။
အရင်က ဘဏ်တွေမှ ထုတ်ပေးထားတယ်၊ ATM ကဒ်တွေနဲ့ ယခု MPU ကတ်တွေကိုတော့ဘဏ်တွေမှ သူတို့အစီအစဉ်  နဲ့   လဲလှယ်ပေးမှာ ဖြစ်တယ်ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း၌ ပုဂ္ဂလိကဘဏ် (၁၉)ဘဏ်နှင့် နိုင်ငံတော်အစိုးရဘဏ် (၄)ဘဏ် စုစုပေါင်း (၂၃) ဘဏ်ရှိပြီး လက်ရှိတွင် MPU နှင့် ချိတ်ဆက်ထားသည့် ဘဏ် (၁၇) ခုရှိပြီး နောက်တွင် ဘဏ်များအားလုံး ပါဝင်သွားနိုင်မည်ဟု သိရသည်။
MPU Debit ကဒ်များ သုံးစွဲရာတွင် အနည်းဆုံး ကျပ် တစ်သောင်း မှ အများဆုံးသိန်း (၅၀) အထိ သတ်မှတ်သုံးစွဲ ခွင့်ပြုထားကြောင်းကိုလည်း သိရှိရသည်။
MPU စီမံခန့်ခွဲမှု ကော်မတီတစ်ရပ်ကို  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဘဏ်များ အသင်းက ပြီးခဲ့သည့်နှစ် စက်တင်ဘာ လလယ်ပိုင်းက စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
MPU သည် ၂၀၁၂ ဇူလိုင်လအတွင်း Test ကတ်များဖြင့် စမ်းသပ်သုံးစွဲမှုများကို ပြုလုပ်ခဲ့ပြီး စမ်းသပ်ကာ လကိုလည်း ရက်သတ္တပတ်(၆)ပတ်မျှသာ အချိန်ယူခဲ့စမ်းသပ်ခဲ့ကြောင်း သိရသည်။
အာရှဒေသတွင်းရှိ နိုင်ငံများနှင့် ဘဏ်များအလိုက် ကဒ်များကို ထုတ်ဝေအသုံးပြုလျက်ရှိရာ ဂျပန်နိုင်ငံမှ JCB ကတ်နှင့် တရုတ်နိုင်ငံမှ CUP ကတ်တို့မှာ အထူးထင်ရှားကြောင်းသိရသည်။
Ref:မြစ်မခ
ပထမဦးဆုံး BarCamp အဖြစ် BarCamp Pyay 2012 ကို အ.ထ.က (၁) ပြည်တွင် စတင်ကျင်းပ
ပြည်မြို့၏ ပထမဦးဆုံး BarCamp အဖြစ် BarCamp Pyay 2012 ကို အ.ထ.က (၁) ပြည်တွင် စတင်ကျင်းပလျှက်ရှိသည်။ အခြား BarCamp ပွဲများထက် ထူးခြားချက်အဖြစ် Organic စိုက်ပျိုးရေး၊ သရေခေတ္တရာမြို့ဟောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးအသိပညာဝေမျှ လျှက်ရှိပြီး ယခု BarCamp သို့ ဒေသခံ BarCamper များအပြင် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများမှ BarCamper ၁၀ ဦးကျော်ခန့် တက်ရောက်ကာ အသိပညာဝမျှလျှက်ရှိသည်။
သတင်း-Internet Journal
ဓာတ်ပုံ-CJ Myanmar
Wednesday, August 22, 2012
မန္တလေးမြို့တွင် MMUG Tea Shop Forum တစ်ခုပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိ
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် သုံးစွဲသူအများဆုံးဖြစ်သည့် မိုဘိုင်းWebsite (Myanmar Mobile App Website) ၏ Myanmar Mobile Users Group ရဲ့ member များအချင်းချင်း ရင်းနှီးစေရန်နှင့် မိုဘိုင်းနည်းပညာဆိုင်ရာမျှ
ဝေမှုများပြုလုပ်ရန်အတွက် ၂.၉.၂၀၁၂ ရက်နေ့တွင်
မန္တလေးမြို့တွင် MMUG Tea Shop Forum တစ်ခုပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါ Tea Shop Forum တွင်
-iOS နှင့်ပတ်သက်၍ဆွေးနွေးကြခြင်
း ၊ iOS application များမျှဝေခြင်း
-Android OS ဆိုင်ရာများဆွေးနွေးကြခြင်း
၊ Android OS application များမျှဝေခြင်း
-အခြား Mobile နှင့်ပတ်သက်သည့်သတင်းများ ၊ ဗဟုသုတများအားဆွေးနွေးခြင်း
-Myanmar Mobile Users Group နှင့်ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်သွားမည့်ကဏ္ဍ
များအား
ဆွေးနွေးကြခြင်း တို့ကိုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ပြုလုပ်မည့်နေရာ- ချစ်ညီလေး ကဖေး (၇၇ x ၇၆ လမ်းကြား ၊ ၃၂ လမ်း ၊ မန္တလေးမြို့)
ပြုလုပ်မည့်အချိန်- နေ့လည် (၂) နာရီ
ပြုလုပ်မည့်နေ့ရက်- ၂.၉.၂၀၁၂ ရက်နေ့
တက်ရောက်လူအရေအတွက်ကန့်သတ်ထ
ားသောကြောင့် MMUG လက်ဖက်ရည်စကားဝိုင်း ဖိုရမ်သို့တက်ရောက်မည့်သူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ဖုန်းဆက်စာရင်းပေးထားရန်လိုအပ်ကြောင်းသိရသည်။
ဖုန်းနံပါတ်-၀၉-၄၃၁၄၅၈၈၁
Tuesday, August 21, 2012
Apple Inc.၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့
Apple Inc. ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ Apple သည် ဈေးကွက်တန်ဖိုး ၆၂၃ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာခဲ့သည်။ Apple ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ၆၆၅ ဒသမ ၁၅ ဒေါ်လာဖြစ်သည်။
Apple ၏ ထုတ်ကုန်သစ်များဖြစ်သော iPhone 5, iPad Mini တို့ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်မိတ်ဆက်မည့် သတင်းများကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများက Apple ရှယ်ယာများအပေါ် အထူးစိတ်ဝင်စားလာကြခြင်း ဖြစ်သည်။
Apple သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး ဖြစ်လာခဲ့သော်လည်း စတော့ဈေးကွက် သမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး စံချိန်တင်ခဲ့သော IBM ၏ ပမာဏကို မမီနိုင်သေးချေ။ IBM ကုမ္ပဏီသည် ၁၉၆၇ ခုနှစ်က ဈေးကွက်တန်ဖိုး ၁ ဒသမ ၃ ရီလီယံဖြင့် သမိုင်းတွင် စံချိန်တင်ထားနိုင်ခဲ့ကြောင်း RT News တွင် ဖော်ပြသည်။
Ref:
PlanetMyanmar
မကြာမီ ထွက်ရှိတော့မည့် Samsung Galaxy Note 2
၂၀၁၁ အောက်တိုဘာလက Samsung Galaxy Note ဖြန့်ချိပြီးနောက် နောက်ထပ် Galaxy Note မျိုးဆက် မကြာမီ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
အနီးဆုံးကတော့ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ Galaxy Note 2 ကို တစ်ပါတည်း မိတ်ဆက်ဖို့ မျော်လင့်ထား ကြပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Note ကို Samsung Galaxy Note 2 ဖြစ်ပါ တယ်လို့ နိုင်ငံတကာ နည်းပညာ ဝဘ်ဆိုဒ်တွေ မှာ ဖော်ပြနေကြ ပါတယ်။ rumour အနေနဲ့ ထွက်ရှိလာတဲ့ ယင်း ဓာတ်ပုံထဲက Galaxy Note ကို တကယ်အစစ်ပါလို့ ယုံကြည်နေသူများ လည်း ရှိပါတယ်။
Android 4.1 (Jelly Bean) မဟုတ်ပဲ Android 4.0 (Ice Cream Sandwich) သာအသုံးပြုမှာ ဖြစ်တယ်လို့ Samsung မှ အရာရှိတစ်ချို့ က အင်တာဗျူးတွေမှာ ဖြေကြားထားပါတယ်။
အရွယ်အစားအားဖြင့်လည်း ယခင်ကလို ၅.၃ လက်မ မဟုတ်တော့ပဲ ဆိုက်အနည်းငယ်ပိုလာတဲ့ ၅.၅ လက်မ ဖြစ်မယ်လို့ဆိုပါတယ်။ ဒါကြောင့် Samsung Galaxy S III အကြီးစား တစ်ခု ဖြစ်လာနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ အသုံးပြုမယ့် Processor အနေနဲ့ Exynos quad-core processor သာဖြစ်ပြီး 2GB RAM နဲ့ တွေ့မြင်ရမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
Samsung Galaxy 10.1, Samsung Galaxy SIII တို့နဲ့ ဆွေမကင်းမျိုးမကင်း ထွက်ရှိလာမယ့် မျိုးဆက်သစ် Tablet တစ်ခုသက်သာဖြစ်တယ်လို့ နည်းပညာရှင်အချို့ က ဆိုပါတယ်။ သို့ပေမယ့် ယခင် Galaxy Note ထက် ဘာတွေထူးခြားလာမလဲကတော့ Note 2 ထွက်လာမှာ အမှန်တကယ် သိရမှာ ဖြစ်ပါတယ်။
----
Ref:Knowurmobile
Photo courtesy of knowurmobile. All Rights Reserved.
From :Techspace