Showing posts with label ပညာရေးသတင်းများ. Show all posts
Showing posts with label ပညာရေးသတင်းများ. Show all posts

Thursday, March 14, 2013

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင် ကျော်ဝင်း

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင် ကျော်ဝင်း ဂိမ်းသီအိုရီ အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို...

Saturday, February 23, 2013

လွှတ်တော်သတင်း-“နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာ

ဒေါက်တာအောင်သန်း (ရွှေဘိုမဲဆန္ဒနယ်)က “နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာတွင်  လွန်ခဲ့သော နှစ်များစွာမှ ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များသည် တိကျသော သတ်မှတ်ချက်မူများနှင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့သောကြောင့် နိုင်ငံ့ဝန်ထမ်း ထမ်းဆောင်ခြင်းအပေါ် စိတ်သောကနှင့် မရေရာသောလမ်းပေါ် လျှောက်နေရသလို...

Friday, February 22, 2013

အသက်(၅၀)အောက် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းဟာ အင်္ဂလိပ်စကားဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပီပီသသ အဆင့်မြင့်မြင့် မပြောနိုင်ကြပါ

ကိုမင်းကိုနိုင် အင်္ဂလိပ်စကားမပီလို့ မပြောတတ်လို့ သိက္ခာကျတယ် စိတ်ပျက်စရာကောင်းတယ်လို့ဆိုပြီး စစ်သားတွေက ဆိုဒ်ဝါးတွေလုပ်လိုက်တာ လူတွေလဲ ဆိုဒ်မြောတွေဖြစ်ကုန်ကြတယ်၊ တကယ်တော့ လက်ရှိအသက် (၅၀)ခန့်ရှိနေတဲ့ ဒါမှမဟုတ် အသက်(၅၀)အောက် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းဟာ အင်္ဂလိပ်စကားကို မြန်မာလူမျိုးစစ်စစ် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပီပီသသ အဆင့်မြင့်မြင့် မပြောနိုင်ကြပါဘူး.....၊ အဲ့ဒါက စစ်အာဏာရှင် ဗိုလ်နေဝင်းတက်လာပြီးတဲ့နောက်ပိုင်း ပညာရေးစနစ် အဖျက်ဆီးခံရမှုကစတင်ပြီး...

Saturday, September 29, 2012

ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်နိုင်တဲ့ ပညာရေးစနစ်မျိုး မြန်မာနိုင်ငံမှာ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု တည်ဆောက်ပေးနိုင်မယ့် ပညာရေးစနစ်ထွန်းကားဖို့ လိုအပ်နေတယ်လို့ နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကမ္ဘာ့ကလေးငယ်များ ပညာရေး မြင့်တင်မှုဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်များညီလာခံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။ ဒီညီလာခံမှာ ကမ္ဘာ့တလွှားက ကလေးငယ်တွေ ပညာရေးသင်ယူနိုင်ခွင့် တိုးမြင့်ရလာဖို့ အမေရိကန် ဒေါ်လာသန်းပေါင်းတထောင့်ငါးရာ မတည်မယ် လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ကြေငြာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးစအချိန် ဒီမိုကရေစီအစိုးရလက်ထက်မှာ...

Sunday, August 26, 2012

နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်

နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်ဟု သိရှိရသည်။ ဓာတ်ပုံ-နည်းပညာတက္ကသိုလ်(တောင်ကြီး)Group ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ရမှတ် ၄၅၀ နှင့်အထက်ရရှိ အောင်မြင်သူများမှာ ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် B.E  နှင့် B.Arch ဘွဲ့သင်တန်းများအား တိုက်ရိုက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းသားဦးရေ ၂၅၀ ဦးစီကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး Bio. Technology...

နည်းပညာတက္ကသိုလ်(ဟင်္သာတ)ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား

 နည်းပညာတက္ကသိုလ် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် မြေပြိုကျမှု ၁၆.၈.၂၀၁၂ က ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့် အလုပ်သမားများ အသေအပျောက်မရှိခဲ့ကြောင်းသိရပါသည်။ လုပ်ငန်းခွင်တွင် မြေပြိုကျမှုသည် စာသင်ချိန်ဖြစ်ပြီး မြေပြိုကျသံကြားရ၍ ကျောင်းသား/သူများ စိုးရိမ်၊ထိတ်လန့်မှုများရှိခဲ့ကြောင်း ကျောင်းသားများမှ ပြောကြားခဲ့ပါတယ်။  နည်းပညာတက္ကသိုလ်(ဟင်္သာတ)ကို အချိန်မှီပြီးစီးအောင် ဦးစားပေး၍ ခိုင်ခံ့မှု နှင့် စိတ်ချရမှုကို အရေးမထားမှု၏ ဆိုးကျိုးများပင်...

အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ် ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်

ရန်ကုန် သြဂုတ် ၂၆ ''အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်'' ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RUMFCCI) ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဟောပြောပွဲကို စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ နည်းပညာအဖွဲ့ (Myanmar Academy of Technology) နှင့် မြန်မာနိုင်ငံ ငလျင်ကော်မတီတို့၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဦးသိန်းက ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ဒေါက်တာဦးသိန်းသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်...

Saturday, August 25, 2012

ကိုရီးယား ရေကြောင်းပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ဘွဲ့သင်တန်း သစ်များလာမည့် ပညာသင်နှစ်တွင် ပူးပေါင်း ဖွင့်လှစ် ရန်ရှိ

မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ ကိုရီးယား ရေကြောင်း ပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဘွဲ့သင်တန်း ပေးအပ်မယ့် သင်တန်း တွေကို လာမယ့် ပညာသင်နှစ်က စတင်ကာ ပူးပေါင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ဖွင့်လှစ်တဲ့ အခါ သင်ကြား ပေးမယ့် ဘာသာရပ်မှာ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ်နဲ့ ရေကြောင်း သိပ္ပံပညာရပ် နှစ်ခုအတွက် ဖွင့်လှစ်မှာ...

Wednesday, August 22, 2012

ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်းမည်

ရန်ကုန်၊ သြဂုတ်လ ၂၂။မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာတက္ကသိုလ်မှ စုံစမ်း သိရသည်။နော်ဝေး နိုင်ငံနှင့် ရေကြောင်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဂျပန်နိုင်ငံ နှင့် သင်္ဘော တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့်အိန္ဒိယနိုင်ငံနှင့် သင်ထောက်ကူ ပြု Similator တည်ဆောက်ရန် အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်း တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။လက်ရှိတွင် ရေကြောင်း ပညာရပ် ဆိုင်ရာ ကျွမ်းကျင် ဆရာ လိုအပ်ချက်၊...