(တစ်)
ကျွန်တော် စိတ်ဝင်စားသည့်
လူပုဂ္ဂိုလ်နာမည်များထဲ၌ ''၀င်းဖေများ''လည်း ပါဝင်ပါသည်။ မှန်ပါသည်။
ပရိသတ်စိတ်ဝင်စားစေရန် ''၀င်းဖေများ''ဟု လုပ်လိုက်ခြင်းမဟုတ်ဘဲ တကယ့်ကို
''၀င်းဖေ'' တွေက ''များ'' နေသောကြောင့် ''၀င်းဖေများ''
လုပ်လိုက်ရခြင်းဖြစ်ပါသည်။ ပထမ၀င်းဖေက ကျွန်တော်နှင့်
အရင်းနှီးဆုံးဝင်းဖေဟု ဆိုရပါမည်။ ထိုဝင်းဖေ၏ အနုပညာအမည်က
ဆရာမောင်စွမ်းရည်။ ''အမေ့ခေါ်သံ''လိုကဗျာမျိုး ''ဗမာစာပေဘာလဲဘယ်လဲ''လို
ဝေဖန်ရေးမျိုးနှင့်ကဗျာလောကစာလောကထဲမှာ ထင်ရှားလှသော
ဦးဝင်းဖေပဲဖြစ်ပါလေသည်။ ဒုတိယ၀င်းဖေကမူ ကျွန်တော်နှင့် မရင်းနှီးပါ။
သို့သော် စာပေနှင့်ပတ်သက်ဆက်နွှယ်ရာပွဲလမ်းသဘင်ကလေးများ၌
ဆရာ့ကိုမြင်ခွင့်တွေ့ခွင့်ရပါသည်။ ဆရာ့အနုပညာအမည်က မြဇင်။
ဆရာ့''ကဗျာ့နရီနှင့်နိမိတ်ပုံ''စာအုပ်ကလေးက ကျွန်တော်တို့လက်စွဲ။ ဆရာ့
''မြကန်'' ကဗျာဘာသာပြန်ဆို ချက်များက ကျွန်တော်တို့အတုယူမှီငြမ်းစရာ။
ထို့နောက် ပညာရပ် ဆိုင်ရာ ဆရာ့စာတမ်းများ။ တတိယ၀င်းဖေကမူ ကျွန်
တော်နှင့် လုံးဝမသိသော ၀င်းဖေ ပဲဖြစ်ပါလေသည်။ လူအမည်ရောအနုပညာအမည်ရော
တစ်ထပ် တည်းဖြစ်နေသည့် ဆရာဦးဝင်းဖေ။ ရုပ်ရှင်ဒါရိုက်တာ
ဆရာဝင်းဖေ၊ပန်းချီအနုပညာရှင်ဆရာဝင်းဖေ၊ စာရေးဆရာ ဆရာဝင်းဖေ၊
မန္တလေးပန်းချီကျောင်းအုပ်ဆရာဝင်းဖေစသည်စသည် စသည်ဖြင့် သူ့
နယ်ပယ်တွေကကျယ်ဝန်းလှပါဘိ။ ယခု ကျွန်တော် ပြောလိုသည် ကထိုတတိယ
ဦးဝင်းဖေအကြောင်း ပဲဖြစ်ပါသည်။ အထူးသဖြင့်
သူ၏၀တ္ထုတိုကလေးတစ်ပုဒ်အကြောင်း။
(နှစ်)
ဆရာဝင်းဖေ၏
ဝတ္ထုတိုပေါင်း များစွာအနက် ''ပလတ်စတစ်အနီ''ဆိုသော
ဝတ္ထုကလေးကိုကျွန်တော်တော်တော်စွဲပါသည်။ ၀တ္ထုထဲ၌ ကိုဘချယ်ဆိုသူ
မီးရထားဖြင့် ခရီးသွားစဉ် မထင်မှတ်ဘဲ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်နှင့်
ပြန်ဆုံပါ သည်။ ထိုသူငယ်ချင်းမှာ လမ်းဘူ တာတစ်ခု၌ ဆင်းသွားသူဖြစ်ရာ
ကိုဘချယ်ကမီးရထားရပ်ထား စဉ် ဘူတာရုံထဲသို့ လှမ်း၍ငေးနေ သည့်အခိုက်
ထိုသူငယ်ချင်းကိုပြန်တွေ့လိုက်ခြင်းဖြစ်ပါသည်။ အိပ်စင်တွဲကနေ ဆင်းချလာသော
သူငယ်ချင်းကြည်ဝင်း၊ နောက်ပါ တပည့်နှစ်ယောက်နှင့်အတူ ဆင်း ချလာသော
သူငယ်ချင်းကြည်ဝင်း၊ ဘူတာရုံထဲတွင် လာရောက်ကြိုဆိုသူများက အရိုအသေပေးကြ
ဆူညံစွာဝိုင်းဝန်းနှုတ်ဆက်ကြနှင့် အရေးပါအရာရောက်နေသူ သူငယ်ချင်းကြည်ဝင်း၊
အကြီးအကျယ် ချမ်းသာကြီးပွားနေသူ သူငယ်ချင်း ကြည်ဝင်း၊ ထိုကိုကြည်ဝင်းက
ကိုဘချယ်အား တွေ့သွားပြီး လာ ရောက်နှုတ်ဆက်ကာ နောင်လာ တွေ့ဖို့
လိုအပ်တာအကူအညီ တောင်းဖို့မှာကြားနေသူ သူငယ် ချင်းကြည်ဝင်းပဲဖြစ်ပါသည်။
ကိုဘချယ်က သူငယ်ချင်း ကြည်ဝင်း ခုလိုကြီးပွားတိုးတက်အ ရာရောက်
အရာဝင်လာခြင်းနှင့်ပတ်သက်၍ ငယ်ငယ်ကပင် ထို သို့ဖြစ်တာမည့်
အရိပ်နိမိတ်တို့ကို သူသတိထားမိခဲ့ကြောင်း ပြန်တွေး မိပါသည်။
ကျောင်းသားဘ၀ ကျောင်း ပြေးပြီး မန္တလေးမှ မြစ်ငယ်ဘက် သို့ စက်ဘီးများဖြင့်
သူငယ်ချင်းလေးယောက်လာကြစဉ် ကားလမ်း ဘေး လက်ပံပင်ကြီးအောက်၌ ခ ဏနားကြရင်း
စကားပြောကြရာကြည်ဝင်းက သန်းကြွယ်သူဋ္ဌေး ဖြစ်ဖို့ သူ့အကြံကို တင်ပြလာပါ သည်။
ကြီးလျှင် မြေဧက ၂၀၀လောက်ဝယ်မတဲ့။ လက်ပံပင်ကြီး တွေကိုလည်း စိုက်ထားရမတဲ့။
လက်ပံပွင့်ချိန်ရောက်လျှင် ကြက်တူရွေးငှက်တွေအုပ်လိုက် လာကြ လေမတဲ့။
ကြက်တူရွေးငှက်တွေ ကိုဖမ်းကာ နှုတ်သီးနီနီများကို ဖြတ်ပြီးပလတ်စတစ်အနီအဖြစ်
အရည်ကျိုရောင်းရသော် မီလျံနာ ဖြစ်နိုင်ကြောင်း တင်ပြလာခဲ့ရာ
သူငယ်ချင်းအားလုံးကြည်ဝင်း၏ စိတ်ကူးညာဏ်ကောင်းမွန်ပုံကို ကြည့်ပြီး
တစ်နေ့ကြီးပွားမည့်သူ ဟု ကောက်ချက်ချခဲ့ကြရပါသည်။ ဟော...အခု သူတကယ်
ကြီးပွားခဲ့တာကို ကိုဘချယ် မျက် မြင်ကိုယ်တွေ့ဖြစ်ကြောင်း ဆရာဝင်းဖေက
သူ့ဝတ္ထုကို အဆုံးသတ်ထားခဲ့ခြင်းဖြစ်ပါသည်။
(သုံး)
ဟိုးအရင်က
Ethic ခေါ် ကိုယ်ကျင့်တရားနှင့် ပတ်သက် လာလျှင်
လောကီသဘောထက်လောကုတ္တရာသဘောသို့ ပို၍ တိမ်းသည် ယိမ်းသည်ဟု ကျွန် တော်
နားလည်သဘောပေါက်မိ ပါသည်။မခိုးဘူး၊ မသတ်ဘူး၊ မညာဘူး၊ မသောက်ဘူး၊ ကာမ
မကျူးလွန်ဘူး စသည် စသည်။ သည်လို အခြေခံငါးပါးသီလကို
စောင့်ထိန်းခြင်းကပင်လျှင် ကိုယ်ကျင့်တရားကို တည်ဆောက်ခြင်းမည် ပါလေသည်။
သို့သော် ယခုအခါ သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ် ငန်းများ
တွင်ကျယ်လာခဲ့ပြီး ကမ္ဘာမြေကို စောင့်ရှောက်ကာကွယ်ဖို့ ကမ္ဘာ့လူသားများ
နိုးကြားလာကြ သောအခါ စီးပွားရေးလုပ်ကိုင် ရှာဖွေကြရာမှာလည်း ကိုယ်ကျင့်တ
ရားလိုသည်ဟု ခံယူသဘောပေါက် လာခဲ့ကြပါသည်။ Business Ethicဟုဆိုလာကြပါသည်။
စီး ပွားရေးဆိုင်ရာ ကိုယ်ကျင့်တရား ဟု နားလည်ရပါ၏။ ပိုက်ဆံကို
ဘယ်နည်းနဲ့ရရ ကိုယ်ချမ်းသာရင်ပြီးရောဆိုကာ မ ရှာဖွေရဘူးတဲ့။ တချို့က P
သုံးလုံးဟုဆိုပါ၏။ People, Profit, Planet ဟုဆိုရာ လူကိုလည်း ကြည့် ရမတဲ့။
အမြတ်ကိုလည်းကြည့်ရမတဲ့။ ကမ္ဘာမြေကိုလည်းကြည့်ရ မတဲ့။ တချို့ကမူ P
တစ်လုံးထပ် တိုးကာ Probity ရိုးသားဖြောင့် မတ်မှုဟုဆိုပြီး P လေးလုံးဟု ပြော
သူတို့ကလည်း ပြောကြပါ၏။ သုံး လုံးပဲဖြစ်ဖြစ်လေးလုံးပဲဖြစ်ဖြစ်
တစ်ခုသေချာသည်က Planet ကို ထည့်စဉ်းစားလာကြခြင်းပင် ဖြစ်ပါသည်။
ကမ္ဘာမြေ လှပတည်တံ့ ခိုနားဖွယ်ရာဖြစ်ရေးကို ထည့်သွင်းမ စဉ်းစားဘဲ မြတ်ရင်
ချသာချဆို သည့်စိတ်ထားမျိုးရှိသူကို Business Ethic မရှိသူ ကိုယ်ကျင့်တ
ရားမကောင်းသူအဖြစ် ကမ္ဘာက မြင်လာနေကြပါပြီ။ ပိုက်ဆံရရင် တောင်လည်းဖြိုမယ်၊
တောလည်း ရှင်းမယ်၊ မြစ်လည်း ဆို့မယ်၊ ကမ္ဘာ့ မြေသားထုကိုပါခလောက်ဆန် အောင်
မှောက်လှန်ပစ်မယ်၊ ငှက် ကလေးတွေ တေးဆိုချင်ဆို မဆို ချင်နေ၊
စမ်းချောင်းကလေးတွေ တသွင်သွင် စီးချင်စီး မစီးချင်နေ၊
တောပန်းတောင်ပန်းတို့ ပွင့်ချင် ပွင့် မပွင့်ချင်နေ၊ မိုးကောင်းကင် ကြီး
ပြာချင်ပြာ မပြာချင်နေ၊ ပိုက် ဆံ...ပိုက်ဆံ...ပိုက်ဆံ ဆို လျှင်ဖြင့်။
(လေး)
ဆရာဝင်းဖေ၏
ဝတ္ထုထဲက ဇာတ်ဆောင်က ကြက်တူရွေးငှက် တို့၏ နှုတ်သီးကိုဖြတ်၊
ပလတ်စတစ်အနီအဖြစ် အရည်ကျိုကာ ကမ္ဘာကိုဖြန့်ပြီး မီလျံနာဖြစ်ဖို့ ကြံ လေသတဲ့။
အော်...ကြက်တူ ရွေးတွေရဲ့နှုတ်သီးကို ဖြတ်ပြီးရင် လပ်ဇက်(Lexus)ဆိုတဲ့
ဇိမ်ခံကား ကြီးကို စီးကြသေးတာပေါ့။ ။
by 7Day News Journal
Thursday, June 28, 2012
ကြက်တူရွေးတွေရဲ့နှုတ်သီးကိုဖြတ်ပြီးရင် လပ်ဇက်ကားစီးကြတာပေါ့
1:14 PM
ဆောင်းပါးနှင့်အထွေထွေ