Wednesday, June 27, 2012

မြစ်ကြီးနားခရိုင်တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်ဒုရဲမှူးကြီး အေးသန်းနှင့်ဇနီး ဒေါ်အေးအေးမူ လာဘ်စားမှု့များကြောင့် မြို့ခံများနှင့်ရဲဝန်ထမ်းများ ပူးပေါင်းတိုင်ကြား



မြစ်ကြီးနား၊ဇွန်(၂၇)

မြစ်ကြီးနားခရိုင်တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်ဒုရဲမှူး၏ဇနီး ဖြစ်သူ
ဒေါ်အေးအေးမူ သည် လောင်းကစား(နှစ်လုံး/သုံးလုံးထီ)များ အကြီးအကျယ် ကစားပြီး
ရဲဝန်ထမ်းများထံမှ သိရှိရပါသည်။

"ပြည်သူတွေ နှစ်လုံး/သုံးလုံးထီ ထိုးရင် ဖမ်းတယ်။သူတို့ကျတော့ ကိုယ်တိုင်ထိုးတယ်။နောက်ပြီးရှိသေးတယ် ရဲဝန်ထမ်းတွေ နေရာကောင်းရဖို့အတွက် ခရိုင်ဒုရဲမှူးက မတန်တဆ ငွေ(လာဘ်) တောင်းတယ်။ဒါကြောင့်မို့လို့ အောက်ခြေက ရဲဝန်ထမ်းတွေက လဲ ညည်းကြတယ်။ ဒါကြောင့် ဒီကိစ္စကို  မြို့ခံများနှင့်ရဲဝန်ထမ်းတွေ ပူးပေါင်းပြီး အထက်ကို တိုင်ကြားထားတယ်" ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားသည်။