ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း
သက်ဆင်ရှင်နာဝပ်ထန်က မြန်မာနိုင်ငံအတွင်း အထူးစီးပွားရေးဇုန်တစ်
ခုဖွံ့ဖြိုးရေးအတွက် ဂျပန်နှင့်ထိုင်းနိုင်ငံတို့အကြား
ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းပြောကြားခဲ့သည်။
သက်ဆင်က
ဂျပန်သတင်းစာ ဟရိမီယူရီရှင်ဘွန်းနှင့် တွေ့ဆုံခန်း၌ မြန်မာနိုင်ငံသည်
ထိုင်းကုမ္ပဏီများအား ထားဝယ်ရှိ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေး ၀င်
ရောက်လုပ်ကိုင်ရန် ခွင့်ပြုထားကြောင်း၊
ထားဝယ်ဒေသစီးပွားရေးဖွံ့ဖြိုးရေးတိုးတက်မှုသည် ဂျပန်နှင့်ထိုင်းအတွက်
အရေးပါသော မဟာဗျူဟာတစ်ရပ်ဖြစ်လာမည် ယူဆကြောင်းဆိုခဲ့သည်။
၎င်းက
ထိုင်းနိုင်ငံအလယ်ပိုင်းရှိ စက်မှုဆိပ်ကမ်းဒေသနှင့် ထားဝယ်တို့အကြား
ပိုက်လိုင်းတစ်ခုချိတ်ဆက် မိပါက ထိုင်းအတွက် ဓာတ်ငွေ့ သယ်ယူမှု
ကုန်ကျစရိတ်လျော့ကျပြီး အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းတင်သွင်းနေရမှုကိုလည်း
လျှော့ချနိုင်မည်ဖြစ်ကြောင်းပြောသည်။
သက်ဆင်သည်
ဂျပန်နိုင်ငံသို့ ဇွန် ၁၆ ရက်က ရောက်ရှိခဲ့ပြီး တိုကျိုမြို့တွင်
ဂျပန်-ထိုင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးအသင်း၏
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၎င်းသည် ဂျပန်၌ ကိုးရက်ကြာ
နေထိုင်စဉ်အတွင်း နှစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင်
ဆက်ဆံရေးပိုအားကောင်းလာရန် မျှော်လင့်ထားသည်။
Sunday, June 17, 2012
မြန်မာနိုင်ငံတွင် စီးပွားရေးဇုန်ဖွံ့ဖြိုးရေးဂျပန်နှင့် ထိုင်းပူးပေါင်းရန်လိုအပ်ဟု သက်ဆင်ပြော(Ref: 7Day News Journal)
9:36 PM
စီးပွားရေး