မကွေးတိုင်းဒေသကြီးတွင် DVB သတင်းထောက်ဦးသူရသက်
တင်နှင့်တောင်တွင်းကြီးမြို့မှကျောင်း သား မိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင်
(ခေါ်) ဥိးဝင်းမြင့်လှိုင်တို့နှစ်ဦးအား မကွေးတိုင်းဒေသကြီး
တိုင်းပညာရေးမှူးရုံးမှ ဒုတိယတိုင်း ပညာရေးမှူးက သြဂုတ်လ ၂၅ ရက်နေ့တွင်
မကွေးမြို့အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ၌ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဥပဒေ
ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။
အဆိုပါ သတင်းထောက်နှင့် ကျောင်းသားမိဘ ဦးလှိုင်လှိုင်တို့မှာ
ဂျပန်နိုင်ငံ KIZUNA ပရောဂျက်အတွက် ပညာတော်သင်ကျောင်းသားများ စေလွှတ်ရန်
ကျောင်းသားအရည်အချင်း သတ်မှတ်မှုနှင့် ရွေးချယ်မှု အား မေးမြန်းရန်
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄း၃၀
နာရီအချိန်ခန့်က သွားရောက်ခဲ့ကြကြောင်း၊ တိုင်းပညာရေးမှူးရုံးသို့
အရောက်တွင် ရုံးစာရေးမဒေါ်မြင့်မြင့်ဌေးအား ဦးလှိုင်လှိုင်မှ
အထက်ပါကိစ္စနှင့်ပတ်သက်၍အကြောင်းအရာအချို့ သိလိုပါ သည်ဟု ပြောကြားစဉ် DVB
သတင်းထောက်မှ Movie ကင်မရာ ဖြင့် မှတ်တမ်းတင်ထားကြောင်း၊
ဒေါ်မြင့်မြင့်ဌေးမှာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ နေရာမှထ၍
ပြေးထွက်သွားခဲ့ကြောင်း၊ DVB သတင်းထောက်နှင့် ဦးလှိုင်လှိုင်တို့မှာ
ပညာရေးမှူးရုံးသို့ ပြန်လာခဲ့ပြီး နောက်တစ်နေ့မနက် (သြဂုတ်လ ၂၅ ရက်နေ့)
တွင်မှ ရဲစခန်းတွင် အမှုဖွင့်ထား သည်ဟု သိရှိရ၍ စခန်းသို့သွား
ရောက်ခဲ့ကြကြောင်း သိရသည်။
အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ DVB သတင်းထောက်၏ ကင်မရာ၊ သတင်းထောက်ကတ်နှင့်
Memory Stick တို့အား ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားခဲ့ကြောင်း၊ DVB
သတင်းထောက်နှင့် ဦးလှိုင်လှိုင်တို့ အား အာမခံဖြင့် သြဂုတ်လ ၂၅ ရက် နေ့ ညနေ
၎း၃၀ နာရီအချိန်ခန့်တွင် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
“အခုကိစ္စမတိုင်မီမှာ ပခုက္ကူ ရေကြီးတာကို ဓာတ်ပုံရိုက်လို့ သတင်းထောက်ဆီက
Memory ကတ် သိမ်းတာ၊ မိုးကြီးလို့ သစ်ပင်လဲတာ ကို ဓာတ်ပုံရိုက်လို့ဆိုပြီး
ရဲစခန်းမှာ နှစ်ရက်ထိန်းသိမ်းခံရတာတွေကို ကျွန်တော်တို့ နယ်သတင်းထောက်တွေ
ကြုံခဲ့ရတယ်။ အခုလည်းဖြစ်ပြန်ပြီ။ မကွေးတိုင်းဒေသကြီးရဲ့ အခုလိုဖြစ်စဉ်တွေက
ဒီမိုကရေစီအပြောင်းအလဲ ကာလအတွက် အဟန့်အတား ဖြစ်စေပါတယ်။
မကွေးတိုင်းဒေသကြီးဟာ သတင်းထောက်တွေ အတွက် အန္တရာယ်များတဲ့ ဒေသတစ်ခုဖြစ်နေပါ
ပြီ” ဟု Weekly Eleven Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးမှ
ပြောကြားခဲ့ပါသည်။
Ref:EMG
Sunday, August 26, 2012
DVB သတင်းထောက်တစ်ဦးနှင့် ကျောင်းသားမိဘ တစ်ဦးအား မကွေးတိုင်းဒေသကြီး ပညာရေးမှူးမှ တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အမှုဖွင့်ထား
11:52 AM
နယ်သတင်းများ