မန္တလေးဘူတာကြီးရှိ အချို့အထပ်များတွင်
ဟိုတယ်နှင့် ဈေးဝယ်စင်တာများ ဖွင့်လှစ်ရန်အတွက် နှစ်
ရှည်ငှားရမ်းလိုသူများအား မြန်မာ့မီးရထား၊ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီက
ဖိတ်ခေါ်ထားသည်။
မန္တလေးဘူတာကြီးရှိ စတုတ္ထထပ်၊ ပဉ္စမထပ်၊
ဆဋ္ဌမထပ်နှင့် ခေါင်မိုးထပ်တို့ကို အသုံးပြု၍ အဆင့်မြင့်ဟိုတယ်နှင့်
အဆင့်မြင့် ဈေးဝယ်စင်တာများကို နှစ်ရှည်ဆောင်ရွက်လိုသော မြန်မာနိုင်ငံ
သားများအား တင်ဒါစနစ်ဖြင့် ရွေးချယ်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း
ယနေ့ (ဇွန် ၁၇) ထုတ် နိုင်ငံပိုင်သတင်းစာများမှ တဆင့်ဖိတ်ခေါ်ထားသည်။
တင်ဒါလျှောက်ထားလိုသူများအတွက်
စည်းကမ်းချက်များနှင့် လုပ်ထုံးလုပ်နည်း လျှောက်လွှာများကို တစ်စုံလျှင်
ကျပ်တစ်သောင်းနှုန်းဖြင့် ယခုလ ၁၅ ရက် မှ စတင်၍ ရုံးချိန်အတွင်း
မန်နေဂျာ(စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၃)၊ မန္တလေးဘူတာကြီးတွင်
စတင်ရောင်းချနေပြီဖြစ်သည်။
ထို့ပြင်တင်ဒါလျှောက်လွှာများကို
သြဂုတ်လ ၁၅ ရက် နောက်ဆုံးထားကာ အထွေထွေမန်နေဂျာ၊ (အင်ဂျင်နီယာ/စီမံ)ရုံး၊
တယ်လီဖုန်းအမှတ် ၀၆၇-၇၇၀၀၅ သို့ ပေးပို့သွားရန် ထုတ်ပြန်ကြေငြာထားသည်။
Sunday, June 17, 2012
မန္တလေးဘူတာကြီးတွင် ဟိုတယ်နှင့် ဈေးဝယ်စင်တာဖွင့်လှစ်ခွင့်ပြုမည်(REF:7Days News )
6:53 PM