Sunday, August 26, 2012

 သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံ၏ကူညီမှုဖြင့် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံအစိုးရ စာချုပ်ချုပ်ဆို

သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာ ဓာတ်ပုံ - ၀င်းမြင့်ကျော်(EMG)
သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့်၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် ဂျပန်-မြန်မာ နှစ် နိုင်ငံအစိုးရတို့စာချုပ်ချုပ်ဆိုထား ကြောင်း JICA Myanmar Office မှ မစ္စတာဟဂျိမီမတ်ဆူအိုက၏ ပြောကြားချက်အရ သိရသည်။
သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ကာလရှည် အတိုးနှုန်းနိမ့် Official Development Assistant (ODA) ချေးငွေဖြင့် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း သိရသည်။
“လက်ရှိမှာ သီလ၀ါဆိပ်ကမ်းမှာလုပ်ဆောင်နေတဲ့ ဆိပ်ခံတံတား တွေထက် ပိုမိုကြီးမားတဲ့ ဆိပ်ကမ်း ကြီးပါဝင်တဲ့ သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်ကိုတည်ဆောက် သွားဖို့ရှိပါတယ်”ဟု JICA Myanmar Office မှမစ္စတာဟဂျိမီမတ်ဆူ အိုက ကဆိုသည်။
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင် ရန် ‘National Transport Development Plan’ အား ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် JICA Myanmar Chief Representative တို့သည် ၂၀၁၂ခုနှစ် ဇွန်လ ၁၃ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ‘National Transport Development Plan’ တွင် မြန်မာ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍများဖြစ်သော ပြည်တွင်းရေကြောင်း၊ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ ဆောင်ရေး၊ လေကြောင်း ပို့ဆောင် ရေးစသည့်ကဏ္ဍအားလုံးတွင် ကူညီ နိုင်ရန်လေ့လာ ဆန်းစစ်ချက်များပြု လုပ်သွားရန် ပါဝင်သည်ဟု သိရသည်။
အဆိုပါကဏ္ဍများအား လာမည့် တစ်နှစ်အတွင်း အကောင်ထည် ဖော်ရန် ကြိုးစားသွားမည်ဖြစ် ကြောင်းလည်း သိရသည်။ သီလ၀ါ ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား  ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ဖွင့်လှစ်နိုင်ရန် လိုအပ်သည့် အကူညီများပေးရန် စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန် တွင်အဆိုပါစီမံကိန်းအတွက် အကြို လေ့လာရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် သီလ၀ါအထူး စီးပွားဇုန်မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇နေရာ လျာထားပြီး MITT၊  MIPL နှင့် MEC တို့မှ ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည်တံတားအတွက် ဆောင်ရွက်ပြီး မြေကွက်ခြောက်ကွက်နှင့် ဆောင်ရွက်ဆဲမြေကွက်လေးကွက်၊ ဦးပိုင်နှင့် MSPL တို့မှ အထွေထွေ တံတား တည်ဆောက်ရန် နေရာချထားပြီး မြေကွက်လေးကွက်၊ စက်သုံးဆီ ဆိပ်ကမ်းများ တည်ဆောက် ရန်ချထားပြီးမြေကွက် ၁၁ ကွက်၊ ကောက်ပဲသီးနှံတံတားအတွက် မြေကွက်နှစ်ကွက်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်းတည်ဆောက်ရန် မြေကွက်ငါးကွက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။  

Ref:EMG