Monday, August 13, 2012

မန္တလေး- ဘန်ကောက် ၄၉ဒေါ်လာဖြင့် အဲအေးရှား ပြေးဆွဲ


ရန်ကုန်၊ သြဂုတ် ၁၁

ထိုင်းအခြေစိုက် လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော အဲအေးရှားသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမြို့ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ် တစ်ခုဖြစ်သော မန္တလေး - ဘန်ကောက် လေကြောင်း ခရီးစဉ်ကို လက်မှတ်ခ ကန်ဒေါ်လာ ၄၉ ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ စတင် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းဌာနနှင့် ပုဂ္ဂလိက လေကြောင်း လက်မှတ်

အရောင်းကုမ္ပဏီများက သိရသည်။

လေယာဉ် လက်မှတ်ခ သက်သာသော အဆိုပါ လေကြောင်းလိုင်း အနေဖြင့် ခုံ ၁၈၀ ပါ Air Bus လေယာဉ်သစ် A320 ဖြင့် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း အဲအေးရှားက သတင်း ထုတ်ပြန်သည်။

"ဒီဈေးနှုန်းမှာ အခွန်အခနဲ့ တခြား ၀န်ဆောင်မှုတွေ ပါပြီး ဖြစ်ပါတယ်။ဟု ထိုင်း အဲအေးရှား၏ အမှုဆောင်အရာရှိချုပ် Mr.Tassapon Bijleved က ပြောကြားသည်။

ယင်းအပြင် ရန်ကုန် ဘန်ကောက် ပြေးဆွဲနေသော လေကြောင်း ခရီးစဉ်ကို တစ်နေ့သုံးကြိမ် တိုးချဲ့ပျံသန်း ပေးခြင်းကိုလည်း ယင်းနေ့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက အသိပေး ပြောကြားသည်။

သို့ရာတွင် အဲအေးရှား ပြေးဆွဲမည့် ခရီးစဉ်နှင့် ပက်သက်၍မူ "အခုထိတော့ ကျွန်မတို့ဆီ လက်မှတ်ရောင်းမယ့် ဈေးနှုန်း မရောက်သေးဘူးဟု ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ် အရောင်းဌာန တစ်ခုဖြစ်သော Sun Far Travels And Tours မှ လက်မှတ်ရောင်း ၀န်ထမ်း အမျိုးသမီး တစ်ဦးက ပြောကြားသည်။

အဲအေးရှား လေကြောင်းလိုင်း၏ မန္တလေး-ဘန်ကောက် ၄၉ဒေါ်လာဖြင့် ပြေးဆွဲမှုသည်ဘန်ကောက်မှ ရန်ကုန် နှင့် ရန်ကုန်မှ မန္တလေး နှစ်ဆင့် စီးနေရသော ခရီး ကို ဈေးနှုန်း လျှော့၍ ပြိုင်ဆိုင်ခြင်းဖြစ် ပြီး ဈေးအဆမတန် မြင့်နေသည့် ပြည်တွင်း တိုင်းရင်းသားပိုင် လေကြောင်းလိုင်းများ အတွက် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း လေကြောင်းလိုင်း မန်နေဂျာ တစ်ဦးက ပြောကြားသည်။

Ref:The Voice