Monday, August 13, 2012

သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်း အတွက် မြန်မာကို အိန္ဒိယ ဒေါ်လာ သန်း၅၀၀ ချေးငွေပေး


နယူးဒေလီ၊ သြဂုတ် ၁၃

မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးတွင် အရေးပါလာရန် ရှိသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး ဖောက်လုပ်ရာတွင် အသုံးပြုရန်အတွက် ချေးငွေ အမေရိကန် ဒေါ်လာ သန်း၅၀၀ ကို အိန္ဒိယ အစိုးရက မြန်မာ အစိုးရထံ ပေးအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက The Nation သတင်း

စာကို လက်ခံ ဖြေကြားသော အင်တာဗျူး တစ်ရပ် တွင် ပြောကြား သွားသည်။

မြန်မာနိုင်ငံကို ဖြတ်သန်းမည် ကီလိုမီတာ ၃၂၀၀ ရှည်လျားသော အဆိုပါ လမ်းမကြီး သည် အိန္ဒိယမှ ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံကို တမူးမြို့မှ မန္တလေးမြို့ မှတစ်ဆင့် ထိုင်းနိုင်ငံ ချင်းရိုင် ကို ဆက်သွယ်မည်ဖြစ်သည်။
"ဆောက်လုပ်ရေး လုပ်ငန်းတွေစနေပြီဖြစ်ပါတယ်။ လက်ရှိ လမ်းတံတားတွေကို ပြုပြင်နေပါတယ်။ ၂၀၁၆မှာ ဒီလမ်းမကြီး ပြီးမယ်လို့ မျှော်လင့်ပါတယ် "ဟု ထိုင်းနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအာနီဝဒ္ဒ၀ါက ပြောကြားသည်။

အဆိုပါ သုံးနိုင်ငံ ဆက်သွယ် ဖောက်လုပ် သည့်လမ်းမကြီး စီမံကိန်း ပြီးစီးပါက သုံးနိုင်ငံ နယ်စပ်မြို့များမှ တစ်ဆင့်-မြန်မာ-အိန္ဒိယ-ထိုင်းသုံးနိုင်ငံ တို့သည် ကုန်စည်များ ကုန်တင်ကားကြီးများဖြင့် တိုက်ရိုက် ကုန်သွယ် နိုင်မည်ဖြစ် သည်။

Ref:The Voice