`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´
ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄နာရီ ၄၅မိနစ်အချိန်က မန္တလေးမှ
တောင်ကြီးမြို့သို့ ခရီးသည် ၂၅ ဦးလိုက်ပါလာသော
ရန်ကြီးအောင်ခရီးသည်တင်ယာဉ်အမှတ် ၂ ဃ /------သည်
ဟဲဟိုး-အောင်ပန်းပြည်ထောင်စုလမ်းမကြီး သီခေါင်တောင်အဆင်းမိုင်တိုင်အမှတ်
(၈၇/၄)နှင့် (၈၇/၅)အကြားတွင်
ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ အကွာခန့်ရှိချောက်တွင်းသို့ ထိုးကျသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ သေဆုံးမှုမဖြစ်ခဲ့သော်လည်း
ယာဉ်မောင်းနှင့်နောက်လိုက် အပါအ၀င် ခရီးသည် ၂၅ဦးအနက် အမျိုးသား
၁၂ဦးနှင့်အမျိုးသမီး ၇ဥိးတို့မှာ
ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီးအောင်ပန်းဆေးရုံသို့
တင်ပို့ကုသထားရကြောင်းသိရသည်။
____________________________________
Reference and Credit to -သူရထွန်း(Popular Myanmar News)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)