ဘယ်လ်ဂျီယံနိုင်ငံ၏ ထိပ်တန်း
တက္ကသိုလ်တစ်ခုဖြစ်သည့် Universite de Liege က နိုင်ငံ
တော်သမ္မတဦးသိန်းစိန်အား အပ် နှင်းချီးမြှင့်သည့် ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့အား သမ္မတက လက်ခံမည်ဟု သတင်းရရှိသည်။
ယခုလ ၁၅
ရက်တွင် နေ ပြည်တော် ၎င်းတက္ကသိုလ်ကိုယ် စားပြုအဖွဲ့ဝင်များနှင့် သမ္မတ
ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ သိပ္ပံနှင့် နည်း
ပညာဝန်ကြီး၊ ပညာရေးဝန်ကြီး နှင့်ကျန်းမာရေးဝန
်ကြီးတို့နှင့်
တွေ့ ဆုံစဉ်တွင် သမ္မတက တက္ကသိုလ် က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ကို လက်ခံမည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာ မြန်မာမှ
ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။
မင်္ဂလာမြန်မာသည် တက္ကသိုလ်ကိုယ်စားလှယ်များ သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ ဆုံနိုင်ရန် စီစဉ်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး သမ္မတနှင့်တွေ့ဆုံပြီး နောက်တွင် ကိုယ်စားလှယ်အဖွဲ့ များက ပြောဆိုချက်ကို ကိုးကား ပြီး ဒေါက်တာဖုန်းဝင်းက ပြန်လည်ပြောကြားခြင်း ဖြစ်သည်။ ၎င်းတက္ကသိုလ်က အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဒေါက်တာ ဘွဲ့ကိုမည်သည့်အချိန်တွင် သမ္မတတက်ရောက်ယူမည်ကို အတိအကျ မသတ်မှတ်ရသေးကြောင်း ဒေါက်တာဖုန်းဝင်းက ပြောသည်။
သမ္မတနှင့် တွေ့ဆုံသည် အ ဖွဲ့ဝင်များတွင် တက္ကသိုလ်မှ အ ငြိမ်းစားယူထားသည် ပါမောက္ခ Albert Corhay ၊ ပါမောက္ခ Eric Haubruge နှင့် အတွင်းရေးမှူး တစ်ဦးတို့ပါဝင်ကြောင်း သိရ သည်။အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins တက္ကသိုလ် က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် တို့တွင် Center of Excellence(COE) အစီအစဉ်တွင် အဆိုပါ တက္ကသိုလ်က ပူးပေါင်းဆောင် ရွက်ရန် ကမ်းလှမ်းချက်ကို သက် ဆိုင်ရာ ၀န်ကြီးဌာနက သဘော တူညီခြင်းကြောင့် ၎င်းင်းအစီအစဉ် ကို ဆက်လက်အကောင်အထည် ဖော်လုပ်ဆောင်ရန် တက္ကသိုလ်က ကိုယ်စားပြုအဖွဲ့များ ထပ်မံ လာရောက်မည့် အစီအစဉ်လည်း ရှိကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်က ဘယ်လ်ဂျီယံတက္ကသိုလ်က အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံမည်ဟု သတင်းရရှိယခုတစ်ကြိမ်လာရောက်သည့် 
ခရီးစဉ်အတွင်း ရန်ကုန် တက္ကသိုလ်သို့ သြဂုတ် ၁၃ ရက် တွင်လည်းကောင်း၊
စက်မှုတက္က သိုလ်သို့ သြဂုတ် ၁၆ ရက်တွင်လည်းကောင်း သွားရောက်လေ့ လာခဲ့ကြောင်း
သိရသည်။
အဆိုပါ တက္ကသိုလ်က ကမ္ဘာကျော်နိုင်ငံရေး ခေါင်းဆောင်များဖြစ်သည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ် ဆင်မင်ဒဲလားနှင့် ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ် တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ် ထူးဆောင် ဒေါက်တာဘွဲ့ပေး အပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဆိုဗီ ယက်သမ္မတဟောင်း မစ်ခေးဂေါ် ဘောချော့အားလည်းကောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအ ဖွဲ့တွင် ၁၀ ကြိမ်မြောက် တာဝန် ယူဖူးသူ မစ္စတာ Dominique Strauss Kahn နှင့် အမေရိကန် လူမျိုးအနုပညာရှင်တစ်ဦးဖြစ် သည့် Bill Viola တို့အားလည်း ကောင်း ဂုဏ်ထူးဆောင်ဒေါက် တာဘွဲ့ချီးမြှင့်သည့် အစဉ်အလာ များ မှတ်တိုင်များရှိခဲ့သည်။သမ္မတအား
ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်သည့် တက္ကသိုလ်သည် ဘယ်လ်ဂျီယံနိုင်ငံတွင် အဆင့်
၃ ရှိသည့် အစိုးရတက္ကသိုလ်တစ်ခု ဖြစ်ပြီး ၁၈၁၇ ခုနှစ်တွင် နယ်သာ လန်ဘုရင်
King Wilhlem က စတင်တည်ထောင်ခဲ့သည်။ လက် ရှိတွင် မဟာဘွဲ့ဘာသာရပ်ပေါင်း ၂၀၀
ကျော်သင်ကြားပေးလျက်ရှိြ့ပီး ပါရဂူဘွဲ့ကျောင်းသား ၁၈၀၀ ကျော်
သင်ယူလျက်ရှိပြီး ကျောင်း သားပေါင်း နှစ်သောင်းကျော်ရှိ တက်ရောက်နေကြောင်း
သိရ သည်။
Ref:7Days News
မင်္ဂလာမြန်မာသည် တက္ကသိုလ်ကိုယ်စားလှယ်များ သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ ဆုံနိုင်ရန် စီစဉ်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး သမ္မတနှင့်တွေ့ဆုံပြီး နောက်တွင် ကိုယ်စားလှယ်အဖွဲ့ များက ပြောဆိုချက်ကို ကိုးကား ပြီး ဒေါက်တာဖုန်းဝင်းက ပြန်လည်ပြောကြားခြင်း ဖြစ်သည်။ ၎င်းတက္ကသိုလ်က အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဒေါက်တာ ဘွဲ့ကိုမည်သည့်အချိန်တွင် သမ္မတတက်ရောက်ယူမည်ကို အတိအကျ မသတ်မှတ်ရသေးကြောင်း ဒေါက်တာဖုန်းဝင်းက ပြောသည်။
သမ္မတနှင့် တွေ့ဆုံသည် အ ဖွဲ့ဝင်များတွင် တက္ကသိုလ်မှ အ ငြိမ်းစားယူထားသည် ပါမောက္ခ Albert Corhay ၊ ပါမောက္ခ Eric Haubruge နှင့် အတွင်းရေးမှူး တစ်ဦးတို့ပါဝင်ကြောင်း သိရ သည်။အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins တက္ကသိုလ် က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် တို့တွင် Center of Excellence(COE) အစီအစဉ်တွင် အဆိုပါ တက္ကသိုလ်က ပူးပေါင်းဆောင် ရွက်ရန် ကမ်းလှမ်းချက်ကို သက် ဆိုင်ရာ ၀န်ကြီးဌာနက သဘော တူညီခြင်းကြောင့် ၎င်းင်းအစီအစဉ် ကို ဆက်လက်အကောင်အထည် ဖော်လုပ်ဆောင်ရန် တက္ကသိုလ်က ကိုယ်စားပြုအဖွဲ့များ ထပ်မံ လာရောက်မည့် အစီအစဉ်လည်း ရှိကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်က ဘယ်လ်ဂျီယံတက္ကသိုလ်က အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံမည်ဟု သတင်းရရှိယခုတစ်ကြိမ်လာရောက်သည်