မန္တလေးမြို့တော်တွင် နိုင်ငံကူး လက်မှတ်ရုံး ဖွင့်မည်
(Ref:The Voice Weekly)ရန်ကုန်၊ ဇွန် ၁၅
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့တော်တွင် မြန်မာနိုင်ငံကူး
လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံး ရုံးခွဲကို ဖွင့်လှစ်သွားရန် ရှိကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။
"ဖွင့်ဖို့ စီစဉ်နေတယ်ဆိုတာ ဟုတ်ပါတယ်။အသေးစိတ်ကိုတော့ မသိသေးပါဘူး" ဟု ၄င်းကဆိုသည်။
မန္တလေးမြို့တွင် အဆိုပါ ရုံးဖွင့်လှစ်မည့်
ကိစ္စနှင့် ပတ်သက်၍ The Voice Weekly က မန္တလေးတိုင်းဒေသကြီး လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ မေးမြန်းခဲ့ရာ
အဆိုပါနိုင်ငံကူးလက်မှတ်ပေးရေး ရုံးဖွင့်ရန် စီစဉ်လျှက်ရှိကြောင်း ပြန်လည်
အတည်ပြုပြောကြားသည်။
ပြည်ထဲရေးက လူအင်အား အကူအညီ တောင်းထားပါတယ်
ဟု မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန
ဌာနမှူးက တယ်လီဖုန်းဖြင့် ပြောကြားသည်။
မန္တလေးမြို့တွင်
မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ ရုံးခွဲဖွင့်လှစ်ခြင်းကြောင့်
မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ရှမ်း စသော ဒေသများမှ
နိုင်ငံကူးလက်မှတ်လျှောက်ထားရာတ
Monday, June 18, 2012
မန္တလေးမြို့တော်တွင် နိုင်ငံကူး လက်မှတ်ရုံး ဖွင့်မည်
7:22 PM
နယ်သတင်းများ