Tuesday, June 19, 2012

ယနေ့ရရှိသော ရခိုင်ပြည်နယ် နောက်ဆုံးရသတင်းများ

Ref:Rakhine State Update News

-ယနေ့လက်ရှိဖြစ်ပွါးခဲ့သော ရသေ့တောင်မြို့နယ် အဓိကရုဏ်း တွင် ရခိုင်တိုင်းရင်းသား ၄ ဦးသေဆုံးပြီး အပြင် ၆ ဦးပျောက်ဆုံးနေကြောင်း (ဖုန်းသတင်း)
Ref:Rakhine State Update News
Last update at 19.6.2012(2:22pm)



-ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိုက်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၅နာရီခန့်က အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းအခင်းဖြစ်ပွားရာ နေရာသို့ ရသေ့တောင် စစ်တပ်မှ တပ်စိပ်တစ်စိပ်ခန့် အဓိကရုဏ်းအား တားဆီး၊ လုံခြုံရေးယူရန် ယနေ့နံနက် ၈နာရီခန့်က သွားရောက်ခဲ့ပြီး အဆိုပါ သွားရောက်နေစဉ် အချိန်အတွင်းမှာပင် ရခိုင်လေးဦး ဓါးဒဏ်ရာဖြင့် သေဆုံးရခဲ့ကြောင်း အနောက်ပြင်ကျေးရွားအနီး ကူတောင်ရွာသားတစ်ဦးမှ ရသေ့တောင်မြို့သို့ ဖုန်းဖြင့် သတင်းပေးပို့ချက်အရ သိရှိရသည်။

“ဖြစ်စဉ်ဘယ်ကစလဲဆိုတာတော့ သေချာမသိရသေးဘူး၊ နေ့လည် ၁၂နာရီလောက်ကတော့ ရသေ့တောင်မြို့နယ် လုံထိန်းတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးအဖွဲ့တို့က အဲဒီ အခင်းဖြစ်တဲ့နေရာကို လိုက်သွားကြတယ်၊ ရသေ့တောင်မြို့နယ်က လူငယ် ၂၀၀လောက်လည်း အနောက်ပြင်ကျေးရွာမှ ရွာသူ၊ ရွာသားတွေကို အကာကွယ်ပေးဖို့ လိုက်သွားကြတယ်”ဟု ရသေ့တောင်မြို့ခံတစ်ဦးဖြစ်သူ ဦးကျော်စိန်မှ ပြောပြသည်။

ရသေ့တောင်မြို့ထဲတွင် ယခုအခါ ဒုက္ခသည် စခန်းပေါင်း ၁၄ခုဖွင့်လှစ်ထားကာ ဒုက္ခသည်ပေါင်း ၅၁၅၀ခန့်ရှိပြီး၊ ရသေ့တောင် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် မဆန့်သော ဒုက္ခသည် ၅၀၀၀ခန့်ကိုလည်း ရသေ့တောင်မြို့အနီးရှိ ကျေးရွာများတွင် ထားရှိထားရကြောင်း သိရှိရသည်။

ဒုက္ခသည်များအတွက် အလှူငွေကောက်ခံလျက်ရှိရာ ယနေ့အချိန်ထိ ဆန်အိတ် ၅၀၀နှင့် ကျပ်ငွေ ၁၃၅သိန်းခန့် ရရှိပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသေးကြောင်းကို ဒုက္ခသည်အရေးအား လိုက်လံဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သော ဦးကျော်စိန်ပြောပြချက်အရ သိရှိရသည်။