7:22 PM
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့်
မီဒီယာများ၏ တွေ့ဆုံပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅
နာရီကျော်ထိ Hotel Yangon တွင် ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံမှု၌ Media Law
တွင် ထည့်သွင်းဖြည့်စွက်သင့်သည်များနှင့်
ပတ်သက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသော သတင်းမီဒီယာအသီးသီးမှ
တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ဥပဒေပညာရှင်များထံမှ
ဆွေးနွေးအကြံပြုချက်များကို ကော်မတီက ရယူခဲ့ပါသည်။
Media Law
နှင့် ပတ်သက်၍ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲနေပြီဖြစ်ရာ
ရှေ့နေချုပ်ရုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက
ပြောကြားခဲ့ပြီးဖြစ်သောကြောင့် ယခုတစ်ကြိမ်ကျင်းပမည့် လွှတ်တော်တွင် အဆိုပါ
Media Law ကို ထည့်သွင်းတင်ပြလာနိုင်သည်ဟု ယူဆပါကြောင်း အဆိုပါကော်မတီမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။
ထို့ကြောင့် Media Law တင်သွင်းလာပါက လိုအပ်သလို ပြင်ဆင်ဖြည့်စွက်မှုများ
လုပ်ဆောင်နိုင်ရန်နှင့် မလိုအပ်သည်များကို ပယ်ဖျက်နိုင်ရန် ယခုကဲ့သို့
အကြိုတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း
သိရသည်။ မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ မီဒီယာများနှင့် ထပ်မံတွေ့ဆုံကာ
အကြံဥာဏ်များကို ရယူသွားမည်ဖြစ်ကြောင်း ကော်မတီ၏ဥက္ကဌ သူရဦးအေးမြင့်က
ပြောကြားခဲ့ပါသည်။
(ref:EMG)