ရန်ကုန် သြဂုတ် ၂၆
''အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်''
ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RUMFCCI) ၌
ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲကို စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ နည်းပညာအဖွဲ့ (Myanmar Academy of Technology) နှင့် မြန်မာနိုင်ငံ ငလျင်ကော်မတီတို့၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဦးသိန်းက ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဦးသိန်းသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနတို့၌ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းကို စတင် တည်ထောင်သူ ဥက္ကဋ္ဌ ဖြစ်ကြောင်းသိရပြီး အဆိုပါ ဟောပြောပွဲသို့ စိတ်ပါ ဝင်စားသူတိုင်း တက်ရောက် ဆွေးနွေးနိုင်ကြောင်း သိရသည်။
Ref:မြ၀တီ