Showing posts with label ကြားဖြတ်သတင်းများ. Show all posts
Showing posts with label ကြားဖြတ်သတင်းများ. Show all posts

Tuesday, August 28, 2012

ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား









ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူအင်အားအဖွဲ့သည် အမှတ် ၁၅ ရပ်ကွက် ၊ မြစ်ကိုင်းရပ် လက်ပံကန်ချောင်တွင်နေထိုင်သော လူအချို့ဖြစ်ပြီး ယခင်ကလည်းယခုလိုဖြစ်ရပ်ကဲ့သို့ပင် ရမ်းကားဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ခဲ့မှုမှတ်တမ်းများရှိကြောင်း၊ ၄င်းတို့သည် အနီးအနားရပ်ကွက်များသို့ဝင်ရောက်ပြီး ဥပဒေမဲ့အုပ်စုဖွဲ့ရမ်းကားခြင်းများကို ဆောင်ရွက်လျှက်ရှိနေခြင်းကြောင့် အဆိုပါရပ်ကွက်များတွင်နေထိုင်ကြသော ဒေသခံမြို့သူမြို့သားများ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း၊ တာဝန်ရှိသူများမှ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မှုပြုလုပ်ရန်လိုအပ်လျှက်ရှိကြောင်း ယင်းဒေသခံများကပြောသည်။

ဓာတ်ပုံ - ကိုဇေ(Popular Myanmar News)

Monday, August 27, 2012

ဝန်ကြီးများပြောင်းလဲတာဝန်ပေးအပ်ခြင်း သတင်းအပြည့်အစုံ

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းအား အမိန့်အမှတ် ၂၂/၂၀၁၂ နှင့် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်းအား အမိန့်အမှတ် ၂၁/၂၀၁၂ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်
ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ၉ ဦးဖြစ်ပြီး ၎င်းတို့၏ လက်ရှိတာဝန်ယူရမည့် ဝန်ကြီးဌာနနှင့် ယခင်ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဦးစိုးသိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် - ပြန်ကြားရေးဝန်ကြီးဌာန (ယခင် - လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း - သမဝါယမဝန်ကြီးဌာန (ယခင် - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် - မွေး/ရေ ဝန်ကြီးဌာန (ယခင် - သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦးအေးမြင့် - စက်မှုဝန်ကြီးဌာန (ယခင် - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း - အားကစားဝန်ကြီးဌာန (ယခင် - ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)
ထို့အပြင် ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးစုစုပေါင်းမှာ ၁၅ ဦးဖြစ်ပြီး ၎င်းတို့ တာဝန်ယူရမည့် ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ရဲချုပ်ကျော်ကျော်ထွန်း - ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ - ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း - သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် - ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန
၁၀။ ဦးထင်အောင် - စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် -ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် - အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး - ကျန်းမာရေးဝန်ကြီးဌာန
ယခင် သမ္မတရုံးဝန်ကြီးဌာန၌ ယခင်ဝန်ကြီး ၂ ဦးရှိရာမှ ယခုထပ်မံခန့်အပ်လိုက်သော သမ္မတရုံးဝန်ကြီး ၄ ဦးကြောင့် စုစုပေါင်း သမ္မတရုံးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ၆ ဦး ရှိလာမည်ဖြစ်သည်။ ထိုသို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲ ခန့်အပ်လိုက်ခြင်းကြောင့် လက်ရှိတွင် လစ်လပ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများမှာ -
- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
- ယဉ်ကျေးမှုဝန်ကြီးဌာန တို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စုဝန်ကြီးများအား ပြောင်းလဲ တာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယဝန်ကြီးများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
Ref:EMG

ပြည်ထောင်စု ၀န်ကြီး (၉) ဦးတာဝန်ပြောင်းလဲ ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ကြေညာ

ကြေညာချက် အပြည့်အစုံမှာ

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၂/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည် -


(၁) ဦးစိုးသိန်း သမ္မတရုံးဝန်ကြီးဌာန

(၂) ဦးအောင်မင်း သမ္မတရုံးဝန်ကြီးဌာန

(၃) ဦးလှထွန်း သမ္မတရုံးဝန်ကြီးဌာန

(၄) ဦးတင်နိုင်သိန်း သမ္မတရုံးဝန်ကြီးဌာန

(၅) ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီးဌာန

(၆) ဦးကျော်ဆန်း သမဝါယမ ဝန်ကြီးဌာန

(၇) ဦးအုန်းမြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန

(၈) ဦးအေးမြင့် စက်မှုဝန်ကြီးဌာန

(၉) ဦးတင့်ဆန်း အားကစားဝန်ကြီးဌာန


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Ref:Popular Myanmar News

Sunday, August 26, 2012

စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့် ကာလရှည် ပဉ္ဖင်းထပ်/ တောထွက်မည်ဟုသိရ



ယခင်စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ဦးခင်ညွန့်သည် မကြာမီလပိုင်းအတွင်း ကာလရှည် ပဉ္ဖင်းခံရဟန်းဝတ်ရန် အစီအစဉ်ရှိကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။


"ဒီလိုအစီစဉ်ဖြစ်တာက ဦးခင်ညွန့်ရဲ့ အစ်ကိုဖြစ်သူက တိုက်တွန်းတဲ့အတွက် အခုတစ်ခေါက်ထပ်ပြီး ပဉ္ဖင်းခံမှာဖြစ်ပါတယ်။ ဒါနဲ့ဆို သူဝတ်တာ နှစ်ကြိမ်ရှိပြီ။ ပထမဦးဆုံးတကြိမ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွတ်လာပြီး လအနည်းငယ်အတွင်းမှာပဲ ဝတ်တာ ပါ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

၎င်းသည် ယခင် စစ်အစိုးရလက်ထက်၌ စစ်ထောက်လှမ်းရေးအကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူအမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထဲ၌ ပါဝင် လာသူတစ်ဦးဖြစ်သည်။

"ဦးခင်ညွန့် ပြန်လွတ်လာတဲ့အချိန်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ လာတွေ့ပြီး အားပေးခဲ့တယ်။ ပြီးတော့ သူ့ကို နိုင်ငံရေး လောကထဲ ပြန်ဝင်အောင် တိုက်တွန်းကြတဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူက အချိန်မတန်သေးဘူးဆိုပြီး ပြောခဲ့တယ်"ဟု ၎င်းအားထောက်ခံသူ ဗိုလ်မှုးကြီးဟောင်းတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လွတ်မြောက်လာသည့်အချိန်၌ အရပ်သားအစိုးရသစ်၏ ဝန်ကြီးအချို့ နှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့မှ တွေ့ဆုံအားပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ဦးခင်ညွန့် အသုံးပြုရန် ကား သစ်တစ်စီး ပေးအပ်ခဲ့ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)၏ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးကြောင်း စစ်ထောက်လှမ်းရေးအရာရှိ ဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


Ref:sweet(Yangonchronicle)TunWai



Saturday, August 25, 2012

ကြားဖြတ်သတင်း(25.8.2012)နေ့လည်၃နာရီ၎မိနစ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွာခံ ၂၆ ရွာမှ လျော်ကြေးမရရှိဘဲ သိမ်းခံရသည့် လယ်ယာမြေ ဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများက သြဂုတ်လ ၂၄ ရက်နေ့က ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာတွင် အဆိုပါစီမံကိန်းမှ လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများကို ရာဘာတုတ်ဖြင့် ရိုက်ပြီး အသံဖြင့် လူခွဲစေခဲ့သည့်အပေါ် ဒေသခံများမှ မကျေမနပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းကဲသို့ မကျေနပ်မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့ မွန်လွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် ဒေသခံ ဦးရေ ၁၀၀၀ ၀န်းကျင်ခန့်က အဆိုပါ စီမံကိန်း ဧရိယာအတွင်းသို့ မောင်းများတီး၍ ဆန္ဒဖော်ထုတ်မှုတပ်ရပ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

Ref:EMG

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အတည်ပြုပြောကြား

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ အမည်ဖော်ပြလိပ်မူ၍ သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် အကြောင်းကြားခဲ့သည်။
သို့ရာတွင် ဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စများ ရှိလာသည့်အတွက် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမှုကို ဆိုင်းငံ့ထားခဲ့သည်။ ယခုအခါ နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွား တည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ကြပြီးဖြစ်သည်။
''ဟုတ်ပါတယ်။ အကုန်လုံး ရောက်လာပါပြီ။ လွှတ်တော်ရဲ့ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားတဲ့သူအားလုံး ပါပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စုစာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။
''နိုင်ငံတော်သမ္မတကြီးက ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ  သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မခြွင်းမချန် တင်ပြရမယ်လို့ သမ္မတကြီးက သူတို့ကို တစ်ခါတည်း ပြောပြီးသားပါ။ ခြွင်းချန်ပြီးတော့ သူဘာသာသူ တချို့ရှိခဲ့တယ်ဆိုရင်တော့ သူ့ထိုက်တန်တဲ့ဟာ သူဖြစ်သွားမှာပေါ့''ဟု ၎င်း က ဆက်လက်ပြောကြားခဲ့သည်။
တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည့် ညွှန်ကြားချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''အစိုးရသစ်လက်ထက်တွင် Good Governance  (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government  (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆို''ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့ရာတွင် အဆိုပါအဆိုမှာ ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၈ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီး အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေမဲ ၁၅ မဲဖြင့် ရှုံးနိမ့်ခဲ့ကာအဆိုမှာ အတည်မဖြစ်ခဲ့ပေ။
''ဖွဲ့စည်းပုံအခြေခံဥပဒေအရ  နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ရမယ်လို့ ပါပါတယ်။ ဒါပေမယ့်လို့ ၀န်ကြီး၊ ၀န်ကြီးချုပ်တွေနဲ့ ပတ်သက်လို့ အဲဒီ အထဲမှာ မပါဘူး။ မပါသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေထဲမှာတော့ သမ္မတဆီကို ပေးပို့ရမှာ ပါပါတယ်။ ဒါတွေကို ပြည်သူလူထု သိအောင် ချပြခြင်း၊ မချပြခြင်းဆို တာကတော့ တချို့နိုင်ငံတွေမှာတော့ တရားဝင်ကြေညာတာတော့ ရှိပါတယ်။ တချို့နိုင်ငံမှာကျတော့ ရွေးကောက်ပွဲ မ၀င်မီကတည်းက စလုပ်ရတာတွေ ရှိတယ်။ တချို့နိုင်ငံတွေကျတော့လည်း အဲလိုမျိုး မလုပ်တာတွေ ရှိတယ်။ လောလောဆယ် အဲလိုမျိုးနဲ့ ပတ်သက်ပြီးတော့ တရားဝင် ကြေညာတာကို ပြည်ထောင်စု လွှတ်တော်နာယကကလည်း လိုအပ်ရင် သုံးမှာပေါ့။ ချိတ်ပိတ်ထားပါတယ်။ ချိတ်ပိတ်ထားတာတွေကို ချိတ်ပိတ်ထားတဲ့အတိုင်း လုံခြုံတဲ့နေရာမှာ သိမ်းထားပြီးတော့ တကယ်လို့ တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရာ ဖြစ်ပွားခဲ့ရင်၊ သူတို့ မမှန်မကန်ကိစ္စတွေ ဖြစ်လာရင် တိုက်ဆိုင်စစ်ဆေးသွားပါမယ်။ ဥပမာ တချို့တိုင်တာတွေ ရှိမှာပေါ့ဗျာ။ ပုဂ္ဂိုလ်ရေးတိုင်တာ တောတာတွေရှိခဲ့ရင်၊ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ရှိရင် စစ်ဆေးမှာပေါ့ဗျာ''ဟု အဆိုပါ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
လေ့လာသူတစ်ဦးကလည်း ''အခုဆိုရင် နိုင်ငံတော်တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့လာကြပြီဆိုတော့ ပြည်ထောင်စုအဆင့်ဖြစ်တယ်လို့ ဆိုနေကြတဲ့ လွှတ်တော်ကော်မတီ၊ ကော်မရှင်၊ အဖွဲ့တွေမှာ ပါဝင်သူအားလုံးကလည်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အခုလို စာရင်းပြုစုပြီး သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ကြရင် ကောင်းမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် တစ်ဖက်နဲ့တစ်ဖက် ထောက်ပြစရာတွေ လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Ref:EMG

Friday, August 24, 2012

အေးရှားဝေါလ် ဆိပ်ကမ်း ဆန္ဒပြမှု ည ၁၀နာရီ ၁၃ မိနစ်တွင် လူစုကွဲပြီ

နောက်ဆုံးရရှိသော နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြသူများသတင်းများ

EMG>>>နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြနေသည့် နေရာသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုပြုံးချိုနှင့် ကိုမြအေးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာရောက် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

Asia World မှ တာဝန်ရှ

ိသူတစ်ဦးက ဆန္ဒပြသူများကို တောင်းပန်ကြောင်းပြန်လည် ပြောကြားခဲ့ပြီး ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည့် မြောင်းကြီး၏ ရေထွက်ပေါက်အား Aisa World ကုမ္ပဏီမှ ကွန်ကရစ် မြောင်းဖုံးများဖြင့် ပိတ်ထားမှုကို ယခု ညပိုင်းတွင် ပြန်လည် ဖယ်ရှားသွားမည်ဖြစ်ပြီး မူလအတိုင်း ပြန်လည် ထားရှိပေးမည်ဟု သိရပါသည်။

ယင်းနောက် ဆန္ဒပြသူများအား မိမိတို့ လိုလားချက်များ ရရှိပြီ ဖြစ်သဖြင့် စည်းကမ်းရှိစွာ ပြန်လည်ထွက်ခွာကြရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းများက မေတ္တာရပ်ခံခဲ့ပြီး ဆန္ဒပြသူများကလည်း ည ၁၀နာရီ ၁၀ မိနစ်ခန့်မှ စ၍ လူစုခွဲကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

YPI>>>အေးရှားဝေါလ် ဆိပ်ကမ်း ဆန္ဒပြမှု ည ၁၀နာရီ ၁၃ မိနစ်တွင် လူစုကွဲပြီ

ည ၁၀နာရီ ၁၅ မိနစ်၊ သြဂုတ် ၂၄၊ YPI

အေးရှားဝေါလ် ဆိပ်ကမ်း မှ ဆိုက်တာဝန်ခံက ရပ်ကွက်နေ လူထုအားတောင်းပန်ပြီး မိနစ်အနည်းငယ် အကြာတွင် ဆန္ဒပြလူအုပ်မှာ လူစုကွဲသွားပြီဖြစ်၍ လာရောက်ကြားဝင် ဖြေရှင်းပေးသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များလည်း ပြန်ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သည်။

Messenger>>>ရန်ကုန်မြို့သီရိမင်္ဂလာဈေးဟောင်းအနီးရှိ အေးရှာဝေါလ်ကုမ္ပဏီအနီးတွင်
ရပ်ကွက်ရေကြီးမှုနှင့်ပတ်သက်၍ဆန္ဒထုဖော်နေသူများသည်မိမိဆန္ဒ
အလျောက်လူစုစတင်ခွဲနေပြီးမော်တော်ယာဉ်များလည်းပြန်လည်
ထွက်ခွာနိုင်ပြီဖြစ်ကြောင်း Messenger သတင်းထောက်ကသတင်းပေးပို့သည်။

နေအိမ်များရေနစ်မှုမှုကြောင့်Asia Worldကိုဆန္ဒပြ(သတင်းဓာတ်ပုံများ)










YPIမှ နောက်ဆုံးရရှိသော နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြသူများသတင်း

-ဆန္ဒပြမှုများ ည ၉နာရီကျော် ပြီးခဲ့သည့် နာရီဝက်ခန့်က ကားလမ်းပြန်လည်ဖွင့်လှစ် ခဲ့သော်လည်း ည ၁၀ နာရီဝန်းကျင်တွင် ကားလမ်းပြန်လည်ပိတ်ဆို့လိုက်ကြောင်း YPI သတင်းထောက်က သတင်းပေးပို့သည်။

ည ၉နာရီခွဲကျော်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမြအေး၊ ကိုပြုံးချို၊ ကို

ထွန်းမြင့်အောင်တို့ ရောက်ရှိလာကာ ပြဿနာကို ၀ိုင်းဝန်းဖြေရှင်းပေးရန် လူအုပ်အား ပြောဆို လျှက်ရှိသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ရပ်ကွက်မှ ကော်မတီဖွဲ့၍ နစ်နာမှုများကို အေးရှားဝေါလ်သို့ တောင်းဆိုရန် ရှင်းပြပြောဆိုခဲ့သည်ဟု သိရှိရသည်။

ဆန္ဒပြသူ လူအုပ်မှာ “ခရိုနီတွေ ” ဆိုသည့် အသုံးအနှုန်းဖြင့် အေးရှားဝေါလ် ကုမ္ပဏီအား ညွှန်းဆို အော်ဟစ်ခဲ့ကြသည်ဟု သတင်းထောက် က ပြောသည်။

TheMessengerမှ နောက်ဆုံးရရှိသော နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြသူများသတင်း

-ရန်ကုန်မြို့သီရိမင်္ဂလာဈေးဟောင်းအနီးရှိအေးရှာဝေါလ်ကုမ္ပဏီအနီးတွင်ဆန္ဒထုတ်ဖော်နေသောပြည်သူများသည်အေရှားဝေါလ်ကုမဏီအနေဖြင့်ပိတ်ဆို့ထားသောရေနုတ်မြောင်းများပြန်လည်ဖွင့်ပေးခြင်းမပြုပါကအေရှာဝေါလ်ဆပ်ကမ်းမှမောင်းနှင်ထွက်ခွာနေသောကုန်တင်ယာဉ်များသွားရာလမ်းမကြီးအား
ပိတ်ဆို့ထားမည်ဟု Messenger သတင်းထောက်ကသတင်းပေးပို့သည်။

ကြားဖြတ်သတင်း---အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ယခု ည၇ နာရီကျော်အထိ "ရေမြောင်း ပြန်ဖွင့်ပေးပါ.... အေးရှားဝေါလ်... အေးရှားဝေါလ်" ဟူ၍ ဆက်တိုက်အော်ဟစ်လျှက် ရှိကြကြောင်း သိရ



စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် သုံးမြို့ပေါင်းစီးဆင်းသည့် သီရိမင်္ဂလာဈေးဟောင်းအနီး၊ မြောင်းကြီးထိပ်ရေဆင်းမြောင်းကို အေးရှားဝေါလ်ဆိပ်ကမ်း မှ ကွန်ကရက်များဖြင့် ပိတ်ဆို့ထားမှုရှိနေသော ကြောင့် ရေများမစီးဆင်းနိုင်ဘဲ အနီးအနားရပ်ကွက်များသို့ လျှံထွက်ကာ ပေါင်လယ်ခန့်နစ်မြုပ်လျှက်ရှိသောကြောင့် လူအင်အား ၂၀၀ ခန့်သည် အေးရှားဝေါလ်
ဆိပ်ကမ်းကုမ္ပဏီရှေ့၌ ယခုညနေမှစတင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုနေကြကြောင်း သိရသည်။

ရေမြောင်းပိတ်ဆို့နေမှုကြောင့် အနီးအနားရပ်ကွက်များသို့ ရေလျှံရာတွင် သီတာရပ်ကွက်မှာ အဆိုးဆုံးဖြစ်ပြီး ပေါင်ရင်းခန့်ရေများ မြင့်တက်လာနေ ကြောင်း ယင်းနေရာမှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ အင်ဂျင်နီယာများနှင့် အလုပ်သမားများက ရေမြောင်းကိုပိတ်ဆို့ထားသည့် ကွန်ကရစ်များကို စတင်ဖယ်ရှားနေသော် လည်း ပြီးစီးရန် ကြာမြင့်လိမ့်ဦးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ယနေ့(သြဂုတ် ၂၄ရက်) ညနေ လေးနာရီခွဲခန့်မှ စတင်စုဝေးနေသော ရပ်ကွက်နေလူထုမှာ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ယခု ည၇ နာရီကျော်အထိ "ရေမြောင်း ပြန်ဖွင့်ပေးပါ.... အေးရှားဝေါလ်... အေးရှားဝေါလ်" ဟူ၍ ဆက်တိုက်အော်ဟစ်လျှက် ရှိကြကြောင်း သိရသည်။

Ref:(7Days News)

ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်(သမ္မတရုံးအဆင့်မြင့် အရာရှိတစ်ဦး၏ Facebook စာမျက်နှာမှဖော်ပြထားခြင်းဖြစ်သည်)


၁။       နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။

၂။        နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။
အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော  သ၀ဏ်လွှာ  ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။]

၃။       အပိုင်း(၂)မှာ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" ဖြစ်ပါသည်။ [ ယင်းသတင်းသုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက် သာ ဖြစ်ပါသည်။]

၎။      နိုင်ငံတော်သမ္မတ၏ ရည်ရွယ်ချက်မှာ အဆိုပါ ဘက်ပေါင်းစုံ သဘောထား အမြင်များ ကွဲပြားမှုများ ရှိနေပြီး ဆက်စပ်နေသည့် ဌာန၊ အဖွဲ့ အစည်းများ၏ ထင်မြင်ယူဆချက်များ၊ ဖော်ပြနေသော သတင်းများ၊ သုံးသပ်ချက်များမှာ တိကျမှန်ကန်သော ဖြေရှင်းချက် မဟုတ် ဟူ၍ နိုင်ငံတော် သမ္မတကြီးက လက်ခံထားပါသည်။ ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။

၅။        ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတကာ ဘက်လိုက်မှု ကင်းရှင်းသော လေ့လာသုံးသပ်ချက် တစ်ရပ် ထွက်ပေါ် လာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၂)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ (အမှတ်၊ ၅၈။၂၀၁၂) ဖြင့် သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခြင်း ဖြစ်ပါသည်။ ယင်းကော်မရှင်၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေပြု၍ လက်တွေ့ကျသော အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ အမျိုးမျိုး ဖြစ်ပေါ်နေသော အဆိုပါ စွပ်စွဲပြောကြားချက်များသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ရှင်းလင်းစွာ သိမြင်လာစေမည် ဖြစ်ပါသည်။

၆။     "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း"  သည် နိုင်ငံတော်သမ္မတထံ တင်ပြလာသော သတင်းသုံးသပ်ချက်များသာ ဖြစ်ပြီး သ၀ဏ်လွှာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတက ပေးပို့သောသ၀ဏ်လွှာမှာ စာပိုဒ်(၁)မှ (၆)အထိ ပါဝင်သော ဖော်ပြချက်များသာ ဖြစ်ပါသည်။

၇။     နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ရန် ကတိသစ္စာ ပြုထားသည်နှင့်အညီ မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံသား(အထူးသဖြင့် ဇာတိနိုင်ငံသား)တို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက် ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။

Thursday, August 23, 2012

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက မှားယွင်း ဆောင်ရွက်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် အရေးကြီး အဆိုတင်



နေပြည်တော်၊ သြဂုတ် ၂၃

လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ချက် ချခဲ့သည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက မှားယွင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၏ ဒသမနေ့ အစီအစဉ်များတွင် မပါဝင်ဘဲ မွန်းလွဲ ၃ နာရီခန့်တွင် ပြည်ထောင်စု လွှတ်တော် နာယက၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုပါ အဆိုကို တင်သွင်း ခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက မဲခွဲ ဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၆၂၂ ဦးတွင် ထောက်ခံမဲ ၄၅၂ မဲ၊ ကန့်ကွက်မဲ ၁၅၃ မဲနှင့် ကြားနေမဲ ၁၀ မဲရရှိကာ အဆိုကို ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ တင်သွင်းလွှာ အမှတ် ၁/၂၀၁၂ တွင်လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်း မရှိဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြဌာန်းချက်များနှင့် ညီညွတ်မှု မရှိဟု ဆုံးဖြတ်ခဲ့သည်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် လုပ်ပိုင်ခွင့် မရှိသည်ကို လုပ်ကိုင်သည့် အတွက် မှားယွင်းကြောင်း ကြေညာချက် ထုတ်ပြန် ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အရေးကြီး အဆိုတင်သွင်းရာတွင် ဦးမြင့်စိုးက ထည့်သွင်း ပြောကြားသည်။

"ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ ပြဌာန်းချက် အရသာ စီရင် ဆုံးဖြတ်မယ်"ဟုလွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်၊ အဖွဲ့အစည်းများသည် ပြည်ထောင်စု အဆင့် မဟုတ်ဟု ဆုံးဖြတ် ခဲ့မှုနှင့် ပတ်သက်၍ သြဂုတ်လ ၂၀ ရက်နေ့က နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေခုံရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက ၎င်းတို့၏ ဆုံးဖြတ်ချက် အပေါ် ရပ်တည် ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသည် ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၂ ပါ ပြဌာန်းချက် များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ၅ ဥပဒေအရ ပေးအပ် ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို သြဂုတ်လ ၈ ရက်နေ့တွင် လွှတ်တော်လူ့အခွင့်အရေး ကော်မတီမှ တစ်ဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပြီး ပြည်သူ့လွှတ်တော် ဥက္ကက နိုင်ငံတော် သမ္မတထံသို့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ပေးရန် သဝဏ်လွှာ ပေးပို့ခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ငြင်းဆန်ခဲ့ပြီး နိုင်ငံတော် သမ္မတကမူ အဖွဲ့အစည်း နှစ်ခု (လွှတ်တော်နှင့်ခုံရုံး) သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်သဖြင့် ကြိုက်နှစ်သက်ရာ နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်ခွင့်ရှိကြောင်း သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
Ref:The Voice

။ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရ


ယနေ့ (သြဂုတ် ၂၃ ရက်) ကျင်းပမည့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ အတွက် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ပြီးဖြစ်သော်လည်း လွှတ်တော် ဥက္ကဌ နှစ်ဦးသည် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံနေသည့်အတွက် လွှတ်တော်အစည်းအဝေးများကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
Ref:EMG

ယနေ့ပြုလုပ်မည့် ပြည်သူ့ လွှတ်တော် နှင့် အမျိုးသားလွှတ်တော် မကျင်းပဖြစ်


ယနေ့ပြုလုပ်မည့် ပြည်သူ့ လွှတ်တော် နှင့် အမျိုးသားလွှတ်တော် မကျင်းပဖြစ်ခြင်းမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌနှစ်ဦးကိုသမ္မတခေါ်ယူတွေ့ဆုံနေခြင်းကြောင့် ဖြစ်သည် ဆိုသောသတင်းများ လွှတ်တော်တွင် ထွက်ပေါ်နေသည်ဟု The Vocie Weekly လွှတ်တော်သတင်းထောက် ကသတင်းပေးပို့သည်။

ယင်းသတင်းအတည်ပြုနိုင်ရေး ကြိုးစားလျက်ရှိပါသည်။
Ref:The Voice

Wednesday, August 22, 2012

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း အဆိုပါတွေ့ဆုံမှုနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။


တွေ့ဆုံမှုတွင် ဆွေးနွေးမှုများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရဘဲ အလွတ်သဘော တွေ့ဆုံမှုသာဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယခုတွေ့ဆုံမှုသည် နှစ်ပတ်အတွင်း ဒုတိ ယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုမှာ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းကဖြစ်ကာ တွေ့ဆုံခဲ့သည့်အကြိမ်ရေ စုစုပေါင်း လေးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ရန်ကုန်အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုမှ မြို့နယ်အချို့တွင် လျှပ်စစ်မီး ၄ ရက်ပျက်မည်



ရန်ကုန်၊ သြဂုတ် - ၂၁

ပဲခူးတိုင်းဒေသကြီးအတွက် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရ
န် မဟာ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံချိတ်ဆက်ခြင်း လုပ်ငန်း များဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုရှိ
မြို့နယ် အချို့တွင် ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းအမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သြဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ ၂၈ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ထိုနေ့များတွင် မနက် ၆ နာရီ
မှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီးကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးအား ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင် ရန်နှင့် သုံးစွဲဓာတ်အားပြည့်မီစေရန်အတွက် အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံ အား ဓာတ်အားပို့လွှတ်ကာ ၂၃၀ ကေဗွီရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ် ဆက်ရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။

Ref:7Days News