Thursday, June 14, 2012

မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန အခွန် ဆောင်ရာတွင် USD ဖြင့် ပေးသွင်းခွင့်ပြုလိုက်ကြောင်းသိ ရသည်။

မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန အခွန် ဆောင်ရာတွင် USD ဖြင့် ပေးသွင်းခွင့်ပြုလိုက်ကြောင်းသိ

ရသည်။
via(ကိုထွဋ်ထိပ်)

က.ည.န အခွန်ကို အရင် FEC နဲ့သာ ဆောင်ခွင့်ပြုရာကနေ အခုအခါ USD နဲ့ ဆောင်ခွင့် ပြုပါပြီ။ USD နဲ့ဆောင်မယ်ဆိုရင် 0.3% ထပ်ဆောင်း ပေါင်းပါလိမ့်မယ်။ USD နဲ့ဆို USD၊ FEC နဲ့ဆို FEC နဲ့သာ အခွန်ဆောင်ခွင့်ရှိပြီး ၂မျိုး ရောဆောင်ခွင့်မရှိပါ။ Confirm ဖြစ်ပါတယ်။

- အခုနောက်ဆုံး အက္ခရာက ၄ဃ/၉၇၀၀ စွန်းစွန်းမျှသာ ရှိပါသေးတယ်။ အခွန်တွေ ထပ်လျှော့မယ်လို့ သတင်းကျယ်ကျယ်လောင်လောင် ထွက်လာတာကြောင့် အားလုံးက စောင့်ကြည့်နေကြတာမို့ က.ည.န ၀င်တဲ့ ကားအရည်အတွက်အလွန် နည်းပါးနေပါတယ်။

- အခွန်လျှော့မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဒီနေ့ (၁၄.၆.၂၀၁၂)အထိ အတည်မဖြစ်သေးပါ။ အရင် သတ်မှတ် နှုန်းထားအတိုင်းသာ ဆောင်နေရဆဲပါ။