Wednesday, August 22, 2012

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း အဆိုပါတွေ့ဆုံမှုနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။


တွေ့ဆုံမှုတွင် ဆွေးနွေးမှုများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရဘဲ အလွတ်သဘော တွေ့ဆုံမှုသာဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယခုတွေ့ဆုံမှုသည် နှစ်ပတ်အတွင်း ဒုတိ ယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုမှာ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းကဖြစ်ကာ တွေ့ဆုံခဲ့သည့်အကြိမ်ရေ စုစုပေါင်း လေးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။