ဇွန်လ (၂၇)ရက်၊ ညနေ (၅)နာရီဝန်းကျင်တွင် ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၁/
၆တွင်
မိတ္ထိလာမှ မန္တလေးသို့မောင်းနှင်လာသော လမ်းအလုပ်သမားများတင်ဆောင်လာသည့်
ဟိုင်းလက်အမျိုးအစားကားတစ်စီး တိမ်းမှောက်ကြောင်း သိရှိရသည်။
အဆိုပါကားပေါ်တွင် အလုပ်သမား ၂၂ဦးပါရှိပြီး အားလုံးကို တံတားဦးဆေးရုံတွင်
တင်ထားကြောင်း၊ (၁)ဦးမှာ တံတားဦးဆေးရုံတွင် သေဆုံးသွားကြောင်း၊ လိုအပ်ပါက
မန္တလေးဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်မည်ဖြစ်ကြောင်း
အဆိုပါဆေးရုံတွင်ရောက်ရှိနေသော လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ CJ
Myanmar ကိုပြောကြားသည်။
သတင်း(CJMyanmar)