အဆိုပါ Home တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး လူရွှင်တော်ညတွင် လူရွှင်တော် ဦးဇာဂနာ၏ တပည့်များ ဖြစ်ကြသည့် ဟာသ လူရွှင်တော် ဗူးခါး၊ ကျေးကျေး၊ သားချို၊ ဆူးဆူး နှင့် ၀ါဝါတို့ က လာရောက် ကြည့်ရှုသော ပရိသတ်ကို ရယ်စရာများဖြင့် ဖျော်ဖြေမည် ဖြစ်သည်။
စင်မြင့်ပေါ်မှ လူရွှင်တော် ၅ ဦးထိုင်ပြီး ဂျာနယ်နှင့် ပတ်သက်သည့် အကြောင်းအရာ များကို ပျက်လုံးထုတ်မည် ဖြစ်ပြီး အခြား အကြောင်းအရာများလည်း ပါဝင်မည် ဖြစ်ကြောင်း Home ရုံးခန်း၏ တာဝန်ရှိသူ မထက်ထက် က The Voice Weekly သို့ သြဂုတ်လ ၂၁ ရက်နေ့က အတည်ပြု ပြောကြားသည်။
အဆိုပါ လူရွှင်တော်ညကို အမှတ် ၅၈/၆၀၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်) ဗိုလ်တထောင် မြို့နယ် ရှိ Home ( House of Media & Entertainment ) တွင် ညနေ ၆ နာရီမှ စတင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တတ်ရောက် ကြည့်ရှု နိုင်သည်။