ယနေ့
နေ့လည် ၁၁ နာရီ အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့
တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ်ရန်
စီစဉ်ထားမှုကို ရွှေ့ဆိုင်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ လွှတ်တော်
အစည်းအဝေးသို့ ဆက်လက်တက်ရောက်လျက် ရှိကြောင်း သိရှိရသည်။