ရန်ကုန်၊ သြဂုတ် ၂၄
ပြည်တွင်းမွေးမြူရေး ကြက်သား ပေါက်ဈေးသည် နှစ်လအတွင်း အဆဝက်(ငါးဆယ် ရာခိုင်နှုန်း) တက်လာကြာင်း၊ အသားတိုးကြက် မွေးမြူ ထုတ်လုပ် ရောင်းချသူများ အသင်းမှ ဒုဥက္ကဌ ဒေါက်တာ ဒေါ်လှလှသိန်း က ပြောကြားသည်။
လွန်ခဲ့သော နှစ်လခန့်က မွေးမြူရေး ကြက်ပေါက်ဈေးသည် တစ်ကောင်လျှင် (၅၅၀)ကျပ်သာ ရှိခဲ့ရာမှ ယခုအခါ အနိမ့်ဆုံး (၆၅၀)ကျပ်မှ (၇၇၀)ကျပ်အထိ တက်လာကြောင်း ၄င်းကဆိုသည်။
"အခုဆိုရင် ဈေးကွက်မှာ ကြက်သားပေါက် ပြတ်နေပြီဆိုတဲ့ အသံတွေတောင် ကြားနေရတယ်။ဈေးက ဒီလောက် မတက်သင့်ဘူး။ကုမ္မဏီကြီးတွေရဲ့ ဝယ်လိုအားကြောင့် ဒီလောက် အလျှင်အမြန် တက်သွားရတာ ဟု ၄င်းက ကြက်သားပေါက်ဈေး ကြီးမြင့်ရခြင်းနှင့် ပက်သက်ပြီးသုံးသပ်သည်။
ကျန်ခဲ့တဲ့ နှစ်လက ကြက်သားပေါက်ဈေးက တစ်ကောင် ၅၀၀ ကျော်ကျော်ပဲ ရှိတယ်။အခု ကြက်သားပေါက် တစ်ကောင်ဈေး ၇၀၀ ကျော်သွားပြီ။ စီပီ၊ မေခ၊ စိန်ဝတ်မှုန် ကုမ္ပဏီတွေ အကုန်လုံးလည်း ဒီဈေးပါပဲ"ဟု ဧရာဝတီတိုင်း ဒေသကြီး အတွင်း ကြက်ကောင်ရေ ၂၀၀၀ ခန့် မွေးမြူထားသည့် ကြက်မွေးမြူရေး လုပ်ငန်းရှင် ကိုနန္ဒရွှေက ပြောကြားသည်။
ယနေ့ အချိန်တွင် ကြက်မွေးမြူ ရသည်မှာ စီးပွား မဖြစ်ကြောင်း၊ကြက်ကို အစာနှစ်ပိဿာ ကျွေးပါက အသားတစ်ပိဿာတိုးကြောင်း။အစာ နှစ်ပိဿာအတွက် ငွေနှစ်ထောင်ကျပ်နှင့် ကြက်သားပေါက် တစ်ကောင် အတွက် ငွေ ၇၀၀ ကျပ်၊ အလုပ်သမားခနှင့် အခြား ကုန်ကျစရိတ်များ ထည့်ပေါင်းပါက အသားတစ်ပိဿာလျှင် စုစုပေါင်း ၃၀၀၀ ကျပ်ခန့် ကျသင့်ကြောင်း မိမိတို့ လုပ်ငန်းရှင်များ ပြန်ရောင်းပါက အသား တစ်ပိသာလျှင် ၃၂၀၀ ကျပ်သာ ရရှိကြောင်း လက်ရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင်များ၏ အခက်အခဲကို ၄င်းက ရှင်းပြသည်။
Ref:The Voice
Friday, August 24, 2012
ကြက်သား ပေါက်ဈေး နှစ်လအတွင်း ငါးဆယ် ရာခိုင်နှုန်းတက်
10:44 PM
စီးပွားရေး