ရန်ကုန်၊ သြဂုတ် ၂၂
ဖားကန့်မြို့နယ် ဟောင်းပါး ကျေးရွာတွင် စွန့်ပစ် မြေစာများ
ရွှေမျောတိုက်နေသူ လက်လုပ်လက်စား နှစ်ဦးကို ကုမ္ပဏီပိုင် နယ်မြေအတွင်း
ဝင်ရောက်ကျူးကျော် လုပ်ကိုင်သည့် စွပ်စွဲချက်ဖြင့် အောင်ပြည့်ဖြိုး
ကျောက်မျက် တူးဖော်ရေးက ဖမ်းဆီးသွားသည့် ကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန်ကို
အဖမ်းခံရသူများဘက်မှ ကူညီ လုပ်ဆောင် ပေးနေသူ ကိုမျိုးဝင်းက ရန်ကုန်
အခြေစိုက် သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်း မည်ဖြစ်ကြောင်း ၄င်းက
The Voice Weekly သို့ ပြောကြားသည်။
ယင်းရှင်းလင်းပွဲကို အမှတ် ၂၅၊ သီတာလမ်း စမ်းချောင်း မြို့နယ် ၌
သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ကိုမျိုးဝင်းက ဆိုသည်။
Ref:The Voice