ပုသိမ်မြို့တွင်ဖြစ်ပေါ်ခဲ့သော
ရေဖုံးလွှမ်းမှုများကြောင့် ရက်သတ္တပတ်ခန့်တစ်မြို့လုံးရှိကျောင်းများ
အားလုံးကိုပိတ်ထားခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ရေပြန်ကျလာသောကြောင့်
ကျောင်းအချို့ပြန်လည် ဖွင့်လာပြီဖြစ်သော်လည်း သြဂုတ်လ(၂၃)၇က်နေ့အထိ
မဖွင့်ရသေးသောမူလတန်းကျောင်း အများစု ရှိနေသေး သည်ဟု ပုသိမ်မြို့ခံတို့ကဆိုသည်။
''ရေပြန်ကျသွားတဲ့နေရာတွေက
အလယ်တန်းနဲ့အထက်တန်းကျောင်းတွေပြန်ဖွင့်နိုင်တာပါ၊ ဒါပေမဲ့ ကလေးတွေ
သွားရေးလာရေး ခက်မှာ စိုးလို့မူလတန်းကျောင်းအများစုနဲ့ ရေဆက်ကြီးနေသေးတဲ့
ရပ်ကွက်တွေနဲ့နီးတဲ့ အလယ်တန်းကျောင်းတွေကိုလည်း ငါးတန်းကနေ ရှစ်တန်းအထိပဲ
ကျောင်းပြန် ဖွင့်ထားတာပါ''ဟု မြို့နယ်ပညာရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သို့သော်ကျောင်းပြန်ဖွင့်စဖြစ်နေသည့်အတွက် ကျောင်းသို့မလာရောက်နိုင်သေးသောကျောင်းသား အများပြားရှိနေသေးသည်ဟု ဆရာဆရာမများက ဆိုသည်။
“ကျောင်းကအခုမှပြန်ဖွင့်စဆိုတော့ကျောင်းသားအများစုကပြန်မတက်ကြသေးဘူး
သွားရေးလာရေး ခက်ခဲတဲ့သူရယ် ကယ်ဆယ်ရေး စခန်းတွေရောက်နေကြတဲ့သူတွေရယ်
မလာကြသေးတာကများတယ် အချို့ကတော့ သာမာန်ကျောင်းပျက်တာပါ”ဟု ပုသိမ်အ.ထ. က(၅)မှ ဆရာမတစ်ဦးကပြောသည်။
ယခုရက်ပိုင်းအတွင်း
ရေကျရက်ဖြစ်နေခြင်း ပုသိမ်မြို့တွင် မိုးရွာသွန်းခြင်းများ
နည်းပါးလာခြင်းကြောင့် ရေဖုံးလွှမ်းခံရပ်ကွက် တစ်ချို့မှာ
ရေနှစ်ပေခန့်ပြန်လည်ကျဆင်းသွားခဲ့ပြီး ကျောင်းများကို ယခုကဲ့သို့
ပြန်လည်ဖွင့်လိုက်ခြင်းဖြစ်သော်လည်း အချို့ကျောင်းများမှာ ပိတ်ထားရသည်မှာ
လ၀က်ခန့်ရှိနေပြီ ဖြစ်သော်လည်း ယခုထိပြန်လည်မဖွင့်နိုင်သေးပေ။
“သမီးတို့ကျောင်းးပိတ်ထားရတာ
၆ရက်နေ့ကတည်းက ကျောင်းကိုလည်း အမြန်ပြန်တက်ချင်တယ်၊ ရေတွေကလဲကျန်သေးတော့
ကျောင်းပြန်ဖွင့်ရင်လှေနဲ့ပဲသွားရမှာ” ဟု ကျောင်းတွင်ကယ်ဆယ်ရေး စခန်း ဖွင့်ထားသဖြင့် ကျောင်းပိတ်ထားရသော အ လ က(၃)မှ (၈)တန်းကျောင်းသူတစ်ဦးက ပြောသည်။
ပုသိမ်မြို့တွင်
အထက်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်းနှင့် မူလတန်း
ကျောင်း (၅၀)ကျော်ရှိသည့်အနက် ရေဖုံးလွှမ်းမှုများကြောင့်
ကျောင်းများအားလုံးပိတ်ထားခဲ့ရခြင်း သည်။
ပုသိမ်နည်းတူ
ငါးသိုင်းချောင်းရေကြည် ကန်ကြီးဒေါင့်၊ သာပေါင်း
စသောမြို့များမှကျောင်းအချို့လည်း ရေကျသွားမှုကြောင့်
ပြန်လည်ဖွင့်လှစ်နိုင်ပြီဟု ဒေသခံတို့မှတစ်ဆင့်သိရသည်။
Ref: မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
Ref: မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)