မရမ်းကုန်းမြို့နယ် တိုက်ပြိုကျမှုဖြစ်ပွားရာ ရပ်ကွက်အနီးတွင် ၁၉ နှစ်အရွယ်
အမျိုးသမီးတစ်ဦး အသတ် ခံရမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ အသတ်ခံရသူမှာ
မပိုးပိုးမွန် ဖြစ်ပြီး ၀မ်းဗိုက် လည်ပင်းနှင့်ပေါင်တို့တွင် ထိုးသွင်း
ဒဏ်ရာ များဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားခဲ့သည့်နေရာမှာ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် မိသားစုလမ်း အိမ်အမှတ် ၂၅ဘီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
နယ်မြေခံရဲတပ်ဖွဲ့အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး ဒုစရိုက်
နှိမ်နင်းရေးအဖွဲ့မှ တရားခံကိုဖမ်းမိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း
သိရသည်။
" ကလေးမလေးက ဒီနေ့ မနက် ၉ နာရီခွဲလောက်က အိမ်ကို
တစ်ယေက်တည်း စက်ဘီးစီးပြီးတော့ပြန်လာ တာပါ။ နောက်၄၅မိနစ်လောက်ကြာတော့
သူရဲ့အမေ၊အဖေတွေ ပြန်လာပြီး သူတို့သမီးလေး ဒီလိုဖြစ်တာ ကိုတွေ့ရတာပါ " ဟု
ယင်းပတ်ဝန်းကျင် အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ရန်ကုန်တိုင်း(မ်)
ဂျာနယ် သို့ ပြောကြား သည်။
သေဆုံးသူ စီးနင်းလာသော စက်ဘီး ၊
ဆွဲကြိုး နှင့် နားကပ် တစ်ဖက်မှာမူ ပျောက်ဆုံးလျက်ရှိကြောင်း သေဆုံးသူ၏
အဒေါ်ဖြစ်သူက ပြောသည်။ အခင်းဖြစ်ပွားချိန်တွင်
မိုးသည်းထန်စွာရွာသွန်းနေသဖြင့်
(သတင်း:Yangon Media Group)
Thursday, June 28, 2012
မရမ်းကုန်း တိုက်ပြိုသည့် နေရာအနီး လူသတ်မှုဖြစ်ပွား
6:39 PM