Friday, June 29, 2012

နိုင်ငံတော်၏အမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရန်

နိုင်ငံတော်၏အမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ရက်စွဲဖြင့် အသိပေးအကြောင်းကြားလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဇွန် ၁ ရက်နေ့စွဲဖြင့် အလားတူ အကြောင်းကြားစာကို NLD သို့ အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်သော်လည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က ဥရောပခရီးစဉ်အတွင်း မိန့်ခွန်းများပြောကြားရာ၌ မြန်မာနိုင်ငံကို Burma ဟုသာ သုံးနှုန်းပြောဆိုနေကြောင်း မီဒီယာများမှတစ်ဆင့် ကြားသိရကြောင်းနှင့် ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံ အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ NLD ပါတီထံသို့ အသိပေးအကြောင်းကြားစာ အပြည့်အစုံကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။











Ref:Planet Myanmar Network