လူငယ်များ ဆေးသောက်မှားခြင်း
----ကင်ဆာဝေဒနာရှင်များ အကိုက်အခဲပျောက်ရန် သောက်သောဆေးကို လူငယ်များက ဖျတ်လတ်တက်ကြွ စည်းစိမ်ခံရန် သောက်သုံးကြသောအခါ...
ရေးသားသူ-မိုးညို(7Days News Journal)
နေ၀င်ချိန် ဖျာပုံမြစ်ကမ်းဘေး ကျိုက်လတ်မြို့ ကမ်းနဖူးပေါ်မှ ဂ၀ံမြေပေါ်တွင်
သစ်သားထိုင်ခုံပုလေးများဖြင့် အစီအရီခင်းထားသည့် လက်ဖက်ရည်ဆိုင်လေးအတွင်း
လူစည်းကားစပြုလာသည်။
ယင်းဆိုင်အတွင်း အသက် ၂၀ ၀န်းကျင်အရွယ်ရှိ လူငယ်လေးယောက်အနက် တီရှပ်အမည်းရောင်ဝတ်ဆင်ထားသည့်
လူငယ်တစ်ဦးက ကော်ပြားအပြာထဲမှ ဆေးလုံးအဖြူဆယ်လုံးခန့်ကို မကြာသေးမီကမှ
ငှဲ့ထားသည့် အကြမ်းပန်းကန်လုံးမှ ရေနွေးကြမ်းနှင့်အတူ
ဟန်ပါပါမော့သောက်လိုက်သည်။ ယင်းလူငယ်နည်းတူ ကျန်လူငယ်သုံးဦးလည်း
မရှေးမနှောင်းပင် ယင်းပုံစံအတိုင်း လိုက်လံဆောင်ရွက်နေကြပြီး
ရောက်တတ်ရာရာစကားတို့ဖြင့် တီးတိုးစွာဖောင်ဖွဲ့လျက်ရှိသည်။
အထက်ပါလူငယ်တို့ သောက်သုံးနေသည့် အဖြူရောင်ဆေးလုံးများမှာ
ထမရောဆေးပြားဖြစ်သည်။ ဆေးဆိုင်တွင် ၀ယ်ယူလျှင်ပင် ဆရာဝန်၏
အထောက်အထားခိုင်လုံမှသာ ၀ယ်ယူနိုင်သော ဆေးများဖြစ်သော်လည်း
ကျိုက်လတ်ကဲ့သို့ မြို့နယ်များတွင်တော့ လမ်းဘေးကွမ်းယာဆိုင်မှာပင် အလွယ်တကူ
ဝယ်ယူရရှိနိုင်ပြီလည်းဖြစ်သည်။ “တကယ်တော့ ဒီထမရောဆေးက တရုတ်ဘက် က
ဝင်တာများတယ်။ ကင်ဆာရောဂါသမားတွေ သုံးတဲ့ဆေးပါ။ ဘာရောဂါမှမရှိတဲ့သူ
သောက်မယ်ဆိုရင်တော့ ကျောက်ကပ်ပျက်စီးနိုင်တယ်”ဟု ကျိုက်လတ်မြို့မှ
ဆရာဝန်တစ်ဦးကပြောသည်။
သုံးစွဲသူများက တက်ကြွလန်းဆန်းနေစေရန် ဇိမ်နှင့်မှေးနေလိုသူများအတွက်လ
ယင်းထမရောဆေးပြားများမှာ အဆိုပါမြို့နယ်များတွင်ရှိသော
စီးပွားရေးသမားများအတွက် ကုန်စည်အမယ်သစ်အဖြစ် စတင်စမ်းသပ်ရောင်းချကြရာမှ
ကျိုက်လတ်နှင့် ဖျာပုံမြို့တို့တွင် ယခုသုံးလေးလအတွင်း
ပေါ်ပင်စီးပွားရေးတစ်ခုအဖြစ် ထင်ပေါ်လာခဲ့သည်။
ပထမဆုံး
ဈေးကွက်အဖြစ် အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ်ရှိ ကျောင်းသားလူငယ်တို့ထံ
ဦးတည်လာခဲ့ပြီး ယင်းမြို့များတွင် မြို့ခံလူငယ်တို့အတွက်
ဖက်ရှင်ဆေးဝါးတစ်မျိုးလားဟုပင် ပြောစမှတ်ပြုလာခဲ့ကြောင်း ဖျာပုံမြို့မှ
ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက
ယင်းထမရောဆေး၏ အကျိုးသက်ရောက်မှုမှာ ကျိုက်လတ်မြို့မှ လူငယ်အချို့ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီ
“ထမရောဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောလို့မရဘူး။ ဒီဆေးက
မူးယစ်ဆေးဝါးအနွယ်ထဲမှာ အမျိုးအစားဝင်မ၀င်ဆိုတာ မသိပါဘူး။
ထမရောသုံးပြီးလာတဲ့ လူနာလို့ဆိုပြီး ဆေးရုံအနေနဲ့ ပြောခွင့်မရှိပါဘူး။
တရားရုံးကနေ လွှဲပေးတဲ့လူနာတွေရှိသလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကုသတဲ့
လူနာတွေလည်းရှိတယ်။ သူတို့က ဘာကြောင့် လာရောက်ကုသရပါတယ်ဆိုတာကို
ပြောခွင့်မရှိပါဘူး”ဟု ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှ ဆေးရုံအုပ်ကြီး
ဒေါက်တာကျော်စိုးက ပြောသည်။
အဆိုပါ ထမရောဆေးကို
မူးယစ်ဆေးဝါးစာရင်းတွင် ထည့်သွင်းထားခြင်း မရှိသော်လည်း ယခင်နှစ်များက
ဆေးကြောင့် အသက်ဆုံးရှုံးဖူးသည့်ဖြစ်စဉ်မျို
ကျိုက်လတ်၊ ဖျာပုံအပါအ၀င်
မြစ်ဝကျွန်းပေါ်ရှိ မြို့အချို့၌ အဆိုပါဆေးကို
လွယ်ကူစွာဝယ်ယူနိုင်နေသော်လည်း သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှု
ပြုလုပ်သည်ကိုမူ ဇူလိုင်လဆန်းအထိ မရှိသေးပေ။
“ရဲက စီမံချက်အနေနဲ့
ဆောင်ရွက်နေတယ်လို့ ပြောတယ်။ လောလောဆယ် ရှေ့ပိုင်းကာလတွေကတည်းက
လက်ရဖမ်းဆီးမှုတွေ မပြုလုပ်နိုင်သေးတော့ အခုလိုပျံ့နှံ့မှု
အားကောင်းလာခဲ့တာပေါ့”ဟု ကျိုက်လတ်မြို့မှ ဒေသခံတစ်ဦးကဆိုသည်။
“လစဉ် ဆေးရုံက၀န်ထမ်းတွေရယ်၊ စည်ပင်ရယ်၊ ရဲရယ် ပူးပေါင်းပြီးတော့
ဆေးဆိုင်တွေကို တစ်လတစ်ခါ စစ်ဆေးဆောင်ရွက်မှုတွေကို ပုံမှန်ပြုလုပ်နေပါတယ်။
သတင်းရလို့ စောင့်ကြည့်တာမျိုးတွေလည်း ရှိတယ်။ ထမရောဆိုတဲ့ ဆေးကိုတော့
လောလောဆယ်မှာ ဖမ်းဆီးရရှိမှုတော့ မရှိသေးပါဘူး”ဟု
ကျိုက်လတ်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းထမရောဆေး၏ ပျံ့နှံ့မှုက လူကြီးလူငယ် ကျားမမရွေး အရွယ်စုံအကြိုက်
တွေ့နေဆဲပင်ဖြစ်ပြီး လန်းဆန်းတက်ကြွမှု အမြင့်ဆုံးအနေအထားအဖြစ်
စွမ်းဆောင်ရည် မြင့်မားလာဆဲပင်ဖြစ်သည်။ “ညဘက်စာကျက်ရရင်
ဒီဆေးသောက်ထားလို့ကတော့ မအိပ်ချင်ဘူး။ လန်းနေတာပဲ။ ဆေးကသုံးနေရင်
ဘာမှမဖြစ်ဘူး။ ဖြတ်လိုက်မှ သိသာလာတာ။ စာကျက်လို့ ကောင်းတယ်ဆိုပြီး
ကျောင်းသားတွေအတွက် အကြောင်းပြချက်တစ်ခုပဲပေါ့”ဟု ကျိုက်လတ်ဒေသခံတစ်ဦးက ဆေး၏အာနိသင်ကို ပြောပြသည်။
အဆိုးနှင့်အကောင်း အကျိုးနှင့်အပြစ် ဒွန်တွဲနေသော ထမရောဆေးပြားမှာ
ဆေးတစ်ကတ်လျှင် ၁၀ လုံးပါဝင်ပြီး ငွေ ၁၅၀၀ ကျပ်နှင့် လွယ်လင့်တကူ
ဝယ်ယူရရှိနိုင်မှုတို့ကြောင့် ကျိုက်လတ်နှင့် ဖျာပုံမြို့တို့တွင်
ပျံ့နှံ့မှုအားကောင်းဆဲပင်ဖြစ်သည
ဖျာပုံမြစ်ကမ်းနဘေး ကျိုက်လတ်မြို့ ကမ်းနားလမ်းမှ နေလုံးကြီးက လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သ
Wednesday, July 11, 2012
လူငယ်များ ဆေးသောက်မှားခြင်း ----ကင်ဆာဝေဒနာရှင်များ အကိုက်အခဲပျောက်ရန် သောက်သောဆေးကို လူငယ်များက ဖျတ်လတ်တက်ကြွ စည်းစိမ်ခံရန် သောက်သုံးကြသောအခါ... ရေးသားသူ-မိုးညို
12:39 PM
ဆောင်းပါးနှင့်အထွေထွေ