မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံ လယ်သမားများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားနိုင်မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၏ ပြောကြားချက်အရ သိရှိရသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၏ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားချက်အရ မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံ လယ်သမားများအား ဥပဒေနှင့်အ ညီလုပ်ကိုင်ခွင့်ပြုရန် နယ်မြေအလိုက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့များက လိုအပ်ချက်နှင့်အညီ စီမံခန့်ခွဲပေးအပ် ရမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
''မြန်မာနိုင်ငံရဲ့ မြေလွတ်မြေရိုင်းတွေရဲ့ အနေအထားက စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေပါပြီ။ လက်ရှိမှာ တကယ်ကျန်နေတဲ့ မြေလွတ်မြေရိုင်း ဧက ၁၄သန်းကို လုပ်ငန်းရှင်ကြီးတွေကပဲ လူမသိ၊ သူမသိ သိမ်းယူသွားပြီး လူတစ်စုကပဲ လက်ဝါးကြီးအုပ်သွားမဲ့ အခြေအနေကို ကာကွယ်ဖို့ လိုပါမယ်။ မြေလွတ်မြေရိုင်းတွေကို လယ်ယာမြေအဖြစ် ဒေသခံလယ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်ခွင့်ပြုသွားမယ်ဆိုရင်
လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် မြေယာဖော်ထုတ်လုပ်ကိုင်ရန် မြန်မာတစ်နိုင်ငံလုံးတွင် မြေဧက ၁၉၄၃၉၈၃ကို ကုမ္ပဏီနှင့်အဖွဲ့အစည်း ၂၁၄ ခုသို့ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ်၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရှိရသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း ထုတ်ပြန်ထားသော ကိန်းဂဏာန်းများအရ ပလပ်မြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက စုစုပေါင်း ၁၄သန်းခန့်ရှိကြောင်း သိရှိရသည်။
ပလပ်မြေ၊မြေလွတ်၊မြေလပ်၊ မြေရိုင်းကဲ့သို့ စိုက်ပျိုးနိုင်သောမြေများကို ပုဂ္ဂလိကလုပ်ငန်းရှင် ၆၃၈၇ ဦးကို ၃ ဒသမ ၈၉သန်းလုပ်ကိုင် ခွင့်ပေးထားခဲ့ရာ စိုက်ပျိုးထားသည့် ဧကမှာ ၀ ဒသမ ၉၇ သန်း စိုက်ပျိုးပြီးဖြစ်သည့် အတွက် ၂၆ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် နိုဝင်ဘာ ၂၉ရက်က ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် လယ်/ဆည် ဒုတိယ၀န်ကြီး ဦးအုန်းသန်းမှ ပြောကြားခဲ့ကြောင်း ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုး လုပ်ကိုင်နိုင်သော ဧကများမှာ သစ်တောဦးစီးဋ္ဌာန၏ ထိန်းချုပ်မှုပြင်ပတွင် သစ်တောဧက ၁၇သန်း၊ သစ်တောဦးစီး ထိန်းချုပ်မှုအောက်တွင် ၁၃သန်း၊ ပြည်သူပိုင် သစ်တောဧက ၂၈သန်း၊ မြေလွတ် မြေရိုင်းဧက ၁၄သန်းရှိကြောင်း Eco- Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSW