Friday, June 15, 2012

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လက်ခံရယူသည် အခမ်းအနားအား အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုရန်

၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းနိုဘယ်လ်ဆု (1991 Nobel Peace Prize) ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ဆု ရွေးချယ်ပေးအပ်သည့် အဖွဲ့က ဇွန်လ ၁၆ ရက်တွင် ချီးမြှင့်ပေးအပ်မည် ဖြစ်သည်။
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပမည့် အဆိုပါအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်၍ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လက်ခံရယူမည်ဖြစ်ရာ အခမ်းအနား ကျင်းပမှုအစီအစဉ်အား Nobelprize.org က ၎င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာမှတစ်ဆင့် မြန်မာစံတော်ချိန် ညနေ ၅း၃၀ (နော်ဝေစံတော်ချိန် မွန်းလွဲ ၁း၀၀) တွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လက်ခံရယူသည် အခမ်းအနားအား အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုရန် http://www.nobelprize.org/