တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့ မှာတော့ Samsung က အနိုင်ရပါတယ်။ Apple မှ Samsung မှ Wireless နည်းပညာ မူပိုင်၂ ခု ကူးချတယ်လို့ အတည်ပြုပြီး မူပိုင်ခွင့် တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၃၅၂၉၈ စီပေးရပါမယ်။ မပြီးသေးပါဘူး။ Apple ရဲ့ ဆက်စပ်ပစ္စည်းများ ဖြစ်တဲ့ စမတ်ဖုန်း၊ ကျောက်သင်ပုန်း ကွန်ပျူတာ ရောင်းချခွင့်များကို တားမြစ်လိုက်ပါတယ်။
သို့ပေမယ့် အနှစ်ချုပ်ကြည့်လိုက်တဲ့အခါ Samsung မှ ရှုံးသယောင် ရှိသွားပါတယ်။ ငွေကြေးအားဖြင့် ဒဏ်ငွေ ဆောင်ရမှုကလည်း အမေရိကန်ဒေါ်လာ ၁ ဘီလျံဖြစ်တဲ့အတွက် ဆိုးလ်တရားရုံး ကဒဏ်ငွေ ထက် အဆပေါင်းများစွာ များပြားနေပါတယ်။ ဒါတောင် Apple က အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံတောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါတင်မလုံလောက်သေးပါဘူး။ အမေရိကန်မှာ Samsung ရောင်းချခွင့် ကိုတောင် ပိတ်ခိုင်းလိုက်ပါ သေးတယ်။ သို့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒဏ်ငွေ ဆောင်ရုံနဲ့ ပြီးဆုံးသွားပါတယ်။ သို့ပေမယ့် နည်းပညာ မူပိုင်ခွင့် ကူးချပါတယ်ဆိုတဲ့ အမည်းစက်ကြီးကတော့ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။ သို့ပေမယ့် Samsung Galaxy SIII ရဲ့ အောင်မြင်မှုက ယင်းအမည်းစက်ကို ဖုန်းလွမ်းနိုင်မယ် လို့ မျော်လင့်နေကြ ဆဲ ဖြစ် ပါတယ်။
အမေရိကန်တရားရုံးမှာ Samsung က ပြန်လည် တရားစွဲဆိုထားတဲ့ ဒီဇိုင်းကိစ္စကတော့ အရှုံးနဲ့ အဆုံးသတ် သွားပါတယ်။ iPad, iPhone ဒီဇိုင်းများဟာ Samsung နဲ့ ဘာမှမပက်သက်ဘူးလို့ ဆုံးဖြတ်ပေးခဲ့ လို့ ဖြစ်ပါတယ်။
ဆိုးလ်မြို့ ကတရားရုံးမှာလည်း ကိုရီးယားကိုယ်စားလှယ် Apple ဟာ Samsung က ဒီဇိုင်းလိုက်တုပါတယ် လို့ ဆိုနေပြန်ပါသေးတယ်။ ဒီမှာတော့ Apple ကရှုံးနိမ့်သွားပါတယ်။ Wireless နည်းပညာ ကူးချမှု နှစ်ခုကို စစ်ဆေး တွေ့ရှိလို့ အမေရိကန်ဒေါ်လာ ၈သောင်းနီးနီး ဆောင်ရုံနဲ့တင် အဆုံးသတ်သွားပါတယ်။
အိမ်ကွင်း၊ အဝေးကွင်းကွာခြားမှုကြောင့်လားလ
သို့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မလွန်ဆန်နိုင်ပါ ဘူး။ ရှေ့ဆက်ဖြစ်လာနိုင်တာကတော့ အမေရိကန်မှာ Samsung ရောင်း အားကျပြီး တောင်ကိုရီးယားမှာ Apple ရောင်းချခွင့် မသေချာတော့ပါဘူး။ သို့ပေမယ့် ဒါဟာလည်း အချိန်ကာလတစ်ခုတည်း သာ ဖြစ်ပါ တယ်။ နောက်ထပ် ၁၀ စုနှစ် တစ်ခုကြာတဲ့ အခါ ဒီ Titan နှစ်ခု ဒီတရားရုံးတွေမှာ ပြန်လည် မတွေ့ဆုံနိုင်ဘူးလို့ မည်သူမှ မပြောနိုင်ပါ။
ယမန်နှစ် ဧပြီလက စတင်တဲ့ မူပိုင်ခွင့် တိုက်ပွဲမှာတာ့ Samsung က ရှုံးသွားပါတယ်လို့ ရင်နာနာနဲ့ လက်ခဲ့တဲ့ Samsung ခရေဇီများ ရှိလာပါတယ်။ Samsung ပိုင်ရှင် စီအီးအိုကိုယ်တိုင်လည်း ကျဆင်းသွားတဲ့ ကုမ္မဏီရဲ့  ဂုဏ်သိက္ခာ အတွက် စိတ် မကောင်းဘူးလို့ အင်တာဗျူးတစ်ခုခုမှာ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါ
------
Ref:news.cn/ bbc/cnnews.
From :Aung Kham(TechSpace)