Saturday, August 25, 2012

နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးများတွင် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိ၊ အနာဂတ်ပို့ဆောင်ရေး အစီအမံများချမှတ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည်


ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကုန်းလမ်းအခြေခံ အဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာ ရေးဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ အသုံးချရေး အလုပ်ရုံ ဆွေးနွေးပွဲ (Transport Technology Seminar) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ဒေသတွင်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းနှင့် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေး၊ ဘေးကင်းလုံခြုံရေး၊ ပတ်ဝန်းကျင်ရေးရာနှင့် အခြေခံ အဆောက် အအုံဟူ၍ မူဝါဒပိုင်းဆိုင်ရာပင်မ မဏ္ဍိုင်ကြီး(၄)ရပ်အား အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ အတူတကွ လက်တွဲပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံအနေဖြင့် လိုအပ်သည့် နည်းပညာအကူ အညီများအား အာဆီယံနိုင်ငံများသို့ ပံ့ပိုးကူညီပေးလျက် ရှိသည်။ ဤသို့ ကူညီပေးရာတွင် CLMV များ၏ ပို့ဆောင်မှုစွမ်းဆောင်ရည် အဆင့်မြှင့်တင်နိုင်ရေးအတွက် နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သီးခြားပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲတွင် အနာဂတ်ပို့ဆောင်ရေး အစီအမံများ ချမှတ်ပြီး နှစ်နိုင်ငံ ရေရှည် လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကို မျှော်မှန်း၍ ပေါင်းစည်းညီညွတ်သည့် ပို့ဆောင်မှုစနစ် ဖြစ်ထွန်းရေး ဘက်စုံ ပို့ဆောင်မှု လုပ်ငန်းများ အကောင် အထည်ဖော်ရေး၊ ပို့ဆောင်မှုနည်းလမ်းများ အဆင့်မြှင့်တင်ခြင်းဖြင့် ဘေး အန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်နိုင်ရေး၊ ပို့ဆောင်ရေးကဏ္ဍကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

Ref:မြ၀တီ