![]() |
အခင်းဖြစ်ပွားသော နေအိမ် |
![]() |
အသတ်ခံရသူ၏ ရုပ်ကလာပ်ထည့်ထားသော အခေါင်း |
![]() |
အခင်းဖြစ်ပွားသော နေအိမ် |
မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ ယမန်နေ့(၂၃.၈.၂၀၁၂)ည (၁၀)နာရီခွဲဝန်းကျင်က လူယုံဖြစ်သူ တပည့် မောင်တိ(မှတ်ပုံတင်အမည်မသိရသေး) က ကြေးကုန်သည် အလုပ်ရှင် ဦးတင်မောင်မြင့် နှင့် ဇနီး (သားတစ်ဦး)(သမီးတစ်ဦး) တို့နေထိုင်သော မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ် ရှိ နေအိမ်သို့ အလုပ်ချိန် သိမ်းပြီးသော်လည်း အလုပ်ရှင်မိသားစု နေထိုင်သော နေအိမ်(အောက်ထပ်)တွင် ပုန်းအောင်းနေခဲ့သည်။
ထို့နောက် အလုပ်ရှင်ဖြစ်သူ နှင့်ဇနီးတို့က အိမ်အောက်ထပ်တွင် အိပ်ရာဝင်ခဲ့ကြပြီး သားနှင့်သမီးဖြစ်သူတို့က အိမ်အပေါ်ထပ်တွင် အိပ်ရာဝင်ခဲ့ကြသည်။
အလုပ်ရှင်ဖြစ်သူ ဦးတင်မောင်မြင့်က အိမ်အောက်ထပ်ရှိ ကြေးဗုဒ္ဓရုပ်ပွားတော်များ ထားရှိရာ နေရာတွင် အသံတစ်စုံတစ်ရာ ကြားမိသဖြင့် လင်မယားနှစ်ယောက် အခန်းတွင်းမှ ထွက်ကြည့်ရာ လူယုံတပည့်ဖြစ်သူ မောင်ငတိက အသင့်ယူဆောင်လာသော အသားလှီး စတီးဓားဖြင့် အချက်ပေါင်းများစွာ အလုပ်ရှင်ဖြစ်သူ ကို ထိုးသတ်ခဲ့သည်။
အလုပ်ရှင်ဦးတင်မောင်မြင့်၏ ဇနီး ဒေါ်ဌေးဌေးဝင်း အား လူယုံမောင်ငတိက ရန်ပြုတိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။
အလုပ်ရှင် ဦးတင်မောင်မြင့်မှာ ယမန်နေ့ည ၁၀နာရီခွဲ ၀န်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းမှာ ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကာ ယခုအချိန်တွင် ဆေးရုံသို့ တတ်ရောက်ကုသနေရကြောင်းသိရသည်။
သားနှင့်သမီးဖြစ်သူတို့မှာ မည့်သည့် ဒဏ်ရာမှ မရရှိကြောင်းလည်းသိရပါသည်။
တရားခံ အား ညတွင်းချင်း ဖမ်းဆီးရမိပြီး ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက တရားခံကို အခင်းဖြစ်ပွားရာနေအိမ်သို့ ပြစ်မှုကျုးလွန်ပုံ အသေးစိတ်(demonstration) သရုပ်ပြစေခဲ့ကြောင်းသိရသည်။
အသတ်ခံခဲ့ရသူ အလုပ်ရှင် ဦးတင်မောင်မြင့်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို (၂၅.၈.၂၀၁၂) နေ့လည်(၂)နာရီတွင် တောင်အင်း-မြောက်အင်း သုသာန်သို့ ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။
နောက်ဆက်တွဲ ရရှိသော သတင်းများကို ဆက်လက် တင်ပြပေးသွားပါမည်။
![]() |
အသတ်ခံရသူ အလုပ်ရှင်၏ အသုဘရှုဖိတ်ကြားလွှာ |