မြစ်မခမှ ထပ်မံရရှိသော မန္တလေးတိုင်းဒေသကြီး ၊
ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည
(၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှု
နောက်ဆက်တွဲသတင်းများ
၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည ( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်းမြသာစည်မြို့န
သေဆုံးသူမှာ အဆိုပ
ါရပ်ကွက်တွင်နေထိုင်သူ ဦးတင်မောင်မြင့်ဖြစ်ပြီးဇနီးဖြ စ်သူဒေါ်ဌေးဌေးဝင်း
ကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊၀ဲလက်မောင်း
ပျက်ရှဒဏ်ရာတစ်ချက်နှင့် ၀ဲလက်ခလယ်ပျက်ရှဒဏ်ရာတစ်ချက်တို့ ဖြင့် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံနေရ ကြောင်းသိရသည်။
တရားခံဖြစ်သူ ငတိ (ခ)ကျော်မင်းဦးအား သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၃)နာရီထိုးခါနီးတွင် ၎င်း၏အိမ်မှ ဖမ်းမိကြောင်းသိရပြီး အမှုကြီးအမှတ်စဉ် ( ၂/ ၂၀၁၂ ) ပုဒ်မ ( ၃၀၂ )ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပြီး အမှုစစ်မှာစခန်းမှူး ရဲအုပ်သိန်းဦးဖြစ်ကြောင်းကိုလည်း သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံမှာ နေအိမ်အတွင်းသို့ကြိုတင်ရောက်ရှိနေပြီး ဦးတင်အောင်မြင့်နှင့် ဇနီးဖြစ်သူတို့
အိပ်ခန်းအတွင်းမှ အထွက်တွင် လှေခါးအကွယ်တွင် ပုန်းနေရာမှထွက်လာပြီးဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ရဲသုံးသပ်ချက်မှတ်တမ်းအရသိရှိရသ ည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ သေဆုံးသူ ဦးတင်မောင်မြင့်၏အကိုဖြစ်သူဒေါ က်တာဌေးမြင့်ကို
ဆက်သွယ်မေးမြန်းခဲ့ရာ သေဆုံးသူ ဦးတင်မောင်မြင့်၏သမီးဖြစ်သူမှ ၎င်းအား
ဖုန်းဆက် အကြောင်းကြားခဲ့၍ သိရှိခဲ့ကြောင်းပြောပြခဲ့သည်။
'' ကျွန်တော့်ဆီဖုန်းဆက်တော့ ည(၁၁)နာရီရှိနေပြီ ၊ သူတို့က အောက်ထပ်မှာအိပ်တယ် ၊ ကလေးတွေက အပေါ်ထပ်မှာ ၊ သူ့သမီးက ကျွန်တော့်ကို ဖုန်းဆက်ပြီးအောက်မှာ အဖေကြီးကို လုပ်နေလို့ဆိုပြီး ဖုန်းဆက်ခေါ်တာနဲ့ချက်ခြင်းလိုက် လာတာ
ဒီရောက်တော့ ဓါးဒဏ်ရာနဲ့ လဲနေ တာတွေ့လို့ ဆေးရုံတန်းခေါ်သွားတယ် ၊
ဟိုရောက်တော့ ဆုံးသွားတယ် '' ဟု ဒေါက်တာဋ္ဌေးမြင့်က ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေါက်တာဌေးမြင့်မှ ဖြစ်စဉ်အားအတိအကျမသိသေးကြောင်း ၊ ဒေါ်ဌေးဌေးဝင်းမှာလည်း စကားမပြောနိုင်သေး၍ငွေကြေးနှင့် ပစ္စည်းများဆုံးရှုံးမှု ရှိမရှိကို မသိရ သေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။
တရားခံဖြစ်သူ ငတိ(ခ)ကျော်မင်းဦးသည် တမ္မပ၀တီအရပ် ၊ ငွေဇင်ရပ်ကွက်တွင်နေထိုင်သူဖြစ် ပြီး ဘုရားရောင်တော်ဖွင့်လုပ်ငန်းလုပ်ကိုင်သူဖြစ်ကာသေဆုံးသူ
ဦးတင်မောင်မြင့်၏ ကြေးသွန်း ပစ္စည်း များကို ၎င်းအိမ်တွင်ယူ၍အရောင်တင်သော
အလုပ်လုပ်ကိုင်သူဖြစ်ပြီး ဦးတင်မောင်မြင့်၏
တပည့်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မှုခင်းဖြစ်ပွားသည့်အချိန်က မန္တလေးမြို့တွင် မိုးအနည်းငယ်ရွာသွန်းနေချိန်ဖြစ်ကြောင်းသိရပြီး ပတ်ဝန်းကျင်မှ အိမ်များသိရှိချိန်
နောက်ကျခဲ့ကြောင်းကိုလည်း ခတ္တန်းရပ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးကပြောကြားသည်။
`` မနေ့ညက မိုးရွာနေတော့ အကုန်လုံး စောစောအိပ်ကြတာ ၊ အမှန်ဆိုအခင်းဖြစ်တဲ့အိမ်နဲ့ မျက်စောင်းထိုးမှာ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်းကိုကည(၁၂)လောက်မှ ပိတ်တာ ၊ နောက် ဒီအရပ်က အလုပ်က ည တစ်နာရီ လောက်ဆိုပြန်ထပြီး
လုပ်ကြတယ် ၊ လူသွားလူလာတော့ မပြတ်ဘူး ၊ ဖြစ်ပြီးလို့ သူတို့ ထွက်အော်မှပဲသိလိုက်ရတာ ´´ ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။
တရားခံဖြစ်သူ ငတိ (ခ)ကျော်မင်းဦးအား သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၃)နာရီထိုးခါနီးတွင် ၎င်း၏အိမ်မှ ဖမ်းမိကြောင်းသိရပြီး အမှုကြီးအမှတ်စဉ် ( ၂/
ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံမှာ နေအိမ်အတွင်းသို့ကြိုတင်ရောက်ရှ
အိပ်ခန်းအတွင်းမှ အထွက်တွင် လှေခါးအကွယ်တွင် ပုန်းနေရာမှထွက်လာပြီးဓါးဖြင့်ထ
အဆိုပါကိစ္စနှင့်ပတ်သတ်၍ သေဆုံးသူ ဦးတင်မောင်မြင့်၏အကိုဖြစ်သူဒေါ
'' ကျွန်တော့်ဆီဖုန်းဆက်တော့ ည(၁၁)နာရီရှိနေပြီ ၊ သူတို့က အောက်ထပ်မှာအိပ်တယ် ၊ ကလေးတွေက အပေါ်ထပ်မှာ ၊ သူ့သမီးက ကျွန်တော့်ကို ဖုန်းဆက်ပြီးအောက်မှာ အဖေကြီးကို လုပ်နေလို့ဆိုပြီး ဖုန်းဆက်ခေါ်တာနဲ့ချက်ခြင်းလိုက်
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေါက်တာဌေးမြင့်မှ ဖြစ်စဉ်အားအတိအကျမသိသေးကြောင်း ၊ ဒေါ်ဌေးဌေးဝင်းမှာလည်း စကားမပြောနိုင်သေး၍ငွေကြေးနှင့်
တရားခံဖြစ်သူ ငတိ(ခ)ကျော်မင်းဦးသည် တမ္မပ၀တီအရပ် ၊ ငွေဇင်ရပ်ကွက်တွင်နေထိုင်သူဖြစ်
မှုခင်းဖြစ်ပွားသည့်အချိန်က မန္တလေးမြို့တွင် မိုးအနည်းငယ်ရွာသွန်းနေချိန်ဖြစ
နောက်ကျခဲ့ကြောင်းကိုလည်း ခတ္တန်းရပ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးကပြောကြားသည်။
`` မနေ့ညက မိုးရွာနေတော့ အကုန်လုံး စောစောအိပ်ကြတာ ၊ အမှန်ဆိုအခင်းဖြစ်တဲ့အိမ်နဲ့ မျက်စောင်းထိုးမှာ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်းကိုကည(၁၂)လောက်မှ ပိတ်တာ ၊ နောက် ဒီအရပ်က အလုပ်က ည တစ်နာရီ လောက်ဆိုပြန်ထပြီး
လုပ်ကြတယ် ၊ လူသွားလူလာတော့ မပြတ်ဘူး ၊ ဖြစ်ပြီးလို့ သူတို့ ထွက်အော်မှပဲသိလိုက်ရတာ ´´ ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။