Friday, August 24, 2012

မြစ်ရေကြီးမှု အခြေအနေသတင်း



(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၃)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂၂-၈-၂၀၁၂)ရက်နေ့ မွန်းလွဲ(၄း၃၀)နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၀)စင်တီမီတာ (၈-လက်မခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

via-The Voice