အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် ယှဉ်ပြိုင်ရာတွင် အာဆင်နယ် အသင်းသည် စတုတ်ခ်စီးတီး၏ အိမ်ကွင်း ဘရစ်တနီယာတွင် ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည်။
ပြီးခဲ့သည့်ရာသီ ဂိုးသွင်းဘုရင် ရော်ဘင်ဗန်ပါစီကို လက်လွှတ်ထားရသော အာဆင်နယ်သည် အဆုံးသတ် ဂိုးသွင်းယူမှု အပိုင်းတွင် အားနည်းနေဆဲဖြစ်ပြီး (၂)ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်သည် ယခုနွေရာသီတွင် ဝယ်ယူထားသည့် တိုက်စစ် ကစားသမားသစ် (၃)ဦးဖြစ်သော အိုလီဗီရာ ဂီရော့ဒ်၊ လူးကက်စ် ပိုဒေါ့စကီးနှင့် ဆန်တီကာဇိုလာတို့အား ပွဲထွက်စာရင်းတွင် အသုံးပြုခဲ့သော်လည်း စတုတ်ခ်နောက်တန်းကို မကျော်ဖြတ်နိုင်ဘဲ သရေ(၁)မှတ်ဖြင့်သာ တင်းတိမ်ခဲ့ရခြင်းဖြစ်သည်။
* Super Sunday ၏ လီဗာပူးလ်နှင့် မန်စီးတီးတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ယနေ့ည ၉း၃၀ တွင် ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်ကို အောက်ပါလင့်ခ်များမှတစ်ဆင့် အွန်လိုင်းတွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
http://www.livetvstreamin.com/channel1
http://www.livetvstreamin.com/channel10
http://www.livetvstreamin.com/channel11
Ref:Planet Myanmar Network