Thursday, August 23, 2012

ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းနှင့် မြန်မာတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကြီးမှူးကျင်းပရေး အဆိုတို့ကို အတည်ပြု



ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၂)ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ခန်းမ၌ ကျင်းပရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပါအဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၂၁၆ ဦးတို့ တက်ရောက် ကြေသည်။



အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာ ခင်မောင်လေး၏ ''သက်ကြီး ဆရာဝန် များ၏ Passport ရရှိရေးအတွက် လုပ်ဆောင်ချက်များ အဆင့်ဆင့်ကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က နိုင်ငံ့တာဝန်ထမ်း ဆောင်နေသည့် ဆရာဝန် များကို ပြည်ပခွင့်နှင့် ကျန်းမာရေး ဝန်ကြီး ဌာနတွင် ချုပ်ဆိုခဲ့သည့် ခံဝန်ချုပ်များ တင်ပြ၍ လည်းကောင်း၊ ပြင်ပဆရာဝန်များ အနေနှင့် နိုင်ငံတော်မှ ကုန်ကျခဲ့သည့် ပညာသင် စရိတ်များကို ပေးလျော်ပြီးကြောင်း ပညာရေး ကင်းရှင်းချက် တင်ပြ၍ လည်းကောင်း၊ ပညာသင် စရိတ်များကို ပေးဆောင် ခြင်းမပြုသည့် ဆရာဝန်များ အနေနှင့် ပညာရေး ခံဝန်ချုပ် တင်ပြ၍ လည်းကောင်း၊ မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားခြင်း လက်ရှိ လုပ်ထုံးလုပ်နည်း အဖြစ် ကျင့်သုံးဆောင်ရွက် လျက်ရှိကြောင်း။



အစိုးရဝန်ထမ်း မဟုတ်သော ဆရာဝန်များအား ပညာရေး ကင်းရှင်းချက် တောင်းခံခြင်း၊ ပညာသင်စရိတ် လျော်ကြေး ပေးဆောင်ခြင်းမပြုဘဲ ပညာရေး ခံဝန်ချုပ်နှင့် ပြည်ပမှပြန် လည် ရောက်ရှိပါ က နိုင်ငံကူး လက်မှတ် များကို စနစ်တကျ သိမ်းဆည်း ထားရှိပြီး နောက်တစ်ဖန်ပြန် လည်လျှောက် ထားစေခြင်း ကိစ္စများသည် လက်ရှိ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါ သဖြင့် လတ်တလော ဖြေလျှော့ပေးရန် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ပြန်လည်ရှင်း လင်း ဖြေကြား သည်။



ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ် (၂) ဦး၏ ပို့ဆောင်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြန်လည် ဖြေကြားသည်။



ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂) မှ ဦးဂျေယောဝူ၏ ''နိုင်ငံတော်မှ စေတနာဖြင့် အကုန်အကျခံကာ စားနပ်ရိက္ခာ ဆန်အိတ်များအား မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ လေယာဉ်ချာတာ (YX) ဖြင့် သယ်ဆောင် ပေးရန် အစီအစဉ်ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာ့လေကြောင်း အနေဖြင့် ကချင်ပြည် နယ် အစိုးရအဖွဲ့၏ လိုအပ်ချက်အရ မြစ်ကြီးနား-ပူတာအို စင်းလုံးငှား ခရီးစဉ်များအား စီစဉ်ဆောင်ရွက် လျက် ရှိပါကြောင်းနှင့် နောင်တွင်လည်း စင်းလုံးငှား ခရီးစဉ်များအား ဦးစားပေး ဆောင်ရွက်ပေးရန် စီစဉ်ထားရှိ ပါကြောင်း ဖြင့်ဖြေ ကြားသည်။



တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးတင်ရှန်၏''ပို့ဆောင်ရေး ဝန်ကြီးဌာန သို့မဟုတ် ကုမ္ပဏီ၊ အဖွဲ့အစည်း တစ်ခုခုက ရန်ကုန်မြို့မှ မြိတ်မြို့သို့ အသွားအပြန်အမြန် လူစီးရေယာဉ် ပြေးဆွဲပေး ရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ အနာဂတ်ကာလတွင် ခရီးသည်ပို့ဆောင်မည့် အမြန်ရေ ယာဉ်များအား မြစ်တွင်းသွား ပို့ဆောင်ရေး အတွက် စီစဉ်ဆောင်ရွက် သွားရန်ရှိပါကြောင်း၊ ရန်ကုန်မြို့မှ မြိတ်မြို့သို့ အသွား အပြန် အမြန်လူစီးရေယာဉ် ပြေးဆွဲခွင့်ပြုရန် အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) ပုဂ္ဂလိက ကုမ္ပဏီတစ်ခုခုက တင်ပြလျှောက် ထားပါက လုပ်ငန်းဆောင်ရွက်ခွင့် ပြုသွား မည် ဖြစ်ကြောင်းနှ င့် ပြည် တွင်းရေကြောင်း ပို့ဆောင် ရေးမှဆောင်ရွက်ရန် အစီအစဉ်မရှိသေး ပါကြောင်းဖြင့် ဖြေကြားသည်။


ထို့နောက် လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြန်လည် ဖြေကြားသည်။



မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်ငြိမ်း၏ ''အိမ်သုံးမီတာ တပ်ဆင်၍ လျှပ်စစ်မီး သုံးစွဲရာ တွင် အပိုယူနစ် ပေးဆောင်နေရခြင်း ကိစ္စ''နှင့် စပ်လျဉ်း၍ ရေနံချောင်း မြို့နယ် သုံးဆယ်ခြောက် ကျေးရွာ အုပ်စု၏ စုစုပေါင်းကွာခြား ယူနစ်သည် (၄ဝ)ရာခိုင်နှုန်း အထက်တွင်ရှိပြီး ဌာနက ကျခံပေးသော (၁ဝ)ရာခိုင်နှုန်း ထက်ကျော်လွန်နေသဖြင့် ပျောက်ဆုံးယူနစ် များအတွက် အပိုဆောင်း ယူနစ်များအဖြစ် ကျေးရွာက ကျခံပေးရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ ဝန်ထမ်းအင်အားအရ ကျေးရွာများအလိုက် လျှပ်စစ် ဝန်ထမ်းများ ထားရှိပြီး စံချိန်မမီသော မြို့များမှ ထရန်စဖော်မာများကို လဲလှယ်သွားမည် ဆိုပါက ဆက်လက် ကောက်ခံရန် လိုတော့မည် မဟုတ်ပါကြောင်းဖြင့် ဖြေကြားသည်။



စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးသိန်းလှိုင်၏ ''ကလေးဝမြို့အတွက် (500) KVA မီးစက်တစ်လုံး ချထားပေးရန်နှင့် ကလေးမြို့သို့ ရောက်မည့် မဟာဓာတ်အား လိုင်းကို ကလေးဝမြို့သို့ ဆက်လက်သွယ်တန်း ပေးရန် အစီအစဉ်ရှိ၊ မရှိ''မေးခွန်းနှင့် စပ်လျဉ်း၍ ကလေးဝမြို့သည် ယခင်က (၈၆ဝ) ကေဗွ်ီအေ စကိုဒါမီးစက်ဖြင့် မီးသုံးသူ(၉၆၂)ဦးအတွက် ဌာန စက်သုံးဆီဖြင့် ဓာတ်အားဖြန့်ဖြူး ပေးရာတွင် ယခင်က တစ်ရက်လျှင် တစ်နာရီခွဲခန့်သာ ဓာတ်အားပေး နိုင်ခဲ့ပြီး ယခု(၅ဝဝ)ကေဗွီအေမီးစက်အသစ်ဖြင့်တစ်ရက်လျှင် နှစ်နာရီဓာတ်အား ပေးနိုင်ပြီဖြစ်ပါ ကြောင်းနှင့် နောက်


ထပ် (၅ဝဝ) ကေဗွီအေ မီးစက်တစ်လုံး ထပ်မံ ချပေးရန် အစီ အစဉ်မရှိ သေးပါကြောင်း။



(၂၃ဝ)ကေဗွီ ညောင်ပင်ကြီး- ကလေးမဟာ ဓာတ်အားလိုင်း၊ ဂန့်ဂေါ-ကလေးဝ မဟာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းကို၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ရေးနှစ်တွင် စတင်တည်ဆောက်ရန် လျာထားပါကြောင်းနှင့် (၆၆)ကေဗွီ ကလေး-ကလေးဝ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း စီမံကိန်း လုပ်ငန်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်းဖြင့် ဖြေကြားသည်။



ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးမြညိမ်းက ငွေချေး သက်သေခံလက်မှတ် များလဲလှယ် ရောင်းဝယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်း လင်းသည်။



ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးရဲမြင့်က သီးခြားတင်ပြရန် မရှိပါကြောင်း တင်ပြရာ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်က အတည် ပြုသည်။



၎င်းနောက် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးစိုးမြင့်က ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံသည်။ ယင်းဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ် သည်။